အငြင်းပွားဖွယ် တောင်တရုတ်ပင်လ်ာထဲက
ကျွန်းစုတွေဆီကို ဗြိတိသျှတော်ဝင်ရေတပ်က
HMS Queen Elizabeth လေယာဉ်တင်
သင်္ဘောဝင်ရောက်လာတယ်၊
အိန္ဒိယသမုဒ္ဒရာနဲ့ မလက္ကာရေလက်ကြားကို
ဖြတ်သန်းတဲ့လမ်းကြောင်းက ဝင်ရောက်ခဲ့တာပါ
တရုတ်ရေတပ် စစ်သင်္ဘောတွေက ချက်ခြင်း
တုန့်ပြန် မောင်းထုတ်ခဲ့တာတွေ့ရတယ်၊
ထူးဆန်းနေတာတခုကို
သတိထားမိတယ်၊
ဗြိတိသျှရေတပ်ကပဲ ရုရှားခရိုင်းမီးယားဖက်
ရေပိုင်နက်ထဲကို ကျူးကျော်လာလို့ ရုရှားဖက်က
စစ်သင်္ဘောရော၊ လေယာဉ်ပါထလိုက်ပြီး
ခပ်ဝေးဝေးက ဗုံးတလုံးတောင်ကြဲချလိုက်
ပါသေးတယ်၊ ချက်ခြင်းပဲ ဗြိတိသျှစစ်သံကို
ရုရှားအစိုးရကခေါ်ပြီး သတိပေးခဲ့သေးတာ
မကြာသေးပါဘူး၊ အခုတခါ တရုတ်ဖက်က
ဒုတိယအကြိမ်။
အရင်ကဆိုရင်....
ဒါမျိုးစမ်းသပ်ချက်ဟာ
အမေရိကန်ကသာ လုပ်လေ့ရှိပြီး
1970s ကျော်ကာလ ဖေါက်ကလန်စစ်ပွဲ
( မာဂရက်သက်ချာကာလ ) နောက်ပိုင်း
ဗြိတိသျှစစ်ရေး အတော်လေးအရောင်မှိန်ခဲ့ပြီး
အမေရိကန်ကသာ နေရာတကာပါခဲ့တာမျိုးပါ၊
အငြင်းပွားကျွန်းဆွယ်တွေရှိတဲ့
တောင်တရုတ်ပင်လယ်ကို အိုဘားမား၊
ထရမ့်လက်ထက်က စစ်သင်္ဘောတချို့
စေလွှတ်ခဲ့ပြီး၊ ဘိုင်ဒင်လက်ထက်မှာ
ဘာလို့ စစ်သင်္ဘောက ယူကေဖက်ကဖြစ်လာရတာပါလဲ ?
#နေဇင်လတ် (30.7.21) 🐬