Monday, July 26, 2021

ရုရှားဘာကြောင့် အမေရိကန်ကို အခဲမကြေတာလဲ။


တချိန်က ကမ္ဘာ့မြေပုံရဲ့ ခုနစ်ပုံ
တစ်ပုံကို ပိုင်ဆိုင်ထားတဲ့
ဆိုဗီယက်ရုရှား ပြည်ထောင်စုကြီးဟာ ကမ္ဘာ့အကြီးဆုံးကွန်မြူနစ်
နိုင်ငံကြီးဖြစ်ခဲ့ပါတယ်။

ဆိုဗီယက်ရုရှားပြည်ထောင်စုကြီး
ပြိုကွဲခြင်းနဲ့ မြန်မာပြည်ရဲ့
လက်ရှိလားရာလမ်းကြောင်းဟာ
တူညီနေသည့်အတွက်
လက်ရှိရုရှားနိုင်ငံသည်
မြန်မာ့အရေးထဲ ပါ၀င်လာခြင်း
ဖြစ်သည်။

ဂေါ်ဘာချော့ဗ်ဆိုတာ ဆိုဗီယက်ပြည်နယ် စုစုပေါင်း ၁၅ပြည်နယ်
စုပေါင်းဖွဲ့စည်းထားတဲ့ ဆိုဗီယက်
ယူနီယံကြီးရဲ့ ဗဟိုသမ္မတဖြစ်ပါ
တယ်။

သူဟာ သူ့နိုင်ငံကို လက်နက်ယှဥ်
ပြိုင်ပွဲကြီးတွေနဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ ရန်လိုမှု ကျူးကျော်
မှုတွေကင်းတဲ့ နိုင်ငံတော်ကြီး
အဖြစ် မြှင့်တင်ချင်ခဲ့တယ်။

ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးကို
မလိုလားတဲ့ ကွန်မြူနစ်ပါတီ၀င်
ဂိုဏ်းသားတွေရဲ့ နှောက်ယှက်ဟန့်
တားမှု၊ အကြမ်းဖက်အာဏာသိမ်း
မှုတွေကို ရင်ဆိုင်လာရတယ်။

အာဏာသိမ်းမှုက သုံးရက်သာကြာ
ပြီး ကမ္ဘာကိုကိုင်လှုပ်တဲ့ သုံးရက်လို့
ကမ္ပည်းတင်ခဲ့ကြတယ်။

ဒီအာဏာသိမ်းမှုကို ဖြုခွင်းခဲ့တာက
ရုရှားပြည်နယ်ခေါင်းဆောင်
ဘောရစ်ယဲ့လ်ဆင် ဖြစ်ပါတယ်။
ဆိုဗီယက်နိုင်ငံတော်ကြီးကို
ကယ်တင်ဖို့ဆိုရင် သမ္မတကြီး
မကျဆုံးဖို့လိုတယ်။ အာဏာလက်
မဲ့ မဖြစ်ဖို့လိုတယ်လို့ သုံးသပ်ပြီး
ကွန်မြူနစ်လက်ဟောင်းကြီးတွေရဲ့
အာဏာသိမ်းမှုကို အမြင်မှန်ရလာ
တဲ့ တပ်နီတော်ရဲ့ အကူအညီနဲ့
အောင်မြင်အောင် ဖြိုခွင်းပေးခဲ့
တယ်။

အဲ့ဒီအချိန်ကစလို့ ရုရှားပြည်နယ်
တခုတည်းရဲ့ ခေါင်းဆောင်ဟာ
ပြည်နယ် ၁၅ခု ဖွဲ့စည်းထားတဲ့
နိုင်ငံတော် သမ္မတကြီးထက်
နိုင်ငံရေးသြဇာဟာ ပိုမိုလင်းလက်
တောက်ပလာပါတယ်။

လက်ရှိမြန်မာပြည်ရဲ့ ပြည်နယ်
အသီးသီးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ရ ဒေသအဖြစ် ခွဲထွက်ဖို့
ပုန်ကန်ထကြွနေကြသလို
ဆိုဗီယက်ရုရှားပြည်ထောင်စုကြီး
ရဲ့ အသွင်ကူးပြောင်းရေးကာလမှာ
လည်း ပြည်နယ် ၁၅ ခုဟာ ကိုယ့်
ပြည်နယ်ကိုယ် ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရ ဒေသဖြစ်ဖို့ တောင်းဆိုသံတွေ
ဟာ ဟိန်းဟိန်းညံလာပါတော့တယ်

ဒီအချိန်မှာ ဆိုဗီယက်သမ္မတဟာ
လူ့အတ္တအရ မှားယွင်းတဲ့လမ်း
ကြောင်းကို လိုက်ခဲ့တယ်။

ပြည်တွင်းမှာရှိတဲ့ တပ်နီတော်ကို
ပိုင်ဆိုင်ထားသူ ရုရှားပြည်နယ်
ခေါင်းဆောင်လို မျိုးချစ်ခေါင်း
ဆောင်တွေရဲ့ အင်အားကိုယူပြီး
လက်တွဲပူးပေါင်းရမယ့်အစား
ပြည်နယ် ၁၅ခုလုံးက်ို ထိန်းချုပ်ဖို့
အမေရိကန်နဲ့ အနောက်ကမ္ဘာရဲ့
ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး
ဒီမိုကရေစီနိုင်ငံတော်သစ်ကို
ဖော်ဆောင်ခဲ့ရာ အဆင်ပြေမယ်လို့
လွဲမှားစွာယူဆခဲ့ပါတယ်။

ကိုယ့်ရဲ့အနီးဆုံးမှာရှိတဲ့ ပြည်တွင်း
အမျိုးသားရေးအင်အားစုတွေက်ို
ပစ်ပယ်ခဲ့တယ်။ တပ်နီတော်မှာ
သြဇာညောင်းနေတဲ့ ယဲ့လ်ဆင်နဲ့
ယုံကြည်မှုက်ို မတည်ဆောက်ခဲ့တာ
ဟာ သမိုင်းတန်ဖိုးကြီးကြီးမားမား
ပေးဆပ်လိုက်ရတဲ့ ဆိုးရွားလှတဲ့
အမှားကြီးဖြစ်ခဲ့တယ်။

နိုင်ငံတော်ရဲ့ ပကတိအင်အားဟာ
နိုင်ငံတွင်းမှာပဲရှိတယ်ဆိုတဲ့ စကား
ကို ကျောခိုင်းခဲ့တယ်။ ပြည်တွင်း
အားကို မယုံကြည်ခဲ့လေဖူး။
အမျိုးသားရေးကို မျက်ကွယ်ပြု
ဂူတခုတည်း ခြင်္သေ့နှစ်ကောင်
မအောင်းနိုင်ဖူးဆိုတဲ့မူကို လွဲမှားစွာ
ဆုပ်ကိုင်ခဲ့တယ်။

တကယ်အရေးကျမှ ဆိုဗီယက်
သမ်မတဟာ သူအားကျိုးခဲ့တဲ့
အမေရိကန်နဲ့ အနောက်ကမ္ဘာရဲ့
လှည့်စားမှုကို ရင်နာစွာနဲ့
အံကြိတ်ခံခဲ့ရတယ်။

ပြည်ထောင်စုတွင်း ပြည်နယ်တွေ
ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို
အမေရိကန်နဲ့ အနောက်ကမ္ဘာကပဲ
မြှောက်ပေးခဲ့ပြီး အခွင့်ရေးရတာနဲ့
အချိန်ကိုက် ဖြိုခွဲခဲ့တယ်။

ထိုအချိန်မှစ၍ ကမ္ဘာ့အကြီးဆုံး
ကွန်မြူနစ်နိုင်ငံကြီးဖြစ်တဲ့
ဆိုဗီယက်ရုရှားပြည်ထောင်စုကြီး
ဟာ အမေရိကန်နဲ့ အနောက်ကမ္ဘာ
ရဲ့ စနက်ကြောင့် ပြည်နယ် ၁၅ခု
ကနေ နိုင်ငံငယ် ၁၅နိုင်ငံအဖြစ်
ရုရှားနိုင်ငံ၊ ယူကရိန်း၊ ကာဂျစ္စတန်၊
ဘယ်လာရုစ်၊ ဥဇဘက်ကစ္စတန်၊
ဂျော်ဂျီယာ၊ အဇာဘိုင်ဂျန်၊ မော်လ်
ဒိုဗာ၊ ကာဂျီဇီးယား၊ တာဇစ်ကစ္စတန်၊ အာမေးနီးယား၊ တပ်ခ်မင်နစ္စ
တန်၊ လစ်သူရေးနီးယား၊ လပ်ဗီး
ယား၊ အက်စ်တိုးနီးယားဆိုတဲ့
နိုင်ငံလေးတွေအဖြစ် အစိတ်စိတ်
အမွှာမွှာ ကွဲထွက်သွားခဲ့တာ ယနေ့
တိုင်အောင်ပဲ ဖြစ်ပါတယ်။

ဆိုဗီယက်ရုရှားအင်ပါယာကြီးဟာ
နိုင်ငံငယ်ပေါင်းများစွာအဖြစ်
အင်အားချိနဲ့စွာနဲ့ ပြိုကွဲခဲ့ရတာ
ဖြစ်ပါတယ်။

ဆိုဗီယက်သမ္မတဟာလဲ ၁၉၉၀ ခု
နှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်
စုကြီး ချီးမြင့်ခံခဲ့ရတယ်။
အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံတွေ
မှာ တစုံတရာသော အပြောင်းအလဲ
မြင်ရပြီဆိုလျှင် ခါတော်မီပါ၀င်
ပုံဖော်သူ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်
အရေးလမ်းကြောင်းနဲ့ နီးစပ်သူ၊
အမျိုးသားရေးကိုယ်ခံအားနည်းပြီး
ထင်ရှားကျော်ကြား၍ မိမိကြိုးဆွဲ
ရာ ကမည့်သူများကို နိုဘယ်ရရှိစေ
နိုင်တဲ့ စေတစ်လုံး အမေရိကန်မှာ
ရှိတယ်ဆိုတာ ရုရှားလက်တွေ့ခံခဲ့
ရပြီ ဖြစ်ပါတယ်။

ဆိုဗီယက်ရုရှားနိုင်ငံတော်ကြီး
ပျောက်ကွယ်ကာ နိုဘယ်ဆုရှင်
သမ္မတကြီး အမေရိကန်နဲ့ အနောက်
အင်အားစုရဲ့ လှည့်ကွက်ကြားမှာ
သမိုင်းမလှ ဇာတ်သိမ်းခဲ့ရပါတယ်။

ဂေါ်ဘာချော့ဗ်ဟာ ပြည်သူအစပျိုး
တဲ့ ဒီမိုကရေစီနိုင်ငံကြီးမွေးဖွားပေး
ဖို့ ရင်တွင်းစေတနာက ကောင်းမွန်
ခဲ့မှာပါ။ သို့သော် ပြည်တွင်းကိုမယုံ
ပြည်ပကို အထင်ကြီး အကူညီယူခဲ့
တဲ့ ပယောဂဆိုးကျိုးဟာ ကမ္ဘာ့
အင်အားလွန်နိုင်ငံကြီးတစ်နိုင်ငံကိုအစိတ်စိတ်အမွာမွာ ပြိုကွဲစေခဲ့ပါ
တယ်။

မိမိတို့မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း
လဲရေးကာလမှာလဲ ပြည်ပအနောက်နိုင်ငံတွေက်ိုသာ အားကိုးတဲ့ ပြည်တွင်းအားတွေက်ို ယုံကြည်
မှု မတည်ဆောင်နိုင်တဲ့ လူထုခေါင်း
ဆောင်ဦးဆောင်ခဲ့မယ်ဆိုလျှင်
ဆိုဗီယက်ရုရှားနိုင်ငံကြီး နိုင်ငံ
၁၅ နိုင်ငံအဖြစ် ပြိုကွဲသွားသလို
မြန်မာနိုင်ငံဟာလည်း ပြည်နယ်နှင့်
တိုင်း အသီးသီး ကွဲထွက်သွားပါ
လိမ့်မယ်။

ဆ်ိုဗီယက်ရုရှားအင်ပါယာကြီးဟာ
အင်ပါယာထဲမှာပဲ အသက်ထွက်
စုတေသွားရသလို မြန်မာနိုင်ငံတော်
ကြီးဟာလဲ သေနတ်တစ်ချက်မှ
မထွက်ရပဲ ကွဲထွက်အောင်လုပ်ဖို့
မြှောက်ပင့် သွေးထိုးခံနေရလို့
အချင်းချင်း ကာလရှည်ကြာစွာ
ဖိုက်နေကြတယ်ဆိုတာ
သတိထားမိကြမှာပါ။

#သီဟသူ
(လယ်တွင်းဂုဏ်ရည် စဥ့်ကိုင်)

ကောက်နုတ်ချက်