Saturday, July 24, 2021

ဆိုရေးရှိလို့ ဆိုပါရစေ......


မနေ့က Myat Tun Oo အကောင့်ကနေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရရှိခဲ့တဲ့ ဆုတံဆိပ်ဟာ
လက်နက်ဖောက်သည်ဆု ပါဆိုပြီး စွတ်စွဲရေးသားထားပါတယ်။

နောက်ပြီး ရုရှားနိုင်ငံ ပရိုတိုကောအရဆိုပြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချိုးချိုးနှိမ်နှိမ်ရေးသားထားလို့
အချက်အလက်လေးနဲ့ပြန်ပြောပါရစေ.......

(၁) ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၁၉၅)နိုင်ငံရှိတဲ့အထဲက ရုရှားနိုင်ငံဟာ သူ့ရဲ့ စစ်အောင်ပွဲနေ့ အခမ်းအနားကို  နိုင်ငံပေါင်း (၁၉)နိုင်ငံကိုသာ ဖိတ်ခဲ့တာပါ။အဲ့ဒီအထဲမှာ သမ္မတအရေအတွက် (၁၂)ဦးနဲ့ ကျန်တာက ကာကွယ်ရေးထိပ်ပိုင်းခေါင်းဆောင်တွေကို ဖိတ်ခဲ့တာပါ။ မြန်မာနိုင်ငံက သမ္မတကို မဖိတ်ခဲ့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာ ရွေးဖိတ်ခဲ့တာပါ။ 

(၂) ရုရှားနိုင်ငံရဲ့စစ်ရေးပြအခမ်းအနားတက်တဲ့အထဲမှာ အိန္ဒိယနိုင်ငံက ကာကွယ်ရေးဝန်ကြီး  Rajnath Singh လည်းပါ ပါတယ်။

(၃)တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရုရှားနိုင်ငံရဲ့ စစ်လက်နက်ဝယ်ယူမှု Top Ten ထဲမှာ နံပါတ်(၁)က အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ နံပါတ်(၂)က အီဂျစ်ဖြစ်ပြီးတော့၊ နံပါတ်(၃)ဟာ တရုတ်ဖြစ်ပါတယ်။ Top Ten ထဲမှာ တောင်အာရှက ဘင်္ဂလာဒေရှ့်နဲ့ အရှေ့တောင်အာရှက ဗီယမ်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။

(၄)မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ်ရရှိငွေဟာ 2.3 ဘီလီယံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ 60  ဘီလီယံဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ် 2.3 ဘီလီယံဟာ စစ်လက်နက်ကိစ္စဝယ်ယူရေးအတွက်သီးသန့်သုံးစွဲရတာမျိုးမဟုတ်ပါဘူး။ အဲ့ထဲကမှ လစာအတွက်၊ ရုံးသုံးကိစ္စအတွက် သုံးစွဲရပါသေးတယ်။ အဲ့တော့ လက်နက်ဖောက်သည်ဆု ဆိုတာ ရုရှားနိုင်ငံအတွက် ပေးချင်ပေးမှတော့ အိန္ဒိယနိုင်ငံကိုပဲ ပေးတော့မှာပေါ့။

(၅)ကာကွယ်ရေးဝန်ကြီးဟာ စစ်ရေးပြအခမ်းအနားကို ဦးဆောင် ဆောင်ရွက်နေတာဖြစ်လို့ မအားပါဘူး။ အဲ့တော့ ကာကွယ်ရေးပိုင်းဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို ကာကွယ်ရေးက ဒုတိယဝန်ကြီးကပဲ တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံတဲ့အထဲမှာ ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက်တည်းကို ပဲ တွေ့ခဲ့တာမဟုတ်ဘဲ၊ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအပါအဝင် ကျန်တဲ့နိုင်ငံများက ကာကွယ်ရေးဝန်ကြီးအားလုံးကိုပါ ဒုဝန်ကြီးကပဲ တွေ့ဆုံခဲ့တာပါ။

(၆) အတိုင်ပင်ခံအနေနဲ့ သမ္မတပူတင်နဲ့တွေ့ဆုံခွင့်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးကနေတဆင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ရုရှားအစိုးရအဆက်ဆက်ဟာ သူတို့နိုင်ငံရဲ့ ပရိုတိုကော ထဲမှာ အတိုင်ပင်ခံ ရာထူး မရှိတဲ့အတွက် အတိုင်ပင်ခံဟာ သမ္မတလည်းမဟုတ်၊ ဝန်ကြီးချုပ်လည်း မဟုတ်တဲ့အတွက် ဘယ်လိုအမျိုးအစားအဆင့်အတန်းမသိတဲ့ အတိုင်ပင်ခံနဲ့တွေ့ဖို့ ပြန်ပြီး ငြင်းဆိုခဲ့ပါတယ်။

(၇)ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖိတ်တာဟာ ခုခရီးစဉ်က ပထမဆုံးမဟုတ်တော့ပါဘူး။ နှစ်စဉ်ချစ်ကြည်ရေးလေ့လာရေးခရီးစဉ်များ၊ နဲ့နှစ်နိုင်ငံ တပ်မတော်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မဲ့ ကိစ္စတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နှစ်စဉ်ဖိတ်ကြားပေမဲ့ နိုင်ငံတော် သမ္မတနဲ့အတိုင်ပင်ခံတို့ကိုတော့ (၁)ကြိမ်တလေ လေးတောင် ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။ 

(၈)နီပေါ ပါတီတွေ ထုတ်ပြနေတဲ့ သမ္မတ ဦးထင်ကျော်နဲ့သမ္မတ ပူတင်၊ သမ္မတပူတင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေဟာ  ရုရှားနိုင်ငံမှာ ကျင်းပတဲ့ အာရှဖိုရမ် တစ်ခုမှာ ဆုံရင်း တွဲရိုက်ထားတဲ့ ပုံတွေသာ ဖြစ်ပါတယ်။ ဖိတ်ကြားလို့ တက်ရောက်ခဲ့တဲ့ ခရီးစဉ်မျိုးမဟုတ်ပါဘူး။

(၉)ကုန်ကုန်ပြောရရင် အတိုင်ပင်ခံရာထူးဟာ လုပ်ယူပြီး ရထားတဲ့ နေရာတစ်ခုဖြစ်ပေမဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ထွင်ပြီး ယူထားလို့ရတဲ့ အရာမဟုတ်ပါဘူး။ သမ္မတနဲ့ယှဉ်ရအောင်လည်း အိမ်ပြင်ထွက်တဲ့ သမ္မတမဟုတ်တဲ့အခါ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ကျော်ပြီး စစ်ရေးပြအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုဖိတ်တာဟာ ဘယ်သူကဘာလဲ?၊ဘယ်သူက ဘယ်လဲဆိုတာ သူတို့သိပါတယ်။

(၁၀)နောက်ဆုံးအချက်အနေနဲ့ တပ်မတော်စစ်အစိုးရကာလနဲ့ ဦးသိန်းစိန် အစိုးရကာလတွေမှာလည်း ကုလသမ္မဂမှာ မဲခွဲဆုံးဖြတ်ဖို့လိုတိုင်း မြန်မာနိုင်ငံအတွက်  ဗီတို အာဏာသုံးပြီး ပယ်ချခဲ့တာဟာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံဖြစ်ပါတယ်။ 
ရုရှားနိုင်ငံအနေနဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်နဲ့ရုပ်သေးရုပ်သမ္မတ(ဒါမှမဟုတ်) ထွင်ပြီးယူထားတဲ့ အတိုင်ပင်ခံတို့ကို ယှဉ်ပြီး ရွေးချယ်မယ်ဆိုရင်တောင် ဘယ်သူက  "ကျား  မှန်းသိပါတယ်။

#ဖိုးစည်