Tuesday, July 27, 2021

လွတ်မြောတ်နယ်မြေမှ မလွတ်မြောက်ကြသူများ


သူများငိုရင်တောင် လိုက်ငိုတတ်တဲ့ ကျွန်တော်။ အိပ်ယာဝင် ပုံပြင်လေးတွေ နားထောင်ရင်း ပုံပြင်ထဲက မင်းသမီးလေးကို သနားပြီး မဆီမဆိုင် ငိုတတ်တဲ့ ကျွန်တော်။ သူများသေတာတို့၊ ခုလို ဒီပုံမှာ နွားရိုတ် အရိုတ်ခံနေရတာကို ကြည့်ပြီး ဘယ် လိုစိတ်နဲ့များ အားရနေနိုင်မှာလဲ?

ဒါ တို့သွေး တို့သား တို့ညီလေး ညီမလေးတွေ။ တိုင်းပြည်ရဲ့ ရ
တနာလေးတွေ။ ခုတော့တောထဲမယ် အစိမ်းခြွေ အခြွေခံနေရလေရဲ့။ ကျားကြီးကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုတာ အခု သိပြီလား။ အမေကျော် ဒွေးတော် လွန်းကြတာ မှတ်ပြီလားလို့ မျက်နှာစေ့စေ့ကြည့် မေးလိုက်ချင်ရဲ့။

လူမျိုးရေးအမုန်းစိတ်တွေ ရိုတ်သွင်းခံထားရသူတွေက မင်း
တို့ကို ရွှေပေါ်မြတင်၊ ပြစ်မျိုးမှဲ့မထင် ထားမယ်များ ထင်နေ
သလား။ ဟိုသရုပ်ဆောင် တောထဲလာတယ်၊ ဒီလူရွှင်တော်
တောထဲလာတယ်နဲ့ သူတို့ ဘယ်နှစ်ခါ ထွက်တိုက်တာ မင်းတို့
မြင်လဲ။ ခေါင်းပွင့်ပြီး သေသွားကြသူတွေထဲ သူတို့တွေ ပါ
လား။

မြှောက်ပေးသူတွေပါလား၊ သူတို့သားသမီးတွေပါလား။ ဖြေကြစမ်းပါ။ တို့ကိုကြ စစ်ကျွန်တွေတဲ့ မင်းတို့အခု သူပုန်ကျွန်
ဖြစ်နေပြီ။ ကျွန်ချင်းတူခဲ့ရင်တောင် ဂုဏ်သိက္ခာချင်း မတူဘူး
ကွ။ မင်းတို့ နားလည်တဲ့ နိုင်ငံရေးဆိုတာ (စစ်တပ်ကို မုန်းတယ်) ဆိုတာထက် မပိုပါဘူး။ 

မင်းတို့သံပြိုင် ဟစ်ကြွေးခဲ့ကြတယ်၊ ဘာတဲ့ ဗိုလ်ချုပ်ပေးတဲ့
စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးတဲ့။ ခု မင်းတို့ကို ပြန်မေးမယ်။ သူပုန်ပေးတဲ့ စစ်ပညာက ပြည်သူတွေကို သတ်ဖို့လား၊ စာသင်ကျောင်း မီးရှို့ဖို့လား၊ ဗုံးခွဲဖို့လား၊ ဆရာ/မတွေကိုသတ်ဖို့လား၊ ဒလန်လို့ စွပ်စွဲပြီး သတ်ဖို့လား။ သူပုန်ကျွန်ခံ
ဖို့လား။ ဖြေကြလေကွာ။ မင်းတို့ ဘယ်ကို ဦးတည်လျှောက်နေကြတာလဲ? ဘာတွေ လုပ်နေကြတာလဲ?

မဲမသမာမှု ဖြစ်တာကနေ စပြီး နိုင်ငံရေး ခုလိုဖြစ်လာတယ်။ ကိုဗစ်က ဝင်မွှေတယ်။ နိုင်ငံရေး စားဖားတွေက အမုန်းတရား
တွေကို နှိုးဆွလို့ အခုလောက်အထိ ရှုပ်ထွေးသွားရတာ။အချိန်
တစ်ခုပြီးတဲ့အခါ ပုံမှန်ပြန် လည်ပတ်သွားလိမ့်မယ်။ ဘယ်အရာမှ ထာဝရမြဲမနေပါဘူး။

ငါတို့ကိုယ်တိုင် တောင်းတန်းမှာ တာဝန်ကျဖူးတယ်။ ဒုက္ခသုက်ခတွေကို သိတယ်။ ညီလေးတို့ ညီမလေးတို့ ပြန်လာခဲ့ကြ၊ တပ်မတော်နဲ့ လက်တွဲကြမယ်၊ အတူရင်ဆိုင် ဖြေရှင်း
ကြစို့။ နိုင်ငံရဲ့ ပြဿနာဟာ တို့အားလုံး ပြဿနာ ဖြစ်တယ်။ 

မလွတ်မြောက်နယ်မြေကနေ လွတ်မြောက်နယ်မြေဆီ ပြန်
လာခဲ့ကြ။ အမုန်းတရားတွေ ခဝါချခဲ့ကြ။ လာ တို့တွေ လက်
တွဲကြမယ်။ ဟိုးမှာတွေ့လား သိပ်လှတဲ့ ရောင်နီနွေးနွေးတွေ။

ချစ်ခြင်းများစွာဖြင့်
25/ 7/ 2021 (Sunday)



Related Posts:

  • ပရုတ်လုံံးNUG နဲ့ PDF တို့ရဲ့တော်လှန်ရေးကြွေးကြော်သံဖြစ်တဲ့ငါတို့နိုင်မှာဆိုတာလက်ခံပါတယ်။ဒါပေမယ့် တစ်ခုသိလို မေးလိုတာကနိုင်ရင်ဘာဆက်လုပ်မှာလဲဆိုတာပါ။PDF နိုင်ရင် မြန်မာ့တပ်မတော်မရှိတော့ဘူး။ဒါဆိုရင်ဖြစ်လာမယ့်အကျိုးဆက်ကဘာဖြစ်မလဲ။တာလီဘန်တွ… Read More
  • ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လာရောက်လုပ်ကိုင်ဖို့ စီစဉ်နေအောက်တိုဘာ ၄-၂၀၂၁ရုရှားအစိုးရနဲ့ ရုရှားပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အချို့က မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ လာရောက် လုပ်ဆောင်ဖို့ စီစဉ်နေပြီလို့ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ရုရှားဟာ မြန်… Read More
  • ယောပျိုဖြူရဲ့ ပုလဲလုံးလေး- - - - - - - - - - - - - -ဂန့်ဂေါ ဆိုရင်ယောမြို့တော်လို့ချက်ချင်းသိကြမှာပါ။အညာဒေသ မကွေးနဲ့တောင်ပေါ်ဒေသချင်း ပြည်နယ် ကြားထဲကဘယ်သူနဲ့မှမတူတဲ့ဓလေ့ ဘာသာစကားရှိတယ်။ဗမာစကား ကိုအဓိပ္ပါယ် အနက်မပြောင်းလဲဘဲအသုံးအနှုံး ကွဲလွဲယုံသာ။ရေခွ… Read More
  • ပညာမဲ့တွေ ရဲ့လုပ်ရပ်ဆိုတာရင်နာရလွန်းလို့ ဘာစကားမှပြောစရာမရှိတော့အောင်ပဲ.. mobile အင်တာနက်အဆင်ပြေဖို့ ငါတို့တနေ့ကို ၃နာရီပဲအိပ်ပြီးလုပ်ခဲ့ရတာတွေဟ.. ငါတို့ engineer တွေ နထင်သေနတ်ထောက် စစ်မေးခံပြီး tower ဆီအရောက်သွားခဲ့တာတွေ.. လမ်းကြမ်းတော့ ကားတွေမှောက်… Read More
  • ~~~မှတ်မိကြမှာပါ    ဒေါ် အောင်ဆန်းစုကြည်  အစိုးရမပြုတ်မီ  မဲဆွယ်ကာလမှာကိုဗစ်  အကြောင်းပြပီး  သွားလာခွင့်တွေ  ပိတ်ပင်ထားခ်ျန်မှာတောင်  ကိုကိုးကျွန်းကို  သွားခဲ့တဲ့  ခရီးစဉ်လေးကို သတိပြုမိကြမှာပါ     အဓိက  ရည်ရွယ်ချက်ကတော့  အဲဒီကိုကိုးကျွန်းမှ… Read More