Saturday, July 24, 2021

လုပ်သင့်တာလုပ် စာအုပ်ကြီးတွေဆုတ်သင့်ရင်ဆုတ်


         ကချင်ပြည်နယ်ထဲက မြို့နယ်ခွဲပေါက်စလေး ရှိပါတယ် ။ KIA ပတ်ချာလည်ဝိုင်းထားတဲ့ မြို့လေးမှာ လူဦးရေ တသိန်းဝန်းကျင်ရှိပါတယ် ။ 

       မြို့နယ် တာဝန်ကျအရာရှိတဦးဟာ လူဦးရေ တသိန်းရှိတဲ့ အဆိုပါ မြို့နယ်ခွဲအတွက် ဆရာဝန် တယောက်မှ မရှိ (သူပုန်ကြောက်လို့ ဘယ်သူမှ မလာ) သူနာပြု အစစ် နှစ်ယောက် နဲ့ ကျေးလက်သူနာပြု နှစ်ယောက် ထဲ ရှိတဲ့ မြို့လေးကို Covid ရန်က ကာကွယ်ဖို့ ဘာတွေ လုပ်ခဲ့ကြသလဲ..?

      မြို့မိမြို့ဖ အနီ အစိမ်း မခွဲပဲ စည်းရုံးတယ် ။ ထို့​နောက်ဦးစွာ တမြို့လုံး လော့ဒေါင်းချပစ်လိုက်တယ် ။ အထက ကျောင်းမှာ စင်တာဖွင့်ထားတယ် ။ အောက်ဆီဂျင် စုထားတယ် ၊ စက်ဝယ်နိုင်တဲ့ ငွေကြေးအခက်အခဲ ရှိလို့ပါ ။ 

     နောက်တဆင့် ကျေးလက် ဆရာမ နှစ်ဦးကို မြို့ပေါ်ခေါ်ပြီး သူနာပြုလေးဦး နဲ့ လုပ်ငန်းစတယ် ။ တအိမ်တက်ဆင်း လူနာရှာတယ် ။ အခမဲ့ covid စစ်ဆေးပေးပြီး P+ တွေ ခွဲထုတ်ကြတယ် ။

      အဲဒီကုန်ကျစရိတ်ကို အရာရှိကပဲ စိုက်ထုတ်ကုန်ကျစေခဲ့ပါတယ် ။ အဲသလို လုပ်နေရင်း မြို့ဖမြို့ဖတွေရဲ့ စည်းရုံး အလှူခံမှုကြောင့် ဆယ်ရက်ကို သိန်း ၅၀ လောက် အလှူငွေရလာတယ် ။ အနီတွေလည်း လှူကြသတဲ့ ။

        လူနာတင်ကားကို အရာရှိကိုယ်တိုင်မောင်းပြီး လူနာလိုက်ကောက်တယ် ၊ P+ ၉၀ ခွဲထုတ်ကုသနိုင်ခဲ့ပါပြီ ။ တအိမ်လုံးဖြစ်ရင် တအိမ်လုံး လော့ဒေါင်းချပစ်ပါတယ် ။ လူနာတွေက ဆရာဝန်ကိုမြင်ရရင် တဝက်သက်သာတယ် ဒါကြောင့် သူနာပြုတွေ အမြဲ စောင့်ကြည့်နေကြပါလို့ မေတ္တာရပ်ခံ စေခိုင်းခဲ့တယ် ။

       မြို့အဝင်အထွက် 100 % ပိတ်ထားတယ် ။ အမေသေလို့ အဝင်အထွက်လုပ်ပါစေဆိုတာတောင် ခွင့်မပြုတဲ့ အထိ တင်းကျပ်စေခဲ့ပါတယ် ။ 

        ရောဂါခံရှိတဲ့ လူနာ နှစ်ဦး သေဆုံးခဲ့တယ် ။ အရာရှိကိုယ်တိုင် မီးသဂြ်ိုလ်ပေးခဲ့တယ် ။ လူနာ ၈၀ ဦး အဆင်ပြေနေပါပြီ ။ 

      ဆရာဝန်ရဖို့ မြို့မိ မြို့ဖတွေ ကျိုးစားနေတာ ရဖို့လမ်းတွေ့သွားပါပြီ ။ 

     အဲဒါ ကချင်ပြည်နယ်ထဲက အုပ်ချုပ်ရေးပိုင်းတာဝန်ကျ အရာရှိတဦးရဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ် ။ အဲသလို လုပ်ပေးနေလို့ အထက်က အရမ်း ကျေနပ် ဂုဏ်ပြုမယ် မထင်ပါနဲ့ ။

     ဟိုဟာ မသင့်တော်ဖူး ဒီဟာ မကောင်းဖူး နဲ့ လှမ်းပြီး ဆူပူကြိမ်းမောင်းခြင်း ခံနေရပါသေးတယ် ။ ဘယ်မြို့က ဘယ်သူ ဘယ်ဌာန ဆိုတာကို ဂုဏ်ပြု ဖော်ပြချင်ပေမယ့် အဲဒီ အရာရှိရဲ့ ရှေ့ရေးအတွက် ဖော်ပြလို့ မသင့်တော်ပါဖူး ။ 

......မြိုနယ်ခွဲ ပေါက်စလေးတောင် အုပ်ချုပ်သူ နဲ့ မြို့မိမြို့ဖ ညီညွှတ်စွာ ပေါင်းစည်းပြီး ဒီလို လုပ်ဆောင်နိုင်ရင် အခြားမြို့ကြီးတွေ ပိုမို လုပ်ဆောင်နိုင်ပါလိမ့်မယ် ။ သို့သော် အခက်အခဲတခု တွေရပါတယ် ။ စာအုပ်ကြီး သမား အထက်လူကြီးတွေ ရန်က ကြောက်​နေရပါသေးတယ် ။

       တခါတရံ စာအုပ်ကြီးသမားတွေကြောင့် အရာရာ နှောင့်နှေးပြီး ဆုံးရှုံးခဲ့ရတာတွေ များလှပါပြီ ။ ယခုလိုအချိန် စာအုပ်ကြီးအတိုင်း လုပ်နေရင် ပြည်သူ့အသက်တွေ ဆုံးရှုံးရမှာ ဖြစ်လို့ အဲဒီ စာအုပ်ကြီးတွေကို ဆုတ်သင့်ရင် ဆုတ်ဖြဲပစ်ကြစမ်းပါ ဗျာ ။

          နိုင်ငံတော် ထောက်ပံ့မှုမပါပဲ လုပ်သွားတာ အတုခိုးစရာပါပဲ ။

        မျိုးဝင်း

(PPE ဝတ်စုံနဲ့ သေဆုံးသူအား ဆေးဖြန်းနေတာ အဲဒီ အရာရှိကိုယ်တိုင်ပါပဲ)



Related Posts:

  • "ရွှေပြည်လမ်း"အမေက ခါတွန်အဖေက ဗျော့ကြီးတိုင်းဌာနီ ရွှေပြည်ခရီးကမှန်းခက်လှပြီး။မေချစ်တို့ ရွာလွန်ဖေချစ်တို့ ရာဇမာန်ထီးတစ်ခြမ်းဖာ တစ်ခြမ်းမာနဲ့ပျော့မနပ်ကြီး။ခါတွန်နဲ့ ရွာလွန်ဗျော့ကြီးနဲ့ မာန်ထီးစွန်းမခင် အလယ်နှင်ရွေ့ကွယ်မဇၩိမခရီး။&n… Read More
  • အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ပစ်ခတ်ခဲ့သည့် သိန်းချီသော အမေရိကန် ဗုံး/ဒုံးကျည်များကြောင့် ဆီးရီးယား ပြည်သူ အများအပြားသေဆုံးခဲ့…………………………………………………………….နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media) ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကိုပစ်မှတ်ထား၍ အမေရိကန်ကထိပ်တန်းလျှို့ဝှက်စစ်ဆင် ရေးတစ်ရပ်ဆင်နွှဲခဲ့ရာတွင် ဗုံးနှင့် ဒုံးကျည်များ သိန်းနှင့်ခ… Read More
  • "ပြည့်စကောလည်"ဇေယျတုပေလို့သပြေနုရယ်နဲ့မှမြတ်ပရမေလှူတိုင်းမြန်ဇမ္ဗူ  သာစေကြောင်းသန့်ကြည်လင် ချမ်းရေစင်သွန်းကာလောင်းပါရဲ့ပြုပါကြကောင်းမှုအထွေထွေ၊မြတ်တောင်းဆု  အခါခါခြွေတယ်တိုင်းဌာနီ   သာစည်ဖြိုးစေဖို့လေး။ချိန်တန်ပြီ … Read More
  • "စီးတော်မူလေး"ကနောင်က ဗုံးထွင်မင်းတုန်းက ဂွိုင်ကေးသတ္တဝါတွေ သေမယ့်ဘေးမို့မင်းဆရာ စိတ်တော်မအေးတယ်ဘုန်းဘူးတဲ့လေး။ဘရွှေက ပြည်ထူမယ်စလူက အငယ်မွေးရင်သွေးတွေ ဒုက္ခထွေးလို့ဘကြီးစိန် အသက်သွင်းတဲ့ကျားသေရဲ့ဘေး။ကျေးဇူးတော်တင်ပါဘိတာဝန်သိလို့ သူယူမာရ… Read More
  • "ဆိတ်ဂွေးစိ"မလုပ်ရဲတာ ဘာမရှိ(အဟိ!!!)လုပ်ရဲတာနတ္ထိတဲ့စိပ်ပုတီးလည်ဆွဲနဲ့ဆိတ်ဂွေးစိကိုယ်တော်။လုပ်မလိုလိုဟုတ်မလိုလိုနဲ့မာန်သွေးကြွဟန်ရေးပြလို့သူပျော်။ဝိနည်းလွတ် သူမဆော်နိဗ္ဗာန်တော်မျှော်ငေးပို့မယ်ဆို ခဏလေးတဲ့မယားနော် ပြန်ခေါ်ချင်သေး။ဖြတ်ထုံး… Read More