🌀 ဘုရားဂုဏ်ကို ဖျက်တဲ့အခါ
ဗုဒ္ဓဘုရားဆိုတာ
အိန္ဒိယတိုက်ငယ်ထဲက
မင်းသားတစ်ပါးပဲ
သာမာန်
လူပုဂ္ဂိုလ်တစ်ယောက်ပဲမို့
အရမ်းကြီး အလေးအနက်ထား
ကိုးကွယ်စရာမလိုပါဘူး..တဲ့
🌀 တရားဂုဏ်ကို ဖျက်တဲ့အခါ
သတင်းစာရဲ့
မျက်နှာဖုံးထောင့်နားက
ဗုဒ္ဓအဆုံးအမတွေဟာ
အခြားဘာသာဝင်တွေကို
စော်ကားရာကျတာမို့
ထည့်သွင်း
မဖော်ပြသင့်တော့ဘူး....တဲ့
🌀 သံဃာဂုဏ်ကို ဖျက်တဲ့အခါ
သူတို့လိုတဲ့အချိန်
လမ်းပေါ်ထွက်ဆန္ဒမပြရင်
ထမီထုပ်ပို့ပေးပြီး
အမှန်တရားကိုပြောပြတဲ့အခါ
ဘုန်းကြီးက
ဘုန်းကြီးအလုပ်မလုပ်ဘူး
ဝိနည်းတော်နဲ့ မညီဘူး...တဲ့
သံဃာတော်တွေဟာ
လူတွေအတွက် ဘာမှမလုပ်ပဲ
လူတွေလှူတာတွေစားပြီး
နိူင်ငံတော်မှာ လူ့စွမ်းအားအရင်းအမြစ်ဆုံရှုံးတယ်လို့
အသိဉာဏ်နည်းတဲ့သူတွေရဲ့ခေါင်းထဲကိုရိုက်သွင်းထားတယ်
🌀 မိဘဂုဏ်ကို ဖျက်တဲ့အခါ
သားသမီးဆိုတာ
အဖေနဲ့အမေ
သွေးသား
ကမြင်းကြောထကြလို့...တဲ့
🌀 အာစရိယဂုဏ်ကို ဖျက်တဲ့အခါ
ဆရာမဟုတ်ဘူး
သင်ကြားရေးဝန်ထမ်း...တဲ့
🌀 အမျိုးသားရေးကို ဖျက်တဲ့အခါ
မျိုးချစ်စိတ်ဆိုတာ
ဒီဘက်ခေတ်မှာ
သိပ်အလုပ်မဖြစ်တော့ဘူး..တဲ့
🌀 ယဉ်ကျေးမှုကို ဖျက်တဲ့အခါ
မြန်မာစကားမှာ
ဆောရီး ဆိုတာမရှိလို့
မြန်မာတွေက
မတောင်းပန်တတ်ကြဘူး...တဲ့
🌀 လူမျိုးရေးကို
သွေးခွဲဖို့အတွက်ကြတော့
မြန်မာဆိုတာ
ဗမာကိုယ်သာ ကိုယ်စားပြုပါသတဲ့
တိုင်းရင်းသားတွေနဲ့ မဆိုင်ဘူး...တဲ့
🌀 တိုင်းပြည်ဖျက်ဖြိုကြတော့
တိုင်းပြည်လုံခြုံရေးကို ကာကွယ်နေတဲ့
စစ်တပ်ကိုဖျက်ဖို့ကြံတယ်
လုပ်လို့မရတော့
တပ်မတော်ကိုပြည်သူတွေမုန်းအောင်ဖန်တီးတယ်
🌀 တိုင်းပြည်ငွေကြေးအခက်အခဲ၊အကြပ်အတည်းတွေ့အောင်
မြန်မာ့ဗဟိုဘဏ်ကပိုင်တဲ့
ဒေါ်လာသန်း ၁၀၀၀ ကို အမေရိကန်ဘဏ်ထဲကို သူ့အာဏာမပြုတ်ခင်မှာ ပြောင်းထည့်၊ ဘဏ်ဝန်ထမ်းတွေ အလုပ်မဆင်းခိုင်းဘူး
ဘဏ်တွေပြိုလဲသွားအောင်
လူတွေအားလုံးကို ဘဏ်ထဲမှာရှိတဲ့ငွေတွေအကုန်ထုတ်ခိုင်းတယ်
🌀 ပြည်သူလူထုတွေ ကျန်းမာရေးဒုက္ခဖြစ်ပြီး အသေအပျောက်များလာအောင်
ဆရာဝန်တွေကို CDM လုပ်ခိုင်းတယ်
ဆေးရုံတစ်ချို့မှာရှိတဲ့ အောက်ဆီဂျင်စက်တွေဖျက်ဆီးပစ်ခိုင်းတယ်
ကဲ ဘာတွေ ထပ် ကျန်သေးလဲ ။
အဲ့ဒီလိုတွေ စကားတွေ
ဘယ်သူတွေ ပြောခဲ့သလဲ
အဲဒီလိုအလုပ်တွေ
ဘယ်သူတွေ လုပ်ခဲ့သလဲ
သိပ်ဝမ်းနည်းစရာကောင်းတယ်။
အချိန်မှီကလေးပါပဲ.....
အချိန်မှီရုံကလေးပါပဲ........
ပြန်ဆယ်တင်ခဲ့ကြရတာ
credit
ဆုတင်
Su Tin