Thursday, July 29, 2021

အမေရိကန်နိုင်ငံသား ချင်းတိုင်းရင်းသားကြီး ဒေါက်တာ ဆလိုင်းငွန်ကျူံးလျှန်က အမျိူးယုတ်တွေကိုဖဲ့ပြီ


     မြန်မာနိုင်ငံကို နိုင်ငံတကာတကာတရားရုံးတွေမှာ
ဘာအကြောင်းအရာကြောင့်ဖြစ်ဖြစ်၊ ဘာနိုင်ငံတကာ
ဥပဒေချိုးဖောက်လို့ပဲဖြစ်ဖြစ်၊  ဘယ်နိုင်ငံ၊ ဘယ်အုပ်စု၊  
ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ်၊  တရားစွဲတယ်၊ 
အမှုဖွင့်တယ်၊ အပြစ်ဖို့တယ်ဆိုတာနဲ့ ခင်ဗျားတို့
စိတ်ထဲမှာ မျိုးချစ်စိတ်၊  ပြည်ချစ်စိတ်၊  နိုင်ငံချစ်
စိတ်တို့ကြောင့် ဖြစ်တည်လာတဲ့  နာကျင်မှု၊ ခံပြင်းမှုနဲ့ အဆိုးဆုံး ဒေါသတွေ  မထွက်လာရင် မြန်မာနိုင်ငံမှာ
မနေပါနဲ့ •••••

မြန်မာလို့လည်း  မခံယူပါနဲ့ . . . .
နိုင်ငံခြားမှာ နေထိုင်ရင်တောင်မှ မြန်မာဆိုတာကို  
မေ့ပစ်လိုက်ပါ။  ခင်ဗျား တို့ကို မွေးစားထားတဲ့ 
နိုင်ငံရဲ့ရင်ခွင်မှာ  မွေးစားသား အဖြစ် ဂုဏ်ယူနေလိုက်ပါ။ မြန်မာနိုင်ငံဟာ  မင်းနှင့်မဆိုင်ဘူးလို့ 
မှတ်ယူလိုက်ပါ••••

     ခင်ဗျားရဲ့အဖေကို  မကျေနပ်လို့  တရားစွဲတဲ့ သားတော်ဖြစ်ချင်သလား.? 
ခင်ဗျားအမေကို မကျေနပ်လို့ တရားစွဲတဲ့  သားတော်ဖြစ်ချင်သလား.? 
ခင်ဗျားညီမကို  မကျေနပ်လို့  တရားစွဲတဲ့ မောင်တော်ဖြစ်ချင်သလား.? 
ခင်ဗျားအစ်ကိုကို  မကျေနပ်လို့  တရားစွဲတဲ့
ညီမတော်ဖြစ်ချင်သလား.? 
ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ ပြောပါ•••••

      မိသားစုပြဿ     နာကို  
မိသားစုဝင်တွေ အကြားမှာ 
မိသားစု အသိ၊  မိသားစု စိတ်ဓာတ်၊ 
မိသားစု နည်းလမ်း၊ 
မိသားစု အပေါ် ချစ်စိတ်နဲ့ ဖြေရှင်းတာ
အကောင်းဆုံးပါ••••

      နိုင်ငံအတွင်းမှာဖြစ်တဲ့ ပဋိပက္ခကို  နိုင်ငံသား ဆိုတဲ့အသိ၊  
နိုင်ငံသားချစ်စိတ်နဲ့ ဖြေရှင်းတာ  အကောင်းဆုံးပါ။  
မိသားစု အသိလည်းမရှိ၊  
နိုင်ငံသား အသိလည်းမရှိ၊  
နိုင်ငံသား ချစ်စိတ်လည်းမရှိရင်  
မြန်မာနိုင်ငံသားဆိုတာ  
ခင်ဗျားတို့နဲ့လည်း မတန်ပါဘူး••••

      သမ္မတ(ငြိမ်း)ဦးသိန်းစိန်ကို  နယူးယောက် 
မန်ဟက်တန်ပြည်ထောင်စု  ခရိုင်တရားရုံးမှာ  အမှုဖွင့်တဲ့သူများ၊  
နိုင်ငံတော် အတိုင်ပင်ခံကို  သြစတေးလျှ တရားရုံးမှာ 
နိုင်ငံခြားသားတွေက  အမှုဖွင့်အောင်  ကြိုးပန်းခဲ့တဲ့သူများ၊ 
ICC မှာ မြန်မာနိုင်ငံကို အမှုပေါင်းများစွာ
နဲ့ အမှုဖွင့်ဘို့ ကြိုးစားခဲ့သူများ၊ 
ICJ မှာ မြန်မာနိုင်ငံကို  အမှုပေါင်းများစွာနဲ့ အမှုဖွင့်ဘို့ ကြိုးစားခဲ့သူများ ၊
Argentina နိုင်ငံရဲ့ ပြည်ထောင်စု ခရိုင်တရားရုံးမှာ  
အင်္ဂလန်နိုင်ငံမှာ နေထိုင်ပြီး  မြန်မာနိုင်ငံကို အမှုဖွင့်သူများဟာ  
ဘယ်လို လူတွေလည်းဆိုတာ  မြန်မာနိုင်ငံကို ပိုင်ဆိုင်တဲ့  
မြန်မာနိုင်ငံသား တိုင်းရင်းသား (၈)မျိး နဲ့ မျိုးနွယ်စု (၁၃၅) မျိုးတို့ သိသင့်ပါပြီ•••••

      သူ့ အဖေလည်း ပါးတစ်ချက် အရိုက်မခံရ၊  
သူ့ အမေလည်း ဆံပင်တစ်ခါ အဆွဲမခံရဘဲ  လူတွင်ကျယ်လုပ်ပြီး  
ဖင်ခေါင်းကျယ်သူတွေ  နိုင်ငံတကာ ဥပဒေတွေနဲ့. 
မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတွေကို  လူဆိုးသူခိုးလို ယိုးမယ်ဖွဲ့ဆိုပြီး  
အိုးမဲသုတ်နေတာ၊  လူမိုက် လူရိုင်းဆိုပြီး  တက်တူး ထိုးပေးနေတာကို  
ခင်ဗျားတို့ နီပိန်း တွေကပါ  ပျော်ပေးနေတယ် ဆိုရင်တော့  
ခင်ဗျားတို့ ဟာ  မြန်မာနိုင်ငံနဲ့မဆိုင်ဘူး •••••

      ခင်ဗျားတို့ဟာ  မြန်မာနိုင်ငံသားလည်း  မဟုတ်တော့ဘူး။  
ဖအေ မပေါ်  မအေ မပေါ်တဲ့သူ ဗိုက်ထဲက
လူဖြစ်လာသူဘဲဖြစ်မယ်။  
ယခုဖြစ်နေတာတွေကိုကြည့်ပြီး  
မြန်မာပြည်မှာမွေး၊  မြန်မာလေကိုရူ၊  မြန်မာရေကိုသောက်၊  
မြန်မာ့ဆန်ကိုစား၊  မြန်မာနိုင်ငံနဲ့ ကင်းကွာခဲ့သူ  
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားတစ်ယောက်
အနေနဲ့ ရှက်တယ်•••••

#ဆလိုင်းငွန်ကျုံးလျှန်
( မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား )

Credit;