Tuesday, July 27, 2021

သယ်ယူစရိတ် ဘဏ် နဲ့ ကုန်စျေးနှုံး


           မြန်မာပြည်ဟာ အဆိုးကျော့ သံသရာလည်ဖို့ ဖြစ်တည်နေပါတယ် ။ ကပ်ရောဂါကြောင့် ဖြစ်နေတဲ့ အခက်အခဲဟာ တဖြေးဖြေး နဲ့ အားလုံးအပေါ် ရိုက်ခတ်လာတာကြောင့် ဖြစ်ပါတယ် ။ 

        ပြဿနာတွေရဲ့ အကျိုးဆက်ကို ပိုမိုဆိုးဝါးလာစေတာက အာဏာရူး နိုင်ငံရေးသမား အုပ်စုဖြစ်တဲ့ NLD တွေကြောင့်ပဲ ဖြစ်ပါတယ် ။ 
နိုင်ငံတော် တည်ငြိမ်မှု မရှိအောင် ပြည်ပအားကိုးပြီး ပြည်တွင်းက အသိတရားမဲ့အောင် မှိုင်းတိုက်ထားတဲ့ လူငယ်တွေ နဲ့ ပူးပေါင်း ဖျက်ဆီးနေတာ အဓိက ကျပါတယ် ။ 

        နိုင်ငံတော်ယန္တယားများ လည်ပတ်မရအောင် ပြုလုပ်ကြရင်း လူထုရဲ့ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး ညွှန်ကိန်းတွေဟာ အနုတ်လက္ခဏာမှ ယခုဆိုရင် အဝီစိသို့ ဆိုက်ရမယ့် အေနအထား ဖြစ်နေပါပြီ ။ 

          အဓိကက်တဲ့ စီးပွားရေး လုပ်ကွက်တွေ ပျောက်ဆုံးနေခြင်း လမ်းပန်းဆက်သွယ်ရေး စရိတ္စကမ်ား အဆမတန် များပြားလာခြင်း နဲ့ အတူ မြွေပူရာ ကင်းမှောက် ဘဏ် တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု ပြဿတွေကြောင့် ကိုယ့်ငွေ နဲ့ ကိုယ် စိတ်ဆင်းရဲနေကြတဲ့ မူဝါဒဟာ ကာလရှည် ဖြစ်လာတာပါပဲ ။ 

     ဦးစြား ကုန်စည်သယ်ယူရေး စရိတ်တွေ အဆမတန် တက္လာတာ မဖြေရှင်းပေးနိုင်ခြင်း အပေါ် အဖြေရှာရပါမယ် ။ ပုဂ္ဂလိက သယ်ယူရေးထားအုံး အစိုးရ ပိုင် မီးရထားကို ဦးစြာ နိုင်နင်းအောင် စီမံနိုင်ခြင်း မရှိသေးတာ အံ့သြစရာပါပဲ ။ 

         ရန်ကုန် မော်လမြိုင် မီးရထား ဟာ ဒီကနေ့ ရန္ကုန္က ထွက်တယ် နောက်တနေ့ ရန္ကုန္ကို ပြန်မထွက်လာသေးဖူး ဗ် ။ မီးရထားဌာနက အကြောင်းပြတယ် ။ 

တွဲသန့်ရှင်းရေး လုပ်သားမရှိလို့

စက်ခေါင်းမောင်း မရွိလို့

        ယုတ္တိမရှိတဲ့ ဆင်ခြေနဲ့ CDM အေပ်ာ့စား လုပ်နေတာကို DG တွေ DM တွေ သိသိကြီး နဲ့ ဆောင်ရွက်နေတာကို ရထားဝန်ကြီး အသစ် မသိနိုင်ပါဘူး ။

      တွဲသန့်ရှင်းရေးသမား မရှိရင် နောက်နေ့ကျမှ ဘယ်ချောင်ကနေ လာပြီး သန့်ရှင်းပေးသလဲ ကောင်တာမေးခွန်း မေးရမှန်း ဝန်ကြီး မသိပါဘူး ။ 

      စက်ခေါင်းမောင်း မရွိဘူး ဆိုရင် မောင်းယူလာတဲ့ မူလစက်ခေါင်းမောင်းက အလာခရီးမောင်းပြီး တခါတည်း သေသွားလို့လား. ? စက်ခေါင်းမောင်း တဦးကို ခြောက်နာရီ (ဝါ) ရွစ္နာရီ နားပြီးရင် နောက်တကြောင်း မောင်းနိုင်ရမယ်ဆိုတဲ့ စက်ခေါင်းမောင်း ဥပေဒသကို ဝန်ကြီး မသိလို့ လက်ခံရသလား မေးချင်ပါတယ် ။ 

      မီးရထားလို စျေးနှုံးချိုသာစွာ ပြေးဆွဲပေးနေတဲ့ အစိုးရ ပိုင် ဌာနကိုတောင် ပိုင်နိုင်အောင် ကျွမ်းကြင်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့် သက်တမ်း ခြောက်လရှိပြီ ဖြစ်တဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး စစ်ဗိုလ်ချုပ်တဦးရဲ့ လေ့လာနိုင်စွမ်းဟာ အောင်မှတ်စည်းအောက် အတော်ရောက်နေပါပြီ ။ ကြာရှည်အလိမ်ခံနေရတာ လူကြီးတယောက်မှာ ရှိရမယ့် အရည်အချင်း ၊ လုပ်ရည်ကိုင်ရည် နဲ့ လေ့လာမှု ဘက်စုံအားနည်းနေလို့သာ ဖြစ်ပါတယ် ။ 

        သယ်သူစရိတ်လျှော့ချနိုင်မှသာ ကုန်စျေးနှုံးကျမှာပါ ။ ဦးဆုံး မီးရထားတွေ အချိန်မှန် ရက်ပျက်မရှိ ပြေးဆွဲနိုင်အောင် စီမံခန့်ခွဲကြရပါမယ် ။ မီးရထားကိုမွ နိုင်နင်းအောင် မဆောင်ရွက်နိုင်လျှင် အဆိုပါ ပို့ / ဆက် ဝန်ကြီးထံမှ မည်သည့် စွမ်းဆောင်ရည်ကောင်းကိုမှ မျှော်လင့်စရာ အကြောင်းမရှိတော့ပါဘူး ။ လူလဲကစားဖို့ပဲ ရှိပါတော့တယ် ။ 

       နောက်တချက်က ခြောက်လကြာ ထိမ်းချုပ်ထားတဲ့ ဘဏ်ကိစ္စ ဖြစ်ပါတယ် ။ အဘယ့်ကြောင့် ထိမ်းချုပ်ထားရကြောင်း ဗဟိုဘဏ်တာဝန်ရှိသူမျာက နစ္နာသူ ပြည်သူများအား လူရာသွင်းပြီး တကြိမ်တခါမျှ ရှင်းလင်းပြောဆိုခြင်း မပြုခဲ့ပါဘူး ။

         လော်ဘီဆရာကြီးများရဲ့ ဘဏ်စာရင်းတွေ ထိမ်းထားတာ PDF တို့  NUG တို့ နဲ့  ပြည်ပငွေကြေး စီးကြောင်းကို ထိမ်းချုပ်ချင်လို့ ဖြစ်ကြောင်း ပြည်သူတွေ သည်းခံဖို့ လိုကြောင်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ် ။ 

       တာဝန်အရှိဆုံး ဗဟိုဘဏ်မှ ပြည်သူအပေါ် လူရာသွင်းမဖြေရှင်းသော ဘဏ် ပြဿနာကို ဟုတ် ဟုတ်  မဟုတ် ဟုတ် သည်းခံခဲ့ကြရသည်မှာ ခြောက်လ ရှိခဲ့ပါပြီ ။ 

        ယနေ့အထိ ဖွင့်မပေးသေးတာ အခုထိ မထိမ်းချုပ် နိုင်သေးတာလား သို့မဟုတ် ဗဟိုဘဏ် တာဝန်ရှိသူများ နဲ့ ပုဂ္ဂလိက ဘဏ် ပိုင်ရှင် သူဌေးများ လက်ဝါးခြင်းရိုက်ပြီး ပြည်သူကို အနိုင်ကျင့်နေခြင်းလား လို့ မေးခွန်းထုတ်ရပါတော့မယ် ။ 

       စီးပွားရေး လုပ်ဆောင်ရာမှာ ငွေကြေးစီးဆင်းမှု လုံခြုံ ချောမွေ့ မြန်ဆန်စေဖို့ အလွန်အရေးပါတာကို ကိုးတန်းဘောဂဗေဒ သင်ဖူးရင်ပဲ သိနိုင်ပါတယ် ။ 

      ယခုလို covid နှိပ်စက်လို့ လုပ်ငန်းအများစု ရပ်တံ့နေချိန်မှာ လိုသည်ထက် ပို၍ အချိန်များစွာ ပိတ်ပင်ထားသော ဘဏ်အောင်းငွေ ထုတ်ယူခွင့် ပိတ်ပင်ထားခြင်းဟာ မြန်မာ့စီးပွားရေးအတွက် အောက်ဆီဂျင် ရှူနေသူအား ပိုက္ကို တက်နင်းထားသလို ဖြစ်နေကပါတယ် ။ 

        ဒါတွေဟာ နစက အပေါ် ဗဟိုဘဏ် နဲ့ ပုဂ္ဂလိဘဏ်တွေ ပေါင်းပြီး ပြည်သူတွေ အကြည်ညိုမဲ့အောင် တဖက်တလမ်းက အေပ်ာ့စား CDM လုပ်နေတယ်လို့ ရှူ့မြင်သူတွေ များနေပါပြီ ။ 

        မြန်မာပြည် စီးပွားရေး နလံထူဖို့ အရေးကြီးလုပ်ငန်းများ အဖြစ်.....

- စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ စျေးမှန်ဖြစ်ရေး  

- ကုန်စည်သယ်ယူစရိတ်ကျဆင်းရေး 

- ဘဏ္လုပ်ငန္မ်ား နဲ့ အသေးစိတ် ငွေလွဲ လုပ်ငန်းများ ပုံမှန် ဝန်ဆောင်မှုများဖြင့် သြက္လကြ္စာ လည်ပတ်စေရေး 

     တို့ဟာ အလွန်အရေးကြီးနေပါပြီ ။ အချိန်ဆွဲ အီလေးဆွဲလုပ်ပြနေပြီး အေပ်ာ့စား CDM လုပ်နေကြသော မီးရထားဌာန နဲ့  ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိဘဏ်များ ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအား အဘတို့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖို့ လိုအပ်ပါပြီ ။ 

     အချိန်ကာလ အနေဖြင့် ခြောက်လ ဆိုတဲ့ ကာလတိုင်ပြီမို့ Time out ဖြစ်နေပါပြီ ။ လောလောဆယ် နစက အနေနဲ့ ပြည်သူတွေကို ဆူကြုံနိမ့်မရွေး ငွေကြေးထောက်ပံ့သင့်ပါပြီ ။ 

      မည်သည့်ပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့ ၊ မည်သည့်နိုင်ငံက ရသည်ဖြစ်စေ ချေးငှားပြီးတော့ ထိုက်သင့်သလောက် ထောက်ပံ့မည်ဆိုလျှင် ပြည်သူအားလုံး ရဲ့ အသည်းနှလုံးကို သိမ်းသွင်းနိုင်ပါလိမ့်မယ် ။ 

        လူဆိုတာမပြောနဲ့ တိရိစ္ဆာန်ပင်လျှင် ငတ်နေတုန်း ကျွေးသောသူကို အထူးမွတ်သား ကျေးဇူးတင်လေ့ ရှိပါတယ် ။ ဆာလောင်ခြင်း မရွိတဲ့ အချိန်မှာ အကောင်းစားဒန်ပေါက် ချက်ကျွေးခြင်းထက် ဆာလောင်ချိန်မှာ ထမင်းကြမ်း နဲ့ ပဲပြုတ်လောက် ကျွေးမွေးခြင်းက အကျိုးပိုရှိပါတယ် ။ 

     ယခုအခါ ပြည်သူအများစုသည် ဆင်းရဲသား မဆိုထားနှင့် ယခင်က လုပ်ငန်းရှင်ပေါက်စ အနေနဲ့ သာရေးနာရေးတွေမှာ ဝံ့ကြွားစွာ ကူညီနိုင်ခဲ့သူတွေတောင် အလုပ္မျဖစ္တာ နှစ်ရှည်လာတော့ ခပ်တည်တည် ငတ်နေကြပါပြီ ။ 

            ဒီအချိန်မှာ နစက အနေနဲ့ ဆူကြုံနိမ့်မြင့် မရွေး ထောက်ပံ့မည်ဆိုလျှင် နိုင်ငံရေး ပွဲသိမ်းလက်သီး ဖြစ်သွားနိုင်ပါတယ် ။

       ပြည်သူလည်း အကျိုးရှိ နစက လည်း အောင်ပွဲဆင်နိုင်မယ့် Win - Win ပေါ်လစီများ ချမှတ်နိုင်ပါစေဗျာ ။ 

         မျိုးဝင်း