Friday, July 30, 2021

ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်နဲ့ အန်တီစု ဖြစ်လာတာ ဘာဆန်းလဲ


အန်တီစု ပုံရိပ်နဲ့ 
NLD ဖြစ်လာတာ ဘာဆန်းလဲ

NLD ပုံရိပ်နဲ့
၁၀တန်းမအောင်တွေ လွှတ်တော်အမတ်
ဖြစ်လာတာ ဘာဆန်းလဲ

အဲ့ လွှတ်တော်အမတ်တွေပုံရိပ်နဲ့
ဗုဒ္ဓဘာသာအရေးတွေ တန်းညှိခံလာရတာ
ဘာဆန်းလဲ

အဲ့သလိုတန်းညှိခံလာရတဲ့ ပုံရိပ်နဲ့
လူမလေးခွေးမခန့် ကိုယ့့်နိုင်ငံကို
ပြည်ပဝင်ရောက်စွက်ဖက်မှုတွေ များလာတာ
ဘာဆန်းလဲ

ပြည်ပနိုင်ငံကြီးတွေရဲ့ ပုံရိပ်နဲ့
ပြည်တွင်းက သစ္စာဖောက်လောက်ကောင် မီဒီညာတွေ
ဂျိုကြွလာတာ ဘာဆန်းလဲ

ဂျိုကြွ သွေးထိုးနေတဲ့ မီဒီညာတွေရဲ့ ပုံရိပ်နဲ့
အဟုတ်မှတ်ပြီး နားယောင် ပိန်းပိတ်နေတဲ့
လူတွေရှိနေတာ ဘာဆန်းလဲ

အဲ့သလိုပိန်းပိတ်နေတဲ့ လူတွေပုံရိပ်နဲ့
လုပ်စားနေတဲ့ လေအစိုးရကြီး ဖြစ်လာတာ
ဘာဆန်းလဲ

အဲ့ဒီလေအစိုးရကြီး ပုံရိပ်နဲ့
တိုင်းပြည်ပျက်နေတာ ဘာဆန်းလဲ 

အဲ့သလို ဗရုပ်သုက္ခရိုင်းပြစော်ကား 
ရဟန်းသံဃာတောင် အမြင်မတူရင် အဆဲခံနေရတဲ့
တိုင်းပြည်ကို ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့
တပ်မတော်ကြီးက ထိန်းသိမ်းလိုက်တာ
ဘာဆန်းသလဲ ဗျာ"

အဲ့ဒါ ဘဝသံသရာတည်း🙏

                         🖋Htoo Naing