Wednesday, July 28, 2021

သတင်းကောင်း


        မြန်မာတိုင်းရင်းဆေးသတင်း အကြောင်းပြန်သူ အားလုံး အခြေအနေကောင်းပါတယ် ။ အကြောင်းပြန်သူတွေက 
မျိုးချစ်တို့ရဲ့ အချစ်တော် ဒါရိုက်တာဝိုင်း မိသားစု ဝိုင်းကိုယ်တိုင် ရင်ကြပ် အသက်ရှူမဝခြင်း ပျောက်ကင်းပါပြီတဲ့ ။ 

      နောက် ကောင်းမှုကိုယ်၌တည်စေမင်း ရုပ်ရှင်ထုတ်လုပ်သူ ဆုရ သရုပ်ဆောင် ဖြိုးရတနာသွယ် တို့ မိသားစု ကလည်း ဖျားနာ ကိုက်ခဲ နေတာ ပျောက်ကင်းသွားပါပြီ ။ 

               ကျနော်တို့ရဲ့ တင်ပြချက် ခိုင်လုံစေရန် လူသိများထင်ရှားသူများအား ဖော်ပြရခြင်းကို နားလည်ပေးစေချင်ပါတယ် ၊ နီးစပ်သူများ အတည်ပြုနိုင်ရန် တင်ပြခြင်းသာ ဖြစ်ပါတယ် ။   

.......နောက်ထပ် လူသိနည်းတဲ့ အချက် သတင်းပေးချင်ပါသေးတယ် ။ ဒါရိုက်တာ မောင်သီလည်း ကောင်းစွာ ဖော်စပ်ကုသတတ်ပါတယ် ။ ဆေးနည်း အနည်းငယ် ကွဲလွဲသည်မှ အပ သူသည်လည်း အောက်ဆီဂျင် ၄၀ ခန့်အထိ ကျဆင်းသူ လူနာအား ရအောင် ကုသပေးနိုင်ပါတယ် ။ 

     အဆက်အသွယ် ရှိသူများ သူ့ထံ အကူညီတောင်းနိုင်ပါတယ် ။ ယခု ဦးစိန်လှိုင် နည်းနှင့် မယိုးမစွဲ ဆင်သမနွယ် ဆေးနည်းများအား ကုသိုလ်ပြုနေသူများ ရှိနေပါတယ် ။ မန့်တွေမှာ လာပြလို့ သိရတာပါ ။ နီးစပ်သူများ ယုံကြည်စွာ တောင်းယူ ကုသနိုင်ပါတယ် ။

      ဦးစိန်လှိုင် ဖြစ်စေချင်သော တနိုင်ငံလုံး အနှံ့ အများအပြား ဖြန့်ချီ ကုသစေနိုင်ရန် နိုင်ငံတော်မှ ပံ့ပိုးကူညီဖို့ ချိတ်ဆက်ရာမှာလည်း အဆင်ပြေပါပြီ ။ နမူနာ ဆေးတဖုံအား စစ်ဆေးပြီးသည်နှင့် ကူညီမယ်လို့ ပြန်ကြားထားပါပြီ ။ 

      ဆေးရဲ့ အားသာချက်က မည်သည့်ဆေးဝါး သောက်သုံးနေသည် ဖြစ်ပါစေ အားလုံးနဲ့ တွဲဖက် သောက်သုံးလို့ ရပါတယ် ။ ဆိုက်အဖတ်လုံးဝ မရှိပါဘူး ၊ မည်သည့်ရောဂါ အခံရှိနေပါစေ အန္တရာယ်လုံးဝ မရှိပါဘူး ။ 

        ဤနည်းနှင့် ဆေးအချိန်အဆ အနည်းငယ် ကွဲလွဲနေသော ဆေးနည်းများဖြင့် ဖော်စပ်ထားသော ဆင်သမနွယ် ဆေးများလည်း ဖြန့်ဝေနေတာ တွေ့ရပါတယ် ၊ ပူးတွဲ တင်ပြလိုက်ပါတယ် ။ အရေးကြီးသူများ နီးစပ်ရာသွားပြီး ရယူနိုင်စေရန် ဖြစ်ပါတယ် ။ 

        ဒါက ဆေးဝါးနှင့် ပါတ်သပ်သည့် သတင်းကောင်းလေးပါ ။
နောက်သတင်းကောင်းက နစက ရဲ့ တုန့်ပြန်မှု သတင်းကောင်းပါ ။ 

      မနေ့က ညဥ့်နက်မှ ကျနော်တင်လိုက်တဲ့ မန္တလေး ပြင်ဦးလွင် လမ်းဘေးရှိ ကပစ ပိုင် မြေကွက်တွင် ဌာနပိုင်မြေအား တရားမဝင် တူးရောင်းစားနေတဲ့ သတင်း မှတ်မိကြမှာပါ ။ 

       တင်ပြီး ၂၄ နာရီ မပြည့်ခင် လုပ်ကွက်ထဲသို့ ဝင်ဖမ်းကြရာ လုပ်ကွက်အတွင်းရှိ ယန္တယားမောင်း တဦး ၊ စာရင်းကိုင် တဦး နှင့် အလုပ်သမား လေးဦးကို လက်ပူးလက်ကြပ်မိ၍ မန္တလေး နန်းတွင်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးလျှက် ရှိနေပါပြီ ။ 

     ပြောချင်တာက ကျနော့်ကို အပိုလုပ်ပြီး တင်နေတယ် လူတိုင်းခိုးနေကြတာပဲ ဆိုတဲ့ သဘော မန့်နေသူများ ၊ သေချာလို့လား ရောက်ဖူးလို့လား ဟု မန့်သူများ သိစေချင်ပါတယ် ၊ မျိုးဝင်းက မသေချာပဲ ပေါက်ပန်းသေး လိုင်းပေါ် မတင်တတ်ပါဖူး ။

     နောက်တခုက ယခင်ကနဲ့ လုံးဝ မတူတော့တဲ့ နစကရဲ့ တုန့်ပြန်မှုတွေကို အားရသဖွယ် မြင်တွေ့နေရတာကို သတိပြုမိကြဖို့ သတင်းပေးတာပါ ။ 

    ပြည်သူအကျိုး ထိပါးမယ့် ကိစ္စတွေကို ချက်ခြင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ် ။ မနက်က တင်ပြထားတဲ့ ထောက်ပံ့ရေး အစီအစဥ်လေးများ အကောင်အထည်ဖော်ပေးရင်ဖြင့် နစက ထိသူ ငါ့ရန်သူ ပါပဲ ဗျာ 😁😁😁

         မျိုးဝင်း








Related Posts:

  • အကြောက် နဲ့ ကွဲပြားခြားနားခြင်း           ကျနော့်ကို တချို့က နားမလည်ဖြစ်နေကြတာ တွေ့ရတယ်ဗျ ။ ကာလရှည် မိတ်ဆွေဖြစ်ခဲ့သူတွေကတော့ အကြောင်းသိတွေမို့ ပြဿနာ မရှိပါဘူး ။          တချို့လူတွေ မျက်စေ့လည်တာလည… Read More
  • မြန်မာ့ အကုသိုလ် ရှောင်တာနယ်      NLD အစိုးလက်ထက်မှာ စီးပွားရေး အကြံပေးဆိုပြီး ဒေါ်စုကြည် ခေါ်လာတဲ့ သြစတေးလျှသား ရှောင်တာနယ် အကြောင်း သတင်းတွေ ပွ လာလို့ သတိရသလောက် သူ့ရဲ့ ယုတ်မာမှုတွေကို ပြန်လည်းဖော်ထုတ်လာချင်ပါတယ် ။     &n… Read More
  • အိပ်မက်ထဲမှာ ကျွေးတဲ့ထမင်း          ဦးသိန်းစိန် လက်ထက်တုန်းက ဝန်ကြီးဦးအောင်မင်းဟာ သောင်းကျန်းသူတွေ နဲ့ ဆွေးနွေးပြီး NCA ၈ ဖွဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ် ။ ဒါလေးအောင်မြင်ဖို့ကို ဦးအောင်မင်းတယောက် တရားဝင်ရော တရားမဝင်ကော တွေ… Read More
  • မြင်းခြံ စကား နဲ့ မြင်းခြံသား          ညနေစောင်းမှ ကိုစိုးရယ် လူတယောက်ရယ် ရောက်လာလို့ အိမ်မှာပဲ လေကန်ကြပါတယ် ။"ငမျိုးရေ ဒါ မိတ်ဆွေ ပဲ မင်းရေးတဲ့ မြင်းခြံမြို့ သမိုင်းကြောင်း ဖတ်ပြီး သူသိချင်နေတဲ့ ငါတို့မြို့က အခြားမြို့တွေ နဲ့ မတ… Read More
  • တာဝန် ၊အသက် နဲ့ ဝန်ထမ်းဥပဒေ          ဒီရက်ပိုင်းမှာ နားမခံသာအောင် ကြားနေရတာက နစက အုပ်ချုပ်မှုကနေ ကင်းလွတ်နေပြီး PDF ကြီးစိုးနေတဲ့ ဒေသတွေက ဝန်ထမ်းတွေရဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ် ။           နစက ရဲ့ တပ… Read More