Tuesday, July 20, 2021

မျှော်ရတဲ့ မောင် ဆိုတဲ့လ


       ညနေစောင်းမှ ကိုကြီးစိုး နဲ့ လူတယောက် ရောက်လာလို့ စကားလက်ဆုံကြရပြန်ပါတယ် ။

ပါလာတဲ့သူက တပ်မတော် အလားဂျစ်သမား ၊ NLD ကိုလည်း လက်မခံနိုင်တဲ့ ပရဟိတ သမား သူ့ရပ်တည်ချက်အတွက် ဇဝေဇဝါ ဖြစ်နေတဲ့ သူပါ ။ နာမည်က ကိုမော်တဲ့ ။ 


"ငမျိုးရေ မင်း မနက်က ရေးတဲ့ ပို့စ် ကို သဘောကျတဲ့သူတွေ ရှိသလို တပ်ချုပ်ကြီးကို အရမ်းကြည်ညိုသူတွေကတော့ ကြိုက်မယ်မထင်ဖူး ကွ ''


"ကိုစိုးရာ ခင်ဗျားက ရပ်ကွက်ထဲမှာ ဘယ်သူ့မှ စောက်ရေးမလုပ်တဲ့ လူကပ်ကြီး ဖြစ်သလို ကျုပ်ကလည်း fb မှာ ဘယ်သူ့မှ မဖားတတ်တဲ့ လူမိုက်ပဲလေ မှန်တယ်ထင်ရင် ဆော်မှာပဲ ဘယ်သူ့ကျေးဇူးမှ ကျုပ်အပေါ် အကြွေးမရှိဖူး လူကြိုက်များအောင် ရေးနေတဲ့ အထဲ ကျနော်မပါဘူး လေ ''


"သြော် အဲဒါလည်း ဟုတ်တယ် အခု မော်ကြီးက မင်းကို မေးစရာရှိလို့ တဲ့ အမှန်က ငါ့ကို မေးတာ ငါ မဖြေချင်လို့ တပည့်ကြီး ဖြစ်တဲ့ မင်းဆီ ခေါ်လာတာ ကဲ မော်ကြီး မေးဗျာ ''


"ဟုတ်ကဲ့ ခင်ဗျားဝေဖန်တဲ့ အထဲမှာ အရေးကြီးတာ ပါမလာ လို့ ''


"ဘာလဲ ဗျ ''


"Covid နဲ့ ပတ်သက်ပြီး ပြည်သူတွေ သောက်သောက်လဲ သေနေတာ ခင်ဗျား နစက ကို အပြစ်မမြင်ဖူးလား''


"အင်း နစက အနေနဲ့ Covid အပေါ် တုန့်ပြန်မှုကြောင့် ပြည်သူတွေ သေနေတာ်လို့ ခင်ဗျား ယုဆနေတာလား ''


"အဲဒါ အမှန်ပဲလေ ''


"မဟုတ်ဖူး ဗျ Covid နဲ့ ပတ်သက်ရင် ကျနော် နစက အပေါ် အပစ်မမြင်သေးဘူး ကျန်းမာရေး ဝန်ထမ်း မပြည့်စုံမှု ၊ ပရဟိတအဖွဲ့အင်အား နဲ့  ဖျက်ဆီးခြင်း ၊ သိုဝှက်ခြင်း ခံထားရတဲ့ ကုသရေး စက်ပစ္စည်းတွေကြောင့် ဒီလောက်ပဲ လုပ်နိုင်တာ လို့ မြင်ပါတယ် ''


"NLD နဲ့ ကွာတာတော့ အမှန်ပဲ ဗျ ဒီလိုပြောလို့ ကျနော်က NLD ကို ကြိုက်လို့မထင်နဲ့နော် ''


"သိတယ် ခင်ဗျားလို လူတွေ အများကြီး ကြုံဖူးပါတယ် ၊ တပ်မတော်ကိုလည်း မကြိုက် NLD လည်း မထောက်ခံတဲ့ သူတွေပေါ့ အခြေအနေအရ အခု လုပ်ပေးနေတာ နစက အတွက် အကောင်းဆုံး လုပ်ပေးနေတာပဲ တကမ္ဘာလုံး ခံစားနေရတာ အားလုံးသိနေတာပဲ လေ မပြည့်စုံတဲ့ အနေအထားကို ပြန်တွေးရမှာပါ ''


"အင်း ခင်ဗျားက တပ်မတော် ထောက်ခံလိုက် တပ်ချုပ်ကြီး ဝေဖန်လိုက်နဲ့ မျက်စေ့လည်စရာပဲ ဗျ ''


"ကျနော် တပ်ချုပ်ကြီးကို အဓိက ကြိုက်တဲ့ အချက်က NLD လက်ထဲကနေ တိုင်းပြည်ကို ကယ်ခဲ့တာ အရမ်းကြိုက်တယ် ကျေးဇူးတင်တယ် ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ ရုရှားနဲ့ တွဲကပြတဲ့ အကွက်ကိုမြင်ရတော့ စည်းရုံးနိုင်စွမ်းကို အံ့သြချီးကျူးမိတယ် ဒါပေမယ့် မကြိုက်တဲ့ အချက်က မကြိုက်တာပဲ ဗျ ''


"ဘာတွေ မကြိုက်တာလဲ ဗျ ''


"ရန်ဖက် NLD အပေါ် သက်ညှာနေသလောက် သူ့ကို ထောက်ခံလို့ ဘဝပျက် အသက်ပျောက်ရသူတွေ အပေါ် နေစိမ့်ပြီး ပစ်ထားတာ အလွန်ရွံပါတယ် ''


"နောက်ကော... ''


"ဥပဒေဖောက်ပြန်တဲ့ GZ တွေ PDF အပေါ် အမြစ်ပြတ်မရှင်းပဲ ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ကိစ္စတွေကို မကြိုက်ဖူး ၊ နောက် KIA ရဲ့ လိုင်ဇာကို မတိုက်ပဲ အဖျားအနား တောင်ကုန်းတွေ လျှောက်တိုက်နေတာ မကြိုက်ဖူး တကယ် အမြစ်မဖြိုပဲ ရူးကြောင်ကြောင် အကိုင်းလိုက်ခုတ်နေတဲ့ ဗျူဟာက သူပုန်မွေးမြူရေးလုပ်ပြီး တိုင်းပြည်ဖျက်ဆီးနေတာ နဲ့ အတူတူပဲ ''


"ပြောချင်တာက မပြတ်သားတာကို မကြိုက်ဖူးပေါ့ ရာဇပရိယာယ်လို့ မထင်ဖူးလား ''


"အဲဒါတော့ မသိဖူး ကျုပ်ကတော့ ကျုပ်စံနဲ့ပဲ ပိုင်းဖြတ် အကဲခတ်ပါတယ် ''


"ဘယ်လိုစံလဲ ဗျ ''


"ခင်ဗျားဘာတွေ လုပ်ပြ လုပ်ပြ အမှန်တကယ် ထိရောက်တဲ့ အလုပ်ပြီးမြောက်မှုကို ပဲ အသိအမှတ်ပြုတဲ့ စံပဲ ''


"နားမလည်ဖူး ဗျ ''


"တနေကုန်လယ်ထွန်နေတယ် တဧက ပြီးတယ် ၊ နောက်တယောက်က တနာရီ ထွန်တယ် တဧက ပြီးတယ် ဆိုရင် ကျုပ်သာ လုပ်အားခပေးရရင် အတူတူပဲ ပေးမယ် ဖြစ်နိုင်ရင် အချိန်ဖြုန်းနေတဲ့ တနေကုန်သမား လျော့ပေးမယ် ''


"သြော် ဒါဆို အချိန်ဖြုန်းပြီး အလုပ်မဖြစ်ရင် အဖိုးမတန်ဖူးလို့ ပြောချင်တာပေါ့ ''


"အမှန်ပဲ ဗျ ''


"အခုလက်ရှိ မြန်မာပြည်ကို ဘယ်လို မြင်သလဲ ဗျ ''


"ဟိုတုန်းက ပြောဖူးတဲ့ အဖြစ်လေး ပြန်ပြောချင်တယ် ''


"လုပ်စမ်းကွ ပေါက်ကရ ဥပမာ''

(ကိုစိုးက ထောက်ခံလေရဲ့)


"မန္တလေးက လူရွှင်တော် ဦးပေါစံ နဲ့ ဦးသိန်းဆု တို့က အလွန်အတွဲညီ ခင်မင်ကြတဲ့ နှစ်ယောက်ပေါ့ ''


"နာမည်ကြီးတွေ ခဏခဏ ကြည့်ဖူးတာပေါ့ ''


"တနေ့ ဦးပေါစံက ဦးသိန်းစုကို သူ့အိမ်လိုက်ပြီး အရက်သောက်ဖို့ ခေါ်တယ် ဗျ ''


"အင်း ဒီတော့''


"ဦးသိန်းဆုက မင်းမိန်းမက အဆဲသန် စောက်ပေါက်ဆိုးတယ်လို့ ကြားဖူးတယ် ဆိုင်မှာပဲ သောက်ကြရအောင်လို့ ငြင်းတယ် ''


"ဒါနဲ့.....''


"ဦးပေါစံက ထပ်ခေါ်တယ် ငါ့မိန်းမက အိမ်တင်သောက်ရင် သဘောကျတယ် အမြှီးတောင် ကျကျနန လုပ်ပေးတာကွ လိုက်ခဲ့စမ်းပါဆိုပြီး အတင်းခေါ်တယ် ''


"အင်း ပါသွားတယ်လား...''


"ဟုတ်ပါ့ ဦးသိန်းဆုလည်း ကြောက်ကြောက်နဲ့ ဟုတ်မှာပါ ဆိုပြီး ပါသွားရော ဒီလိုနဲ့ ဦးပေါစံ အိမ်ဝန်းပေါက်လဲ ရောက်ရော ဦးပေါစံက မိန်းမရေ ဆိုပြီး အော်ခေါ်သတဲ့ ''


"အင်း....''


"အိမ်ထဲက သူ့မိန်းမက ပြန်ထူးတယ် ဘာတုန်း သေချင်းဆိုး တဲ့ ''


"ဟိုက် ကြောက်စရာ ပဲ ဟ ''


"ဟုတ်ပါ့ ဒီလိုပြန်ထူးတော့ ဦးသိန်းဆုက ဟေ့ကောင် ပေါစံ လူမမြင်သေးဖူး သေခြင်းဆိုးတဲ့ ဆိုင်ပဲသွားကြစို့ ဆိုပြီး ပြောရှာတယ် ''


"အေးလေ ကြောက်စရာကိုးကွ ''


"အဲဒါနဲ့ ဦးပေါစံက ရှင်းပြတယ် သူငယ်ခြင်း မကြောက်နဲ့ ငါ့ မိန်းမက ငါ့ကို မောင်လို့ တလ ခေါ်တယ် ပြီးရင် သေခြင်းဆိုးလို့ တလ ခေါ်တယ် အခု သေခြင်းဆိုးလထဲ ရောက်နေလို့ ဘာမှ မဖြစ်ဖူး တဲ့ ''


"ဟေ..ရှာရှာဖွေဖွေ ကွာ ဒါနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေက ''


"Covid က နှိပ်စက် ၊ PDF နဲ့ GZ လူယုတ်မာတွေက သတ်ဖြတ် မီးရှို့ ဗုံးခွဲ ၊ တပ်မတော်က အကြမ်းဖက်တွေကို မယားပါ သားတွေလို ကြင်နာနေတော့ ကျနော်တို့ မြန်မာပြည်က အခု သေခြင်းဆိုး လ ထဲ ရောက်နေတယ် ဗျာ ဂရုစိုက် နေကြပေတော့ ''


"အေးဗျာ မင်း ဥပမာနဲ့တော့ ကွက်တိဟေ့ မောင်လို့ ခေါ်တဲ့ လ ကို စောင့်ရအုံးမှာပေါ့ ကွာ ''


"မသေအောင်သာ ဂရုစိုက်ပါ မောင်ဆိုတဲ့လက ရောက်လာမှာပါ''


"ကဲ မော်ကြီးရေ ပြန်ကြစို့ စကားပြောရင်း မှောင်လာပြီ ''


         မျိုးဝင်း