Tuesday, July 27, 2021

စစ်ရေးကို သိပ်သံသယမရှိကြပါနဲ့


ဇော်ဝေစိုးနဲ့ မျိုးရန်နောင်သိမ်းတို့က
D-Day လာတော့မလိုပြောလိုက်
နယ်မြေအလိုက် ဖြန့်ထားတဲ့ နစက
စစ်ကြောင်းတွေက စစ်ကြောင်းထိုးလိုက်နဲ့
မြေပြင်က PDF - CDF - KNDF - KPDF
မျိုးစုံနာမည်ခံထားတဲ့ကောင်တွေ လုံးပါး
ပါးလိုက်နဲ့ အဖက်တင်လာတာ စစ်ဘေး
ရှောင်ရတဲ့သူတွေပါပဲ။

လိုင်းပေါ်ရောက်တာတွေလဲ ရှိသလို လိုင်းပေါ်
ဘာသတင်းမှတက်မလာတဲ့ ပွဲတွေအများကြီး
ရှိနေပါတယ်။ ကောလင်းဆိုရင် မင်းဝံတောင်ရိုး၊
ပေါက်တောဘက်တွေ၊ ကောလင်းအရှေ့ခြမ်းတကျော မနေ့ကတည်းက တောနင်းရှင်းတယ်။ ဒီနေ့အထိလဲ
ရှင်းနေဆဲ တပ်ဖြန့်နေဆဲပါ။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ထဲမှာဆိုရင် ရမ်းချောင်း
ကနေစလိုက်တာ ရမ်းပန်တကျော ကုန်ပြီ။ ထန်တလန်
မြို့နယ်အပိုင်ထဲက CDF အမာခံရွာတွေ ၂၅ရွာလောက်
စစ်ပြေးနေရတယ်။ နယ်မြေခံတပ်မပါသေးဘူး တပ်ရင်း
၆ ရင်း စစ်ကြောင်းခွဲထိုးတဲ့ဒဏ်ကို ခံနိုင်မလားဆိုတာ
စဉ်းစားကြည့်ကြပေါ့။ နေ့တိုင်း မသေတဲ့ CDF ဆိုတာ
မရှိပါဘူး။ စာရင်းလိမ်ထားတာပဲရှိတယ်။

ကယားဘက်က KNPP တွေလဲ နစကစစ်ကြောင်းတွေ
ညာမိုကုန်းမရောက်အောင် တောင့်ခံနေရတာပါပဲ။
လွိုင်ကော်နဲ့ ဒီမောဆိုတဝိုက်မှာ စုဖွဲ့မှုသိပ်မလုပ်နိုင်

KNPP တွေကို လေ့ကျင့်ပေးခဲ့တဲ့ FBR အဖွဲ့က Sniper
အတော်များများ ဒီတလျှောက်တိုက်ပွဲတွေမှာ သေခဲ့တာ
၄ဦးထက်မနည်းရှိတယ်။ CIA လက်အောက်က အမေ
ရိကန်သား ၃ယောက်လောက်ပါတယ်။ နစကဘက်မှာ
အထောက်အထားရှိပါတယ်။

ကချင်မှာကြတော့ KIA တွေ ဟိုနေရာဝင်ပစ်၊ ဒီနေရာ
ဝင်ပစ်တာလောက်ကို လော်ဘီမီဒီယာတွေကသာ ပွဲခံ
နေကြတာပါ။ တနေရာကို ကျည်ကျတိုင်း လိုင်ဇာနဲ့
မိုင်ဂျားယန်မှာ မှတ်ပုံတင်ထားတဲ့ပစ်မှတ်တွေကို
လက်နက်ကြီးနဲ့ ပစ်ဖြိုတယ်။ ကာကင်းကုန်းတွေကို
စစ်ကြောင်းထိုးတယ်။ လိုင်ဇာ-မြစ်ကြီးနား-ဗန်းမော်
လမ်းတကျောလုံး KIA စုဖွဲ့တာမြင်ရင် ဝင်လာတဲ့ရွာ၊
လက်ခံတဲ့ရွာကို လက်နက်ကြီးပစ်တယ်။ ငြင်းလို့
မရဘူး။ Drone တွေနဲ့ကင်းထောက်နေတာ၊ ပြီးမှ
ပစ်တာ။

KNU ဘက်လဲ ထွက်လာစရာအပေါက်မရှိပါဘူး။
တမဟ ၅ ဖာပွန်ခရိုင်ထဲက ဘောကျော်ဟဲရဲ့
ဌာနချုပ်စခန်းက ပြာဖြစ်တာကြာပြီ။ လေကြောင်း
စဆရဝင်ပြီးတည်းက BGF+တပတ တပ်တွေ
စခန်းထိုင်ထားတယ်။ တောနင်းတယ်။ တိုက်ပွဲ
မရှိတဲ့ရက် မရှိသလောက်ပါပဲ။ ထိုင်းနယ်စပ်နားက
သော်လဲထော်စခန်းကို အလံထောင်တယ်ဆိုတာ
၄လပိုင်း နောက်ဆုံးပတ်က ဝင်တိုက်ပြီးတော့
ဝါဒဖြန့်ဖို့လုပ်ထားတဲ့ပုံတွေ။ အခုမှပြန်ဖွတာပါ။
သော်လဲထော်စခန်းနဲ့ အနီးအနားက စခန်းကုန်း
သေးသေးလေးတွေက အဲ့ဒီကတည်းက လေကြောင်း
ဒဏ်မိလို့ စခန်းအထိုင်မချရဲပါဘူး။ လစ်ရင်ဝင်ပြီး
ထိုင်တယ်။ စစ်ကြောင်းထိုးရင် ပြေးတယ်။ လေယာဉ်
အသံကြားတာနဲ့ နေစရာမရှိတာ တမဟ ၅ အဖြစ်ပဲ။

ဆိုတော့ ဇော်ဝေစိုးတို့ မျိုးရန်နောင်သိမ်းတို့ပြောနေတဲ့
မြို့သိမ်းတိုက်ပွဲဆိုတာ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်ကို
မဖြစ်တာ၊ လုပ်ကို မလုပ်နိုင်တာလို့ ပြောချင်တာပါ။
အတွေးများမနေနဲ့ စိတ်လဲပူမနေနဲ့။ လူလေး သုံးလေး
ဆယ်လောက်နဲ့ ဟိုနေရာဝင်ပစ် ဒီနေရာဝင်ပစ်နဲ့
ဒီလောက်ပဲ လှုပ်လို့ရမယ်။ အဖွဲ့အစည်းလိုက်ကြီး
ဖင်ယားပြီးလှုပ်ရင် လှုပ်တဲ့နယ် ခံရမှာပါပဲ။ တကယ်လဲ
ခေါင်းခံပြီး ဦးဆောင်တိုက်မယ်လို့ ဘယ်တိုင်းရင်းသား
အဖွဲ့ကမှ တရားဝင်မကြေညာရဲပါဘူး။ NLD လော်ဘီ
page တွေကနေ ဝါဒဖြန့်နေတာပဲရှိတယ်။

စစ်ရေးနဲ့ပတ်သက်ပြီး နစကကို ကျနော်က သိပ်မဝေ
ဖန်ပါဘူး။ သူတို့ရင်ဆိုင်နေရတဲ့ စစ်မျက်နှာကို သိတယ်။
ထိန်းထားရတဲ့ အကြမ်းဖက်အင်အားကိုသိတယ်။
နောက် မြေပြင်အခြေအနေကို ပြောလို့ရသလောက်
ပြောပြနေတဲ့ ကွီးဗွီးတွေရှိတယ်။ သူတို့က အေးဆေးပဲ။
လှုပ်ရင် ချမှာပဲ။ တစ်လထက်တစ်လ ဖြန့်တဲ့စစ်အင်အား
ကောင်းလာတယ်။ ဂရုစိုက်လာတဲ့သဘောပဲ။ နေ့တိုင်း
နေ့တိုင်းကို ယန္တယားတပ်တွေပါ တပ်ဖြန့်တယ်။

ဒါကြောင့် စစ်ရေးနဲ့ပတ်သက်ရင် စိတ်မပူကြပါနဲ့။
ကြည်း၊ ရေ၊ လေ သူ့အဆင့်နဲ့သူ ရပ်တည်နေတဲ့
တပ်မတော်တစ်ခုဟာ သူ့အလုပ် သူဘာလုပ်ရမလဲ
သိပါတယ်။ တိုက်ပွဲအများစုဟာ ၂ဖက် နာကြတာပါ။
သေတဲ့အကြမ်းဖက်သမား များသလို အသက်ပေး
လှူရတဲ့ စစ်သည်လဲရှိပါတယ်။ ၂ဖက်လုံး ထိကြတာပါ။
ဂရုဏာဒေါသောနဲ့ သွားပြောလဲ စကခတပ်မှူးတွေက
အမြဲပြန်ပြောနေကြရှိပါတယ်။ စစ်သားကွ စစ်တိုက်ရင်း
သေတာ ဆန်းသလား ဆိုပြီး ပြန်အကောခံရတာပါပဲ။

ဒါကြောင့် စစ်ရေးကို သိပ်သံသယမရှိကြပါနဲ့။ 
ကပ်ဘေးကိုအာရုံစိုက်ပြီး ကျန်းမာရေးအသိနဲ့သာ
နေထိုင်ကြပါ။ #kkcity   Post  ပိုင်ရှင်ကို  Creditပါ
"လွတ်လပ်စွာ ကူးယူ ဖြန့်ဝေနိုင်ပါတယ်"