၁၀၈ တောင် ဆရာတော်ကြီးရဲ့ ဆေးနည်းကို ဆရာကြီးဦးစိန်လှိုင်ဆီမှ တဆင့် ရရှိပြီး လူနာများနဲ့ တိုက်ကျွေးကြည့်ရာမှ သက်သာပျောက်ကင်းကြောင်း သိရ၍ ဝမ်းသာစရာ သတင်းကောင်း အဖြစ် ပို့စ် တင်ပြီး သတင်းပေးလိုက်ပါတယ် ။
ပြဿနာက ဆင်သမနွယ် ဆိုတဲ့ အမည် ဖြစ်နေပါတယ် ။ ဆင်တုံးမနွယ် နဲ့ အတူတူလား ဆိုတဲ့ မေးခွန်း အပေါ် မှာ ကျနော် အသိဥာဏ်လေး နဲ့ မတူပါဘူး လို့ Reply ပြန်မိပါတယ် ။
ဆေးစာအုပ် အကိုးအကားတွေ နဲ့ အတူတူပါဆိုပြီး တက်လာတာ တွေ့ရသလို မတူဖူး ဆိုတဲ့ အချို့မန့်တွေလည်း တွေ့ရပါတယ် ။
ဒါရိုက်တာ မောင်သီကတော့ ဆင်တုန်းမနွယ်ဖြင့် ကုသပေးနေရာ သက်သာပျောက်ကင်းပါတယ် ။
ပြောချင်တာက အဲဒီ နှစ်မျိုး အတူတူ မဟုတ်ပါဘူး ။ ဆရာတော်ကြီး မိန့်တဲ့ဆေးက ဆင်သမနွယ် ပဲ ဖြစ်ပါတယ် (မရှာနိုင်လျှင် ဆင်တုံးမနွယ်အား အစားထိုး ဆေးညွှန်း ပိုသောက်ခြင်းဖြင့်လည်း ပျောက်ကင်းပါတယ်)
တူသည် မတူသည်ကို ကျနော့်ရဲ့ ဗဟုသုတဖြင့် မငြင်းနိုင်ပါဘူး ။ ကျနော်သည် တိုင်းရင်းဆေးနည်းပညာအား နကန်းတလုံးမျှ နားလည်သူမဟုတ်ကြောင်း ဝန်ခံပါတယ် ။ မတူဘူးလို့ ပြောရခြင်းက ဆရာတော်ကြီးရဲ့ အကောင့်မှ မတူပါဘူး ဟု ပြန်ဖြေထားတာ တွေ့ရလို့ပါပဲ ။ SS ပူးတွဲ ဖော်ပြထားပါတယ် ။
ဆက်လက် လေ့လာကြည့်ရာ ဆင်သမနွယ်ကို ဂန့်ဂေါ ဖက်တွင် ရှေးယခင်က ဆင်သမားနွယ် လို့ ခေါ်ဝေါ်ခဲ့ကြောင်း တွေ့ရပါတယ် ။
ပုံ မှာ ဆင်သမနွယ် အစစ် ပုံဖြစ်ပါတယ် ။ အရွက်များလည်း တွေ့နိုင်ပါတယ် ။ ဆင်တုံးမနွယ် နှင်း ဆူး ၊ အရွက် အနည်းငယ် ကွဲပြားတယ်လို့ ပြောပါတယ် ။
ဘာပဲ ပြောပြော နှစ်မျိုးလုံးပျောက်ပါတယ် ။ ဝမ်းသာစရာ သတင်းကောင်းကတော့ ပေးထားသမျှ လူနာ အားလုံး ကောင်းမွန် သက်သာကုန်ကြပါ ပြီ ။
ယနေ့ ပေးခဲ့သော အောက်ဆီဂျင်ရှူနေရသည့် လူနာအား နေ့ တနာရီခန့်က တိုက်ကျွေးရာ ယခု အဆုတ်တွင်း ခဲဆို့နေသော ချွဲများ အန်ကျလာပါပြီ ။
မြန်မာပြည်သူ အပေါင်း ယုံကြည်စွာ ဖော်စပ် သုံးစွဲကြည့်စေလိုပါတယ် ။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိသည့် အတွက် အရှုံးမရှိနိုင်သော ဆေးတော်ကြီး အဖြစ် သုံးစွဲကြစေလိုပါတယ် ။
မျိုးဝင်း
#Credit