Friday, July 30, 2021

ငှက်ပုတ်သင်


         မနက်လင်းတာနဲ့ ကိုစိုး နဲ့ အတူ လူငယ် နှစ်ပါ အိမ်ရောက်လာပါတယ် ။ ထုံးစံအတိုင်း လက်ဖက်ရည် နဲ့ ဘရိတ်ဖတ် တွယ်ပြီးတာ နဲ့ ကိုစိုးက မိတ်ဆက်ပေးပါတယ် ။ 

"ငမျိုးရေ ဒါက ငါ့မိတ်ဆွေရဲ့ သားတွေဟေ့ နီနီရဲရဲလေး​တွေပဲကွ နိုင်ငံရေး နဲ့ ပတ်သက်ပြီး သူတို့ မရှင်းတာလေးတွေ မေးကြည့်စေချင်လို့ ငါ ခေါ်လာတာ ကွ မင်းဖြေပေးအုံး ''

"သြော် ခင်ဗျားလည်း သိနေတာပဲ ကိုယ့်ဘာသာ ဖြေပေါ့ ဗျာ ''

"မင်းနဲ့ အဲဒါကြောင့် ခက်တာပဲကွ သတင်းစာရှင်းလင်းပွဲကို တပ်ချုပ်ကြီးကိုယ်တိုင် တက်လာတာတွေ့ဖူးသလား ဇော်မဲလုံးကြီးပဲ လုပ်နေရတာလေ ကွာ ကိုယ့်အဆင့်ကိုယ်သိ ကိုယ့် အလုပ်ကိုယ်လုပ် ကွာ 😁😁😁''

"ကိုယ့်ဘာသာ မဖြေရဲရင် မဖြေရဲဖူး မပြောဘူး ကြံဖန် ပဏာယူနေသေးတယ် ကဲ ငါ့တူတို့က ဘာသိချင်တာလည်း ကွ ''

"တပ်မတော်က ၈၈ တုန်းကတည်းက ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်လာတာ ဟုတ်သလား ဗျ ''

"ဦးပြန်မေးမယ် နော် အခု ၂၀၂၁ မှာ ဆန္ဒပြကြတော့ တပ်မတော်က ပြည်သူတွေကို လူစုခွဲဖို့ ၊ စည်းမကျော် ဖို့ ၊ ရာဘာတုတ် ရေကား မီးခိုးဗုံး အသံဗုံး တွေ နဲ့ ဥပဒေအရ ဦးစွာ နှိမ်နင်းမရလို့ ရာဘာကျဥ်နဲ့ ပစ်တယ် မရဘူး ၊ နောက် မှ အမှန်ပစ်ခတ်တဲ့ ဖြစ်စဥ်တွေ ရှိခဲ့တာ လက်ခံသလား ကွ''

"ဒါကတော့ ကျနော်တို့ မျက်မြင် ကိစ္စတွေ ဆိုတော့ အဲဒီလို အဆင့်လိုက် လုပ်သွားတာ မှန်ပါတယ် ဒါပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြကြတာပဲလေ ဒါက ဒီမိုကရေစီ စနစ်လေ ''

"OK ကောင်းပြီ ဒီမိုစနစ်အရ ဆန္ဒပြခွင့် ရှိသလို ငြိမ်း စု စီ ဥပဒေအရ မင်းတို့က အစိုးရကို တရားဝင် ခွင့်ပြုချက် တောင်းခဲ့ကြသလား ကွ ''

"မတောင်းဖူးလေ ပြည်သူတင်မြှောက်တဲ့ အစိုးရမှ မဟုတ်တာ ''

"အေးကွ အာဏာသုံးရပ် ဖြစ်တဲ့ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး ကဏ္ဍတွေကို ပြုလုပ်နိုင်စွမ်းရှိနေရင် မင်း ကြိုက် ကြိုက် မကြိုက် ကြိုက် အဲဒါ အစိုးရ ပဲ ကွ ဒါကိုတော့  လက်ခံရမယ် ၊ လက်မခံနိုင်ရင် မင်းတို့ တောခိုသူပုန်လုပ် နိုင်ငံခြား လစ်တော့ ဒါပဲ ရှိတယ် ကွ ''

"အင်း ဒါလည်း ဟုတ်တာပဲ ဗျ ဒါနဲ့ ကျနော်တို့ မေးတာ ၈၈ အကြောင်းနော် ''

"အေး ဦးပြောချင်တာလည်း ၈၈ အကြောင်းနဲ့ ဆက်စပ်နေတဲ့ အခု ၂၀၂၁ အကြောင်း နဲ့ ချိတ်ပြီး ပြောချင်လို့ ၈၈ တုန်းကလည်း ဒီလိုပဲ အဆင့်ဆင့် ဥပဒေအရ ဖြိုခွဲခဲ့တာပဲ ကွ ''

"ထောက်လှမ်းရေးက အပြစ်မဲ့ ပြည်သူ​တွေပါဖမ်းပြီး နှိပ်စက်ခဲ့တာကရော ''

"OK အခု လတ်တလော ၂၁ ဖြစ်စဥ်မှာ ဘာမပြစ်မှ ကျူးလွန်မထားပဲ အဖမ်းခံရသူ ဘယ်သူရှိသလဲ ကွ ဦးကို အမည် နေရပ် အတိအကျ ပြောပြစမ်းပါ ''

"အင်......အဲလိုမေးရင်တော့ ဖြေရခက်တာ အမှန်ပဲ အခု အဖမ်းခံရသူတွေက နဲနဲတော့ လှုပ်ရှားခဲ့သူတွေ များပါတယ် ''

"၈၈ တုန်းကလည်း အခုလိုပဲကွ အိမ်ထဲ ထိုင်နေတဲ့သူ အဖမ်းမခံရပါဘူးကွာ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါခဲ့ကြလို့သာ အဖမ်းခံ ထောင်ချခံကြရတာပါ အတူတူပါပဲ ကွ ''

"အခု လူငယ် GZ တွေ ရဲ့ တော်လှန်ရေးကို ဘယ်လိုမြင်သလဲ ဗျ ''

"မင်းတို့ကို ငါ ပြန်မေးအုံးမယ် မင်းတို့လက်ထဲ သေနတ်ထည့်ပေးမယ် အပြစ်မရှိတဲ့ ကျောင်းဆရာမတယောက်ကို သတ်ဖို့ ခိုင်းရင် မင်းတို့ သတ်မလား ''

"ဘယ်သတ်မလဲ ဗျ ''

"စျေးကိုမီးရှို့ခိုင်းရင် ရှို့မလား ''

"မရှို့ပါဘူး တော်လှန်ရေးနဲ့ ဘာဆိုင်တာ မှတ်လို့ ''

"ဘုန်းကြီး သတ်ခိုင်းရင်ကော ''

"အမလေးဗျာ အဝေးကြီးပါ အကုသိုလ်အလုပ်ကြီး မလုပ်ရဲပါဘူး ''

"စာသင်ကျောင်း ဗုံးခွဲခိုင်းရင်ကော ''

"ဘာဆိုင်လဲဗျာ စစ်တပ် ရဲစခန်း ခွဲရင် ဟုတ်သေးတယ် ''

"အခု Covid စင်တာတွေ ဖောက်ခွဲ ၊ အောက်ဆီဂျင်အိုးတွေ ဖျက်ဆီးရင်ကော ''

"လူမဆန်တဲ့ အလုပ်ဗျ ဘယ်တော့မှ မလုပ်ဘူး ''

"အေး အဲဒါတွေ အားလုံး မင်းတို့ ဘက်တော်သား PDF GZ တွေ လုပ်နေကြတာ မအံ့သြဖူးလား ''

"စစ်တပ် နဲ့  ပျူစောထီးတွေက လုပ်ကြံပြီး လွှဲချနေတာပါ ''

"စစ်တပ်က ကျောင်းဖွင့် စျေးဖွင့် ဖို့ ပုံမှန်အတိုင်း ဖြစ်စေဖို့ အားထုတ်နေပြီး PDF က ပုံမှန် မဖြစ်အောင် ကျောင်းပိတ် စျေးပိတ်ဖို့ CDM လုပ်ဖို့ လှုံ့ဆော်နေတာ သိတယ် မဟုတ်လား ''

"အဲဒါတော့ ဟုတ်ပါတယ် ''

"လခွမ်း ကျောင်းဖွင့် စျေးဖွင့်မှာ မလိုလားတဲ့သူက ဗုံးခွဲ မီးရှို့ လုပ်မှာပေါ့ ကွာ ကလေးတွေး တွေးရင်ကိုပဲ အဖြေက ရှင်းနေတာပဲ''

"အင်း စဥ်းစားစရာတော့ ဖြစ်နေပြီ ဦးလေးစကားမျိုး ကျနော်တို့ မကြားခဲ့မိဘူး မတွေးမိခဲ့ဘူး ဗျ ''

"မင်းတို့က တဖက်စကားပဲ ကြားခဲ့ကြတာကိုးကွ အမှန်တရားကို သုံးသတ်ဖို့ဆိုတာ နှစ်ဖက်ကြားမှ အဆင်ပြေတာကွ အဲဒါကြောင့် တရားရုံးတွေမှာ တရားခံ တရားလို နှစ်ဖက်လုံး အပြိုင်ပြောခွင့် ပေးထားရတာပေါ့ကွာ ''

"ဟုတ်ကဲ့ ကျနော်တို့လည်း တပ်မတော်သည် ယခင်ကာလတွေ ကတည်းက ပြည်သူကို နှိပ်စက် သတ်ဖြတ်ပြီး အာဏာလုထားတဲ့ အဖွဲ့အစည်း ၊ ယခုလည်း ပြည်သူ့အစိုးရထံက အာဏာထပ်လုထားတဲ့ အဖွဲ့အစည်းမို့ တော်လှန်ရမယ်လို့ သိထားကြတာပါ ''

"ကဲ ငါတူတို့ မြန်မာနိုင်ငံ သမိုင်းကို သိရအောင် ဦးရေးထားတဲ့ အဖြူရောင် လူငယ်များ.......ဆိုတဲ့ ဆောင်းပါးရှည် တခု ရယ် ၊ တပ်မတော် သမိုင်း သိကြဖို့ လက်နက်ရဖို့ လွယ်သလား ဆိုတဲ့ ဆောင်းပါး နဲ့  ပြုံယမ်းမှ နေပြည်တော်.....ဆိုတဲ့ ဆောင်းပါးရှည်တွေ ဖတ်ကြည့်ဖို့ ကူးပေးလိုက်ပါမယ် ''

"ဟုတ်ကဲ့ ပြုံယမ်းအကြောင်းကတော့ ဖတ်ဖူးပါတယ် စိတ်လဲဝင်စားပါတယ် အဲဒါကြောင့်လည်း ဦးစိုးကို မေးကြည့်ရင်း ရေးတဲ့သူနဲ့ တွေ့ပေးမယ် မေးချင်တာမေးဆိုပြီး ခေါ်လာလို့ပါ ခင်ဗျ ''

"OK ကျန်တဲ့ နှစ်ပုဒ် ဖတ်ကြည့်လိုက် ဘယ်ဖက်မှ မလိုက် နဲ့ ဖတ်ပြီးတိုင်း မင်းတို့ မိဘတွေကို ဟုတ်သလားမေးကြည့် ကြပေတော့ ဟုတ်တယ်ဆိုမှ ဆက်ဖတ်ပေါ့ ကွာ ''

"ဟုတ်ကဲ့ပါ ကျနော်တို့လည်း အမှန်တိုင်းပြောရရင် ဇော်ဝေစိုး နဲ့ ဆာဆာတို့ကို မယုံတော့ပါဘူး ၊ မဖြစ်နိုင်တဲ့ အပြောတွေ နဲ့ လှည့်စားနေကြတာလို့ ယုံကြည်နေကြပါပြီ ''

"အေးကွာ ဖြစ်နိုင်ရင် ဒီအချိန်မှာ မင်းတို့ လူငယ်တွေ အနီ အစိမ်း ကာလာ ကွဲနေကြမယ့် အစား ပြည်သူတွေ အကျိုးရှိမယ့် အဖြူရောင် ဗော်လံတီယာ အရောင်တမျိုးထဲ စုစုစည်းစည်း ဖြစ်သင့်ပြီ ကွ ''

"ဟေ့ကောင် ဦးပြောတာ မှန်တယ်ကွာ ငါတို့အားပေးနေတဲ့ PDF GZ ဆိုတဲ့ကောင်တွေက အပြစ်မဲ့ အရပ်သားတွေ သတ်နေကြတာကို ပျူစောထီးတွေ သတ်တာလို့ ဘယ်လိုပဲ လိမ်လိမ် မဖြစ်နိုင်ဖူး ကွ PDF သတ်နေတာပဲ ငါတော့ ဆက်ပြီး မထောက်ခံချင်တော့ဖူးကွာ ''

"နေအုံး ဒီဆောင်းပါး နှစ်ပုဒ် ဖတ်ပြီးတာနဲ့ ရှေ့မှီ နောက်မှီ မလိမ်ညာတတ်တဲ့ လူကြီးတွေကို မေးကြည့်မယ် ဆောင်းပါးက မှန်သလား လိမ်ရေးထားလားပေါ့ အဲသလို ဖတ်ရှု စုံစမ်းပြီးမှ ငါတို့ ပြောင့်သင့်တဲ့ အရောင်ပြောင်းပြတာပေါ့ ကွာ ''

"အလွန်မှန်တဲ့ ဆုံးဖြတ်ချက်ပါဗျာ ကဲ ကူးသွားကြပေတော့ ကွာ ''

      လူငယ်လေး နှစ်ဦးလုံး သူတို့ဖုန်းတွေထဲ ကူးပြီး ဦးစွာပြန်သွားကြပါတယ် ။ ကျန်နေတဲ့ကိုစိုးက

"ဟေ့ကောင် ငမျိုး ဘယ်နှယ့်လဲကွ ဒီကောင်တွေ အရောင်ပြောင်းပါ့မလား ကွ ''

"ပြောင်းမှာ ရာနှုံးပြည့်ဗျ သူတို့က လူမဆန်တဲ့ PDF ကို စိတ်ကုန်နေကြပြီ လေထဲက အောင်ပွဲတွေကို ညည်းငွေ့နေကြပြီ အမှန်တရားက ဘာလဲ သိချင်နေကြပြီ ဒါကြောင့် ကိုစိုးဆီ လာမေးကြတာပေါ့ နောက်ပြီးတော့.....''

"အင်း ဘာဖြစ်လဲ ''

"ဒီကလေးတွေက စဥ်းစားတွေးခေါ်တတ်တယ် အကျိုးအကြောင်း ခိုင်လုံမှ ယုံကြည်ရမယ် ဆိုတဲ့ ပှိုင့်ကို သိနေသူတွေ ဖြစ်တယ် ဒါကြောင့် သေချာပေါက် အဖြူရောင် ဗော်လံတီယာတွေ ဖြစ်လာလိမ့်မယ်ဗျ ''

"အေးကွ ဒီနေ့တော့ မင်းပြောရကျိုးနပ်ပြီပေါ့ ကွာ ''

"ဟုတ်ပ ကိုစိုး အစွမ်းပါဗျာ အရောင်ပြောင်းမယ့် ငှက်လေးတွေ ခေါ်လာနိုင်လို့လေ ''

"အေးဟေ့ နောက်လည်း အဲလို ငှက်ပုတ်သင်လေးတွေ တွေ့တိုင်း အဖြူရောင် ပြောင်းပေးကြစို့ကွာ ကဲ ပြန်ပြီ ဟေ့ ''

           မျိုးဝင်း