Thursday, July 15, 2021

ဇမ္မူဒီပါလက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းတဲ့နိုင်ငံ"


တပ်မတော်သားတွေ ရှေ့တန်းစစ်မြေပြင်မှာ
ဖြစ်သလို စားသောက်နေတဲ့ပုံတွေ တွေ့တော့
"မင်းတို့ မျက်ရည် မချူနဲ့တဲ့"
ခုတော့ PDF ကလေးတွေက
 တောထဲက ပုံတွေနဲ့ဇာတ်နာပြလေရဲ့..........

သံပုံးတွေတီးပြီး 
မကောင်းဆိုးဝါးတွေပြေးဆိုပြီး 
ပျော်ပျော်ကြီးလုပ်ကြတယ်...
၅၀၅ (က)ထုတ်လိုက်တာ 
အကုန် တောထဲ ရောက်သွားတယ်.......

ကိုယ်တိုင်က ကံငါးပါးမလုံဘဲနဲ့
နိုင်ငံအကြီးအကဲကို  ကျိန်စာတွေ တိုက်ကြတယ်......
ကံခြင်းမတူတော့  ကိုယ့်ကိုပြန်ထိတဲ့ ပို့စ်တွေက
အမေသေလိုက်.....
ချစ်သူသေလိုက်.....
ကိုယ်တိုင် သေသွားလိုက်နဲ့.....
ခုတလော မြင်လို့တော့ မကောင်းဘူး......

တပ်ကို မကောင်းကြံလိုတဲ့စိတ်တွေနဲ့
အောက်စီဂျင်တွေ ကို တပ်ကသိမ်းတယ်..
ဆေးဆိုင်တွေကို တပ်ကပိတ်ခိုင်းတယ်ဆိုပြီး
ကောလာဟာလတွေဖြန့်တယ်....
ကိုယ့်မိသားစုမှာ ကိုဗစ်ဖြစ်တော့
အောက်စီဂျင်က ရှာမရတော့ဘူး......
ဆေးတွေက ဝယ်မရတော့ဘူး......

နစက ကို ဖြိုခွဲဖို့ အတွက် 
ဆရာဝန်တွေက CDM လုပ်ကြတယ်....
CDM လုပ်ကြဖို့လည်း 
ထောက်ခံသူအသိုင်းအဝိုင်းက 
အင်တိုက်အားတိုက်အားပေးခဲ့ကြတယ်...
တကယ်တမ်းကိုဗစ်ဖြစ်တော့ 
ကိုဗစ်ကုဖို့ မပြောနဲ့ စစ်ဖို့တောင်ဆေးရုံကမနိုင်တော့
ပြန်လွှတ်နေရပြီ......

ဆန္ဒတွေ ပြတော့လည်း 
အောက်တန်းကျတဲ့ အမူအကျင့်တွေနဲ့ပြကြတယ်...
ကားပျက်ချင်ယောင်ဆောင်တဲ့သပိတ်...
ဆန်တွေ ကျဲချပြီး ပြန်ကောက်တဲ့ သပိတ်နဲ့
အလောင်းပုံစံတွေလုပ်ပြီး မျိုးစုံအောင်
ပျော်ပျော်ကြီးလုပ်ပြခဲ့ကြတယ်......

ခုတော့.....
ဆေးရုံလည်းသွားလို့ မရ.....
ကုဖို့ ဆရာဝန်လည်း မလောက်ငှ....
ကောလာဟာလတွေလွှင့်ထားတော့
အောက်စီဂျင်ကလည်း ဈေးကွက်ကြီးလိုဖြစ်နေတယ်...

ဆန္ဒပြလို့ ရောဂါကူးစက်တာကနောက်မှ
ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေက
မသေသင့်သေးဘဲ  
ကြားထဲက မြေဇာပင်တွေဖြစ်ရတယ်....

တော်လောက်ပါပြီ
ဒီထက် မယုတ်မာကြပါတော့နဲ့ဗျာ.....

#ဖိုးစီ