Friday, July 30, 2021

အမျိုးတွေကို ကြိုတောင်းပန်ထားချင်တာပါ...


၂၀၀၀ ခုနှစ်အကျော်မှာ
ထိုင်းမှာ Cobra Gold ဆိုပြီး
စစ်ရေးလေ့ကျင့်ခန်းလုပ်ခဲ့တာရှိပါတယ်.......
မြန်မာနဲ့ အတော်လေးကို နီးစပ်တဲ့
အနေအထားမှာ လုပ်ခဲ့တာဖြစ်ပါတယ်...
----
အဲ့ဒီလေ့ကျင့်ခန်းပြီးလို့ မကြာခင်မှာပဲ
မြန်မာပိုင်တဲ့ အိုတောင်ကုန်းဟာ
သူတို့ပိုင်ပါတယ်ဆိုပြီး
ကျူးကျော်စစ်စပြီးဆင်နွှဲခဲ့ပါတယ်......
အဲဒီအချိန်မှာ အိုတောင်ကုန်းကို ထိုင်ခဲ့သူ
အကြီးဆုံးက ဒုအရာခံဗိုလ်ဦးစီးတဲ့
အင်အား (၁၀)ဦးခန့်ပဲရှိခဲ့ပါတယ်.....
နောက်ပိုင်းမှသာ ဒုရင်းမှူးဦးစီးတဲ့
စစ်ကြောင်း(၂)ကြောင်း လာပေါင်းနိုင်ခဲ့တာဖြစ်တယ်..
---------
တိုက်ပွဲဖြစ်စဉ်တစ်ခုကိုလုံးကိုပြန်ကြည့်ရင်
ထိုင်းက F-16 တွေ သုံးခဲ့ချိန်မှာ
မြန်မာမှာ F-7 (၄)စီးနဲ့ပဲပြန်တိုက်ခဲ့ရတာဖြစ်တယ်.
အိုတောင်ကုန်း မကျခဲ့ဘူးဆိုပေမဲ့
ကျထိန ၊ ပါချီး ၊လွယ်တော်ခန်း ၊
လွယ်မဆုတ် ၊ လွယ်ခန်းရှိုးစခန်းတွေကတော့
SURA နဲ့ ထိုင်းတို့ပူးပေါင်းတိုက်လို့
လက်လွတ်ဆုံးရှုံးခဲ့ရတယ်...
(၆)လကျော်အကြာမှာ
တပ်မတော်ကပြန်သိမ်းနိုင်ခဲ့တယ်...
----------
ပြောချင်တာက
အိုတောင်ကုန်းအကြောင်းမဟုတ်ပါဘူး..........
အိုတောင်ကုန်းကို ကွပ်ကဲခဲ့သူက
နိုင်ငံတော်သမ္မတကြီး(ဟောင်း)ဦးသိန်းစိန်ဖြစ်သလို
ကမ္ဘာမှာ ငါတို့စခန်းကိုဘယ်သူမှ မသိမ်းနိုင်ဘူးလို့
ကျွေးကျော်ခဲ့တဲ့ KNU ရဲ့
ဝမ်ခသစ်စခန်းကို တိုက်ခဲ့ဖူးသူကလည်း
လက်ရှိတပ်ချုပ်ကြီး ဖြစ်တယ်ဆိုတာ
သိထားကြစေလိုပါတယ်.........
တော်ကြာ တပ်ချုပ်ကြီးကို
အသက်(၄၀)ကျော်မှ နိုင်ငံပြန်လာပြီး
ပြည်သူတွေကိုချစ်ကြောင်းပြောတဲ့သူနဲ့
အထင်မှားပြီး စစ်မတိုက်ခဲ့ဖူးဘဲနဲ့
တပ်ချုပ် အလိုလိုဖြစ်လာတယ်လို့
ထင်နေမှာစိုးလို့ရှင်းပြခြင်းဖြစ်ပါတယ်.....

#ဖိုးစီ




Related Posts:

  • ဒို့နိုင်ငံကို ပြိုကွဲအောင်လုပ်နေကြတာဟာ ဒါကြောင့်ကချင်ပြည်နယ်ဟာ 🇳🇴  အိုင်ယာလန်နိုင်ငံထက် ကြီးတယ်။ကယားပြည်နယ်ဟာ 🇶🇦  ကာတာနိုင်ငံနဲ့ ရွယ်တူ။ကရင်ပြည်နယ်ဟာ 🇮🇱 အစ္စရေးနိုင်ငံထက် ကြီးတယ်။ချင်းပြည်နယ်ဟာ 🇧🇪 ဘယ်ဂျီယံနိုင်ငံထက် ပိုကျယ်တယ်။မွန်ပြည်နယ်ဟာ 🇱🇧 လက်ဘနွန်န… Read More
  • ဘာမှ မတင်ပဲ ကြည့်နေတာ ပိုကောင်းပါတယ်တောတွင်းတိုက်ပွဲ တွေရဲ့ သတင်းတွေမတင်ချင်ပါဘူး။ ဘာ့ကြောင့်လည်း ဆိုရင်ကို့ သတင်းကြောင့်မြေပြင်မှာ လုပ်နေကိုင်နေရတဲ့တပ်တွေ အခက်အခဲ ဖြစ်မှာစိုးလို့ပါ။ မီဒီယာက သတင်းတွေကိုပဲဖတ်ပေးပါ။ လက်ရှိအခြေအနေမှာ တပ်မတော်ဘက်ကအကျ… Read More
  • မြန်မာအစိုးရအစစ်ရဲ့ Website ကိုသာ Point လုပ်ဖို့မိတ်ဆွေပြောလို့ ကုလသမဂ္ဂဝက်ဆိုဒ် (https://www.un.org/esa/govasia.htm) က အရှေ့တောင်အာရှက မြန်မာနိုင်ငံ လင့်ကို သွားကြည့်တယ်။.Myanmar နေရာမှာ www.myanmar.com URL ကို Point ထားတယ်။ ဒါပေမယ့် www.myanmar.com မှာ ဝက်ဘ်ဆိုဒ်မရှိဘူး။… Read More
  • နက္ခတ်တွေကို လွန်ဆန်နိုင်ပါသလား ?လွန်ခဲ့တဲ့ (၈) နှစ်လောက်ထဲကမြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ အဟောတခုရှိထားတယ်၊ 2021-2023 ကြားမှာအတော်ကြီး မုန်တိုင်းထန်လိမ့်မယ်လို့၊အဲ့ဒီတုန်းကတော့ Covid အကြောင်းမပါဘူးနိုင်ငံရေးနဲ့စီးပွားရေးပဲ၊2021 Feb ထဲမှာ နငရ အပြောင်းအလဲဖြစ်လိမ်… Read More
  • ကျနော်လည်း ဘာမှ မဟုတ်ပါ          ကျနော့် ACC အမည်ဟာ fb မှာ အလွန်ပေါများလှတဲ့ အမည်ဖြစ်ပါတယ် ။         အမည်တူ များလွန်းတော့ လိုက်ရှာလို့လည်း တွေ့ဖို့ ခက်ခဲလှပါတယ် ။       ကျနော် ကိ… Read More