Friday, July 23, 2021

ပရဟိတနဲ့NGOကွဲပြားမှု


       မြန်မာပြည်မှာ ပရဟိတ နဲ့ NGO တွေ အများအပြား ရှိကြပါတယ် ။ မိမိတို့ရဲ့ အဖွဲ့အစည်း အဆင့်အတန်းသည် ဘာလဲ မိမိတို့ရဲ့ အဖွဲ့အစည်း ရည်ရွယ်ချက်သည် ဘာလဲ ဆိုတာလောက်တော့ သိရှိထားစေချင်ပါတယ် ။

#ပရဟိတသည်အရောင်အသွေးမရှိရပါဘူး ။ 
အနီ အစိမ်း အဝါ အပြာ မရှိ ကူညီရပါ့မယ် ။ 

  ပရဟိတသည် ဒုက္ခသည် အမျိုးအစား မခွဲခြားရပါဘူး ရေဘေး မီးဘေး ငလျှင်ဘေး ရောဂါဘေး စစ်ဘေး အားလုံးအတွက် တတ်စွမ်းသရွှေ့ ကူညီရပါမယ် ။ 

      လှူဒါန်းငွေများမှ အမှန်တကယ် စားဝတ်နေရေးခက်ခဲသော စေတနာ့ ဝန်ထမ်းများအား သင့်လျှော်သော ထောက်ပံ့မှု ပေးနိုင်ပါတယ် ။ 

     ဒါက ပရဟိတ တွေရဲ့ ဆောက်ရန် ရှောင်ရန် ကိစ္စကများ အတွက် နမူနာ တချို့ပါ ပဲ ။ ပြောချင်တာက ပရဟိတသည် ဖြူစင်သော မေတ္တာ ကို အခြေခံတဲ့ ဗုဓ္ဒလမ်းစဉ်ပေါ်မှာ ခိုင်မာစွာ ရပ်တည်ရပါ့မယ် ။

    နောက် NGO အကြောင်းကတော့ ပရဟိတ နဲ့ ကွာပါတယ် ။ NGO ထူထောင်သူတွေဟာ အလှူရှင်တွေဆီကနေ ဘယ်အလုပ်ကို လုပ်ပါ့မယ် လှူကြပါဆိုပြီး အလှူခံပါတယ် ။ သူလမ်းကြောင်းထားတဲ့ အလုပ်ကိုပဲ ဆောင်ရွက်လေ့ ရှိပါတယ် ။ 

     ဥပမာ AAPP ဆိုရင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုပဲ ကူညီပါတယ် ။ ထပ်ပြီး ခွဲစိတ်လေ့လာမယ်ဆိုရင် တပ်မတော်ကို ဆန့်ကျင်ရင်း ထောင်ကျဖူးသူတွေကိုပဲ ကူညီပါတယ် ၊ NLD ကို ဆန့်ကျင်ရင်း ထောင်ကျခဲ့သူတွေကို မကူညီတဲ့ တခြမ်းပဲ့ NGO ဖြစ်ပါတယ် ။ 

      အဲလိုပါပဲ ပညာရေး ကျန်းမာရေး သဘာဝပါတ်ဝန်းကျင် အစရှိတဲ့ NGO တွေဟာ ကမ္ဘာအရပ်ရပ်မှာ ဖြန့်ကျက်ထားတဲ့ INGO အဆင့်ကနေ ပြည်တွင်းဖြစ် NGO အထိ ကျယ်ပြန့်စွာ လုပ်ဆောင်ကြပါတယ် ။

      NGO နဲ့ ပရဟိတ ကွားခြားချက်ကတော့ NGO သည် အလှူရှင်တွေ ကျေနပ်အောင် သူတို့ လုပ်ဆောင်မှုတွေကို စနစ်တကျ သက်သေတွေ နဲ့ အစီရင်ခံရလေ့ရှိပါတယ် ။ (ဒါမှ နောက်ထပ်အလှူငွေ ရမှာပါ)

       အဲဒီမှာ ထူးခြားတာက စီမံခန့်ခွဲရေး စရိတ်ဆိုပြီး ရာခိုင်နှုံး အတော်များများ ဖြတ်တောက်ရယူခြင်းပါပဲ ။ အချို့ NGO များဆိုလျှင် 80 % အထိ ကုန်ကျကြောင်း မှတ်သားခဲ့ရဖူးပါတယ် ။ 

       ဥပမာ သူဌေးတဦးက ကင်ဆာရောဂါ အတွက် ဒေါ်လာ သန်း ၁၀၀ လှူရင် ဂေါဂါသယ်များထံ ဒေါ်လာ သန်း ၂၀ ပဲ ရောက်ပါတယ် ။ 

    ငြိမ်းချမ်းရေး ၊ ပညာရေး အစရှိတဲ့ ခေါင်းစဉ်အမျိုးမျိုး နဲ့ ငွေရှာစားနေတဲ့ NGO တွေ ဖြစ်ပါတယ် ။ လုပ်တော့ လုပ်ပါတယ် သို့သော် ကိုယ်ကျိုးစီးပွားတွေ နဲ့ ယှက်နွယ်နေတာမို့ ပရဟိတလောက် ကျယ်ပြန့် မြင့်မြတ်ခြင်း မရှိပါဘူး ။ 

        တကယ်တန်းကျတော့ သူလျှိုစိမ့်ဝင် မွေးမြူရေး လုပ်ငန်းများ အဓိက လုပ်ဆောင်နေတာ NGO တွေပဲ ဖြစ်ပါတယ် ။ 

      မြင့်မြတ်လှတဲ့ ပရဟိတသမားတွေ သိထားရမှာ ခင်ဗျားတို့ဟာ လစာ ရိက္ခာယူပြီး ခေါင်းပုံဖြတ် စီးပွားရှာနေကြတဲ့ NGO တွေ မဟုတ်ပါဘူး ။ 

    အချို့ NGO တွေဟာ ပြည်ပသြဇာခံပြီး တိုင်းပြည်ကို ချယ်လှယ်နိုင်စေခြင်းငှါ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ရည်မှန်းချက်ဆိုး နဲ့ NGO တွေ ရှိနေပါတယ် ။ ပရဟိတတွေက အဲလို NGO တွေ နဲ့ လားလားမှ မတူရပါဘူး ။ 

       ဒါပေမယ့် ယနေ့ ပရဟိတ တော်တော်များမျုားမှာ နိုင်ငံရေး အရောင်ဆိုးထားတာတွေ ပါရှိနေတာ တွေ့ရပါတယ် ။ တွေ့ဆို ပရဟိတ အခြေခံထားတဲ့ ဖောင်ဒေးရှင်းကိုယ်က နိုင်ငံရေး နွယ်ခဲ့သူတွေများတာကိုး ။ 

      မူလက စစ်ဆန့်ကျင်ရေး သမားတွေ ပါပဲ ။ နောက် NLD အာဏာရလာတယ် ။ အချိုးမပြေဘူး လူမျိုးရေး ဘာသာရေး သဘောထား မတိုက်ဆိုင်တော့ နိုင်ငံရေးက ခွာလာပြီး ပရဟိတကို လုပ်နေကြသူတွေ များပါတယ် ။

      ယခု မဲခိုးပွဲ အပြီးမှာ NLD နဲ့ တပ်မတော် ပြဿ     နာ ဖြစ်ကြတယ် ။ ပရဟိတတွေက NLD ကို ငယ်သံယောဇဉ် နဲ့ ပြန်ကူညီချင်ကြတယ် ။ သံဃာအများစု နဲ့ ခေါင်းဆောင်တွေက တားမြစ်ပေမယ့် လူငယ်တွေက ပါဝင် ဆန္ဒပြရင်း NLD အပေါ် ဝန်းရံလာကြတယ် ။ 

    မူလ ရည်မှန်းချက် ဖြစ်တဲ့ ဘယ်သူဒုက္ခရောက်ရောက် ကူရမယ် ဆိုတဲ့ အသိစိတ်ရယ် ၊ သံယောဇဉ်ရယ် ကြောင့် အမှားအမှန် မခွဲပဲ မန္တလေး မှာ ကူညီတယ် ။ 

     ယခင်က သေကြေ ဒဏ်ရာ ရခဲ့ရတဲ့ ရဲတွေလည်း ပစ်မိန့်ရတာ နဲ့ လက်စားချေ ဆော်တာပဲ ။ လူနာဝင်ဆွဲတဲ့ ပရဟိတ သမား မှန်တယ် ။ ကားကိုအကာအကွယ် ယူထားရလေတော့ ရဲ တွေက ပရဟိတကားပါ ပစ်လိုက်ကြတယ် ။ 

     ရပ်တည်မှု ယုံကြည်မှု လုပ်ဆောင်မှု နှစ်ဖက်လုံး မှားနေတာ တွေ့ရတယ် ။ ကြားထဲက နိုင်ငံရေးသမားတွေက အပစ်ခံရတဲ့ ပရဟိတကားကိုတောင် ကစားကွက် ထည့်ကစားလာတာ တွေ့ရတယ် ။ 

    အာဏာပိုင်တွေနဲ့ ပရဟိတတွေ သိဖို့ ကောင်းပါပြီ ။ ပရဟိတသည် မွန်မြတ်ဖြူစင်လှပါတယ် ။ အာဏာပိုင်များ တတ်နိုင်သမျှ ရှောင်ကျဉ်ရပါ့မယ် ၊၊ 

      ပရဟိတများ ရပ်တည်ချက် မှန်ရပါမယ် ရပ်တည်ချက် မမှန်ပဲ မနေတတ် မသွားတတ်လို့ သေသွားရင် နိုင်ငံရေးလုပ်စားတာ ခံရပြီး ကိုယ့်မိသားစု ဒုက္ခရောက်ပါ့မယ် ။

      ဦးသုခ တည်ဆောက်ခဲ့တဲ့ ရန်ကုန် နာ / ကူ ကတော့ ကျော်သူ နဲ့ ဇနီး လက်ထက်မှာ ပရဟိတ အဆင့်မှ NGO အဆင့်သို့ ကူးပြောင်း နိမ့်ကျသွားပါပြီ ။ 

         ဖြူစင်တဲ့ ပရဟိတများ ခိုင်မာစွာ ရပ်တည်နေနိုင်ကြပါစေ ဗျာtkw။

         #မျိုးဝင်း