Tuesday, July 27, 2021

သူ(ဗြဟ္မာဦးခေါင်း)


တိုက်ဆိုင်တာလို့ ဆိုရမလား။

သူမွေးပြီဆိုကတည်းက

အကိုလုပ်သူရေနစ်သေတယ်... 

အငယ်ဆုံးညီမ မီးတွင်းထဲမှာ ဆုံးတယ်...

နောက်ဆုံး ဖအေဖြစ်သူပါ အစိမ်းသေ သေခဲ့ရတယ်... 

အမေက တိုင်းပြည်ကထွက်ရတယ်... 

(ဟိုဘက်နိုင်ငံတွေမှာတော့ဘယ်လောက်မွှေခဲ့လဲတော့မသိဘူး....)

သက်တမ်းတစ်ဝက်လောက်ရောက် လို့ ဒီတိုင်းပြည်ကိုပြန်ရောက်ရော... 

မကြာဘူး အမေအပါအဝင် သေပေးလိုက်ရတဲ့မသာတွေ(8888)...

အပြင်မှာရှိနေချိန် လဲ
အစိုးရကို ကြပ်တာဆိုပေမယ့်
ပြည်သူတွေဘဲငတ်အောင်လုပ်တယ်။

အကိုအရင်းကြီးနဲ့တောင်သေခန်းပြတ်အောင်ဖြစ်ကုန်ကြတယ်...

ထောင်ထဲထည့်ထားချိန် နည်းနည်းတော်သေးလားမသိ။(ဒါတောင် ထောင်အတူကျဘူးတဲ့သူတွေ ထောင်ဘေးနားအိမ်ကလူတွေမေးကြည့်ရအုံးမှာ)

ပြန်လည်း ထွက်လာရော ပြဿနာ တန်းစီရှာပြန်တာပဲ။

ရောက်လေရာနေရာ ဆူညံဗွက်ပေါက်နေရော...

နေရာလေးရသွားတော့ ထိုင်းကို စသွားတယ် ..

ဟော..
ထိုင်းနိုင်ငံရေတွေကြီးပြီး မြန်မာလုပ်သားတွေတောင်ဝိုင်းရိုက်ခံရသေးတယ်...

ထိုင်ဝမ်ကိုသွားတော့...
တိုင်ဖုန်းမုန်တိုင်းလေး လက်ဆောင်ပေးခဲ့လိုက်တယ်....

အမေရိကကိုသွားတော့ အေးချမ်းတဲ့နိမိတ်ဆီးနှင်းမိုးတွေရွာတာ 
ကျောင်းတွေတောင်
ပိက်လိုက်ရသေးတာ...

ဗြိတိန်ကိုသွားတော့ 
ငလျှင်လေးလှူပ်ပေးခဲ့တယ်...

ပြင်သစ်လည်းရောက်ရော
ဗုံးပေါက်တော့တာပဲဗျို့...

ပခုက္ကူသွားဆည်ကျိုး...

မြောင်းမြသွား တံတားကျိုး...

မော်လမြိုင်သွားတော့ရေတွေကြီးလို့
peace talk မပြောရပဲ
ရေဘေးဒုက္ခသည်စခန်း
အရှက်ပြေဝင်လိုက်ရသေးတာ...

ကရင်သွားတော့ဇွဲကပင်တောင်ကြီး
မီးလောင်ရော...

ကားပေါ်ကနေ လက်သုံးချောင်းလည်း
ထောင်ပြလိုက်ရော မြောက်သုံးဖွဲ့
အကြမ်းဖက်ပါလေရော...

အာဏာရတော့ ပုဂံ အညာကဘုရားတွေ
ငလျင်ကြောင့်ထီးတော်တွေ မြေခ ခဲ့ရတယ်...

လက်နဲ့ထိလိုက်ပြန်တော့လဲ
၂လအတွင်း 
ကိုဖီအာနန်သေ
ဂျွန်မက်ကိန်း သေ
ထရံဒိုင်ကွန်သေပြန်ရော...

ICJ  ဂွင်ကို ပူးတွဲဖန်တီးလိုက်တဲ့ ဂမ်ဘီယာက တရားလိုကောင်လဲ ကိုဗစ်နဲ့သေရော...

ဘုမသိ ဘမသိ နဲ့လာတွေ့တဲ့
ပေါက်ဖော်ကြီးတောင်ဝူဟန်ကြောင့်
လူတွေအမြောက်အမြားသေကုန်လို့
ကမ္ဘာသိ ပတ်ငိုလိုက်ရသေး...

အတော်ဆုံးအချက်က
သူနဲ့ပဌာန်းဆက်ရှိတဲ့ ပြည်သူပြည်သားတွေကို
မိုက်ရိုင်း
ယုတ်မာ
အကြမ်းဖက် 
လူလူခြင်းသတ် 
လူစိတ်မရှိ 
ဘုရားစော်ကား 
ဘုန်းကြီးပြစ်မှား
မွေးထားတဲ့အမေ ဘာဖြစ်ဖြစ် 
သူသာလျှင်ကိုးကွယ်ရာအမေ ဖြစ်အောင် စိတ်ထဲရိုက်သွင်းသွားတာတော့ အောင်မြင်ခဲ့တယ်ဗျ...

သူကိုယ်တိုင်အမျိုးသမီးမဝင်ရဘုရားတွေပေါ်တက်
တစ်နိုင်ငံလုံးဒုက္ခမျိုးစုံရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်...

သူ တော်ကီပစ်ဘူးတဲ့နေရာတိုင်းအသေအပျောက်များတယ်....

သူနဲ့လက်တွဲအစိုးရလုပ်ခဲ့ဘူးသူမှန်သမျှ အကုန်ထောင်ကျကုန်ရော...

ဝရမ်းပြေးဖြစ်ကုန်ရော....

နောက်ပိုင်းသေတဲ့သူတွေသေကုန်ရော...

မျိုးရန်ကြောင်သိန်းတောင်စောစောစီးစီး အလုပ်ထုပ်ပစ်လိုက်လို့အသက်မသေဘဲဝရမ်းပြေးဖြစ်သွာရတာ...

အခုဖြစ်နေတဲ့ကပ်ရောဂါဆိုးတွေ မြန်မာပြည်ရဲ့ဒုက္ခမျိုးစုံဟာ
သူ့အကိုအကြီးဆုံး ပြောသလိုပဲ သေရင်အကုန်အေးချမ်းသွားလိမ့်မယ် တဲ့။

မဟုတ်ဘူးခင်ဗျ...
မြန်မာပြည်မှာသာသေရင် 
မသာက ဒုက္ခပေးဦးမှာ...
အရိုးက ဒုက္ခပေးအုံးမှာ
ပြာကဒုက္ခပေးအုံးမှာ။

အဲဒါ ဘာနက္ခတ်နဲ့ယှဥ်မွေးလာတယ်ခေါ်မလဲဗျ...

အဲဒီတော့ ဒီ ဗြဟ္မာခေါင်းကို
ဘယ်သွားချထားကြမလဲဗျ...

                                အွတ်😟😟😟

#credit




Related Posts:

  • သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်■ Information Sheet ဆိုပြီး ဘာသာ(၄)မျိုးလောက်နဲ့ သံရုံးတွေကိုနေ့စဉ် ပို့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီအချက်အလက်တွေက သံရုံးအတွက်တော့သိပ်ထူးခြားမှာမဟုတ်ဘူး…..ဒါပေမယ့် …..တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတရားဝင်ဖိတ်ကြားပြီးရှင်းလင်… Read More
  • ကယား PDF တွေ ဘာကြောင့် ကျရှုံးသွားခဲ့တာလဲ■ ကနဦးအစက ကယားပြည်နယ်မှာ ရှိတဲ့ PDF တွေကို ဝတ်စုံ၊ ငွေကြေး၊ ဆေးဝါးတွေ ထောက်ပံ့ပေးနေတဲ့ မျိုးပပကို  ဩဂုတ်လ ၁၂ ရက် ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်၊ Star City အိမ်ရာ၊ အခန်းအမှတ် (A3/1023)မှာ ဖမ်းဆီးရမိခဲ့တာက  စပါ… Read More
  • အနှစ်သာရကို ဖျက်ဆီးပစ်တယ်သတင်းစာရှင်းလင်းပွဲ ပထမပိုင်းအပြီး ဒုတိယပိုင်း မေးမြန်းခန်း အစီအစဉ်ကို ဖြတ်ချပစ်တာဟာလည်း အဘရဲ့ အကွက်တွေပဲလား။ ကောင်းနေ လှနေတုန်းပဲလား။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးမြန်းခန်းအစီအစဉ်ဟာ သတင်းစာရှင်းလင်းပွဲရဲ့ အဓိကအကျဆုံး အနှစ်… Read More
  • အဲ့ဒီ လူကြီး ... 💚💚 💚 💚💚 👨‍✈️👨‍✈️  အနီတွေ အရမ်းမုန်းခဲ့တာ 👉 အဲ့ဒီလူကြီး ... တော်ရုံမင်းတွေ မတင်ရဲတဲ့  ရွှေတိဂုံဘုရားကို သက်သတ်လွတ်စားပြီး ထီးတင်သွားခဲ့တာ 👉 အဲဒီ့လူကြီး ... ရန်ကုန်မြို့ မင်းဓမ္မတောင်ကုန်းက ကျောက်တော်ကြီးဘုရားကို အများပြည်သူ ဖူးရအေ… Read More
  • #NLDဦးဝင်းထိန်သားမဂ်လာဆောင်ကိစ္စပေါ်ကုန်ပြီNLD ပါတီဗဟိုကော်မတီဝင် ဦးဝင်းထိန်၏ ချွေးမနှင့် သမီးဖြစ်သူ တို စကားများ ရန်ဖြစ်ကာ အပြန်အလှန်ပုတ်ခတ် ပြောဆိုထားသည့် screenshot ၄ ခု လူမှုကွန်ယက်တွင် ပေါ်ထွက်လာ ====================================နှင်းရတနာဇော် ဆိုတာက ဦးဝင်းထိန်… Read More