Saturday, July 24, 2021

လုပ်ကွက်ဆိုတာ


         ကိုစိုးတယောက် မနက်လင်းတာနဲ့ စပ်ဖြီးဖြီးလုပ်ပြီး ရောက်လာပါတယ် ။ 

"ရော့ စားထား သောက်ထား ဒေါ်လာစားကြီး ဆိုတော့ ဖားထားရအုံးမယ် ''

"လုပ်ပြီ မနေ့က တခြားဟာ ရေးမလို့ အဲဒါ ပြန်ရှင်းရတာ နဲ့ မရေးဖြစ်တာ ''

"ဘာရေးမလို့လဲ ကွ''

"အိမ်သုံးဆေးဝါးတွေ ပြတ်လပ်နေတဲ့ ကိစ္စပါ ''

"အင်း မင်းကတော့ လုပ်အုံးမယ် နစက လည်း ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိအောင် ပွဲပျက်နေသလိုပဲ ကွ ''

"ကိုစိုးရာ ဒီလို အခြေအနေဆိုတာ လုပ်တတ် ကိုင်တတ် လုပ်ရဲ ကိုင်ရဲ မယ် ဆိုရင် နိုင်ငံရေး အမြတ်ထုတ်လို့ သိပ်ကောင်းတဲ့ အခြေအနေ ဗျ ''

"ဟေ...ဒီလောက် အကျပ်အတည်း ဖြစ်နေတာကို ကွာ ''

"စဥ်းစားပြီးမှ ပြောတာ ဗျ အခုဆိုရင် အိမ်သုံး သာမန်ဆေးဝါး အရက်ပျံ ၊ ပါရာစီတမော ၊ စီဗစ် ၊ ဒီကိုဂျင်က အစ ဝယ်မရဖြစ်နေတာကို ဖြေရှင်းပေးရင် အမှတ်တွေ ရလာမှာ သေချာတယ် ''

"လွယ်တာကွာ ဆေးဆိုင်တွေ မဖြန့်ချီ မရောင်းချတာ ဘယ်နဲ့လုပ်မလဲ ''

"ကိုယ်နဲ့ကပ်နေတဲ့ တရုတ်မှာ covid ပြဿနာ မရှိဘူး သူ့ဆီက အဲဒီ သာမန်အိမ်သုံးဆေးဝါးတွေ တန် နဲ့ ချီပြီး ဝယ်မယ်ဗျာ လေယာဥ်နဲ့ဆို အခုမှာ တော်ကြာရောက်လာတဲ့ အကွာအဝေးဗျာ ၊ အနယ်နယ် အရပ်ရပ်က တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေကနေ လိုသလောက် ပြန်ရောင်းပေးဗျာ အမြတ်ပါးပါး စားရင်တောင် ပြည်သူတွေက ကျေးဇူးတင်အုံးမှာလေ ၊ ဆေးဆိုင်က လောဘသားတွေ ငိုချင်းတောင်ချသွားရမယ် ''

"ဟေ  ဒါလည်း ဟုတ်သား ကွ နေအုံး Q စင်တာတွေ မှာ ဗော်လံတီယာ လိုသလို ကျန်းမာရေးဝန်ထမ်း ဆရာဝန် နဲ့ သူနာပြုတွေ လိုအပ်လို့ ခေါ်နေတာ ဝင်လာသူ သိပ်မတွေ့သလိုပဲ ''

"သူနာပြုကိစ္စက မခက်ပါဘူး ဗျာ သူနာပြုကျောင်းဆင်းတွေ မလိုပါဘူး covid ဆေး သုံးလေးမျိုး ခွဲခြားနည်း သင်ပေးလိုက် ၊ ဆေးတိုက် ဆေးထိုးတတ်ရုံ အဆင့် ၊ အောက်ဆီဂျင် ပေးတတ်ရုံအဆင့် သင်ပေးတာ အချိန်မလိုပါဘူး သာမန်လူတောင် ခဏနဲ့ တတ်ပါတယ် အရပ်ထဲက ၈ တန်းအဆင့်ဆို သင်ပေးလို့ရနေတာပဲ အဲဒါမျိုး ခေါ်စမ်းပါဗျာ လူတောင် မနည်းရွေးယူရမယ် ''

"ဆရာဝန်ကရော ''

"ဆရာဝန်က နည်းနည်း နဲ့ ကျဲကျဲ ဝိုင်းလို့ ရပါတယ် သူနာပြုအင်အား တောင့်ရင်ပေါ့ ''

"အေး မေးစရာ ရှိသေးတယ် ကွ သခ်ျိုင်းထဲမှာ အလောင်းတွေ နောက်ထဲ ဖွက်ထားပြီး လိမ်ညာခဲ့တဲ့ ကိစ္စ ဘာလို့ မင်းမရေးတာလဲ ''

"သတင်းကို သေချာကြည့်လေ အလောင်း ၃၀၀ ကျန်သေးတယ်လို့ တရားဝင် ပြောထားတာပဲ သူတို့ လိမ်တာ မှ မဟုတ်တာ လူကြီးလာလို့ ရှင်းလင်းထားကြတာ က ထုံးစံပါဗျာ covid အလောင်းတွေ ကြား လူကြီးက လမ်းလျှောက်စစ်ဆေးရမှာ ဗျ စာရင်း နဲ့ အချက်အလက်က အဓိကပါ ခင်ဗျားအိမ် ဧည့်ကောင်းဆောင်ကောင်း လာမယ်ဆိုရင် လူမြင်ကောင်းအောင် သန့်ရှင်းရေးတော့ လုပ်ထားရမှာပေါ့ မဆန်းပါဖူး ဆင့်စပ အနာမလုပ်စမ်းပါ နဲ့ ''

"အင်း မင်းဆင်ခြေနဲ့ မင်းတော့ ဟုတ်နေတာပဲ ကွာ ဒါနဲ့ UN က ကားတွေ လာတာကရော ''

"UN က ဒုက္ခသည်မင်းကြီးရုံးကနေ စစ်ရှောင်စခန်းတွေကို လူမူရေး အကူအညီပေးဖို့ တောင်းဆိုနေလို့ ခွင့်ပြုလိုက်တာလေ ခွင့်မပြုရင်လည်း ပြောနေကြအုံးမှာ လေ အဲဒါ ဘာဖြစ်လို့လဲ ''

"သိဖူးလေ အနီတွေ ဖွနေတာ UN တပ်တွေ လာသလိုလို ဘာလိုလို နဲ့ ရေးနေတာကိုး ''

"အင်း UN တပ်က ကုန်ကားတွေ နဲ့ UN ဗီနိုင်းလေး ကပ်ချီပြီး လာမလား ဗျ အံ့သြပါ့ ''

"သြော် ဒါလည်း ဟုတ်တာပဲ ဒါနဲ့ မင်းကို မေးမလို့ကွ ဟိုတလောတုန်းက မြဝတီ ဘီယာဆိုင်မှာ ကာတွန်း ဆရာတွေ ဖမ်းမိတယ် ဆိုတဲ့ ကိစ္စက မဟုတ်ဖူး ဟုတ်တယ် ငြင်းနေကြတုန်း ကွ ''

"ကျနော်ပြောပြမယ် အဲဒီ သတင်းတက်လာတော့ ကျနော်လေ့လာကြည့်တယ် ၊ ဖမ်းမိတယ်ဆိုတဲ့ ဘီယာဆိုင်က ဖွင့်ထားတာ မကြာသေးဖူး လမ်းမကြီး ဘေးကပဲ မြဝတီမြို့ထဲက လာရင် လမ်းရဲ့ ညာဖက်ချမ်းမှာ ဗျ ''

"အေး ဟုတ်ပြီ ''

"အဲဒီဆိုင်ကို လှမ်းမေးကြည့်တော့ သူတို့ဆိုင်မှာ လူဖမ်းတာ ဟုတ်တယ် ဘယ်သူတွေ ဆိုတာ မသိဖူး တဲ့ ''

"နေပါအုံး မင်းက အဲဒီဆိုင်ကို ဘယ်လိုသိသလဲ ''

"တိုက်ဆိုင်မှုပါ ဗျာ ကျနော် မြဝတီသွားခဲ့တာ ခင်ဗျာ မှတ်မိပါတယ် အဲဒီရက်တွေက လူစည်ကားနေတဲ့ အဲဒီဘီယာဆိုင်ထဲ ထမင်းဝင်စားကြစို့ ဆိုပြီး သွားစားကြတာ ဘူဖေးစနစ် နဲ့ ဗျ လူတွေစည်လှချည်လား အောင့်မေ့နေတာ စားသောက်ပြီးမှ သိရတာက အဲဒီနေ့ကမှ ဆိုင်ဖွင့်ပွဲလုပ်တာ တဲ့ သူတို့မိတ်ဆွေတွေ ဖိတ်ပြီး ဘူဖေးကျွေးနေတာ ကျနော်တို့က အူကြောင်ကြောင် နဲ့ မသိပဲ ဝင်ကြိတ်တာလေ ''

"ဟိုက်....လုပ်ပြီဟေ့ ကိုယ့်လဲ မဖိတ် အသိလည်း မရှိပဲ လုပ်ချပြန်ပြီ ကွာ မင်းမရှက်ဖူးလား ''

"သြော် ဝယ်စားမယ်ဆိုပြီး ဝင်တွယ်တာပါ ဗျာ သိရင် ဝင်မလား ဗျ ခင်ဗျား ကလည်း ''

"သြော် မြို့ခံကို မေးကြည့်လိုက်တာလား ''

"ဟုတ်တယ် မြို့ခံက ဆိုင်ထိသွားပြီး ဆိုင်ရှင်နဲ့ အင်တာဗျူးပြီး မှ ကျနော်ကို ပြန်ပြောတာ ဒါကြောင့် ဖမ်းမိသူတွေ ဓာတ်ပုံပြပြီး ကာတွန်းဆရာတွေ ဟုတ်မဟုတ် မေးကြည့်တာ ဗျ ကျနော်က မသိဖူးလေ ''

"အေး မဟုတ်ဖူး ဆိုပြီး ကာတွန်းဆရာတွေရဲ့ အကောင့်တွေက ပို့စ်တွေ တက်လာတာ တွေ့လို့ လေ ''

"သူတို့ ကာတွန်းတွေ ဆက်တိုက် တလလောက် ဆက်ရေးပြနေရင် အဖမ်းခံရတာ မဟုတ်လို့ပေါ့ ကာတွန်းတွေ တပတ်လောက် ပါလာပြီး နောက်ထပ် မတွေ့တော့ဖူးဆိုရင် အဖမ်းခံရလို့ပေါ့ ဗျာ ''

"အေးကွ ငါလည်း ကာတွန်းဆိုလို့ လိုင်းပေါ်တက်လာတဲ့ ကာတွန်းလောက် ဖတ်တာကိုး ကွ ဆက်ရေး မရေး မသိဖူး ကွ ''

"ကျနော်လည်း မသိဖူး သိသူတွေ မန့်လိမ့်မယ် ''

"ဟေ့ကောင် စိမ်းပိန်းတွေနဲ့ ဆက်ဖြစ်မနေပါနဲ့ ကွာ အာရုံနောက်ပါတယ် ''

"မဖြစ်ပါဖူး ဗျာ အမကြီးတင်ထားတဲ့ ပို့စ်မှာ ဝင်မန့်လိုက်ပြီး ကျနော်ဖက်က ပြီးသွားပါပြီ ၊ အဲဒါကို ကျနော့် fri ဖြစ်နေတဲ့ နောက်တယောက်က ကော်ပီထပ်တင်ပြီး ကျနော့်ကို NLD ဖက်ကနေ OIC ပေးတဲ့ ဒေါ်လာစားပြီး တပ်ကို တိုက်ခိုက်နေတယ်လို့ စော်ကားလာလို့ ရေးမိတာပါ ''

"တွေ့တယ် ကွ block လိုက်ပါ ကွာ အာရုံနောက်ပါတယ် ''

"သူတို့ကို block ကြပါလို့ ပြောထားပါတယ် ကျနော်က စပြီး block ရင် မျိုးဝင်းက သူ့ကို ဝေဖန်တော့ မခံနိုင်ဖူး block တယ် ပြောပြီး အပုပ်ချအုံးမှာ သေချာတယ် ''

"အေး ဒါလည်း ဟုတ်တယ် ကဲ နိဂုံးချုပ် ပြန်ကောက်မယ်ကွာ ဒီလို အခြေအနေမှာ တပ်ချုပ်ကြီး အနေနဲ့ နိုင်ငံရေး ကစားကွက် အသာစီးရအောင် လုပ်နိုင်တယ်ပေါ့ သေချာသလား ''

"အခု ပြည်သူတွေ အဓိက လိုအပ်နေတာ covid ပြဿနာရဲ့ အကျိုးဆက် အောက်ဆီဂျင် နဲ့ အိမ်သုံးဆေးဝါး ကိစ္စ အဲဒါကိုလည်း အားသွန်းခွန်စိုက် လုပ်ရင် ရနိုင်တယ် နည်းလမ်းများစွာ ရှိနေတာပဲ ''

" အေး အိမ်သုံးဆေးက ဟုတ်ပြီ အောက်ဆီဂျင်က လွယ်ပါ့မလား ''

"ပြည်ပကနေ ကားတွေ နဲ့ သွင်းနေတာ အရေအတွက် များများ နဲ့ မြန်မြန်သွင်းမယ် ၊ မှောင်ခိုတန်းစီ လုပ်စားနေတဲ့ သူတွေကို စနစ်တကျ စီစစ် ဖယ်ရှားနိုင်ရင် ပြဿနာကို ဖြေရှင်းနိုင်ပြီ ''

"Q စင်တာကတော့ တပ်တွင်း ဆရာဝန် နည်းနည်း နဲ့ covid သီးသန့် သင်တန်းပေးထားတဲ့ ၈ တန်းအောင် အဆင့် ယာယီ သူနာပြုတွေ ဗော်လံတီယာတွေ နဲ့ လုပ်ရင် ရနိုင်တယ်ပေါ့ ''

"ဒါပေါ့ ဗျာ ငွေသုံးစမ်းပါ ဗျာ တိုင်းပြည်အတွက် ပြည်သူ့အသက်တွေ အတွက် သုံးကြတာပဲ အကြွေးဘယ်လောက် တက်တက် ဘယ်သူကမှ အပြစ်မတင်ပါဘူး ဒါမျိုးကပ်ဆိုတာ နှစ်တရာ တခါ ပေါ်ခဲတဲ့ ကပ်ရောဂါ ဗျ ''

"အေးကွ တပ်ချုပ်ကြီး လုပ်တတ်ရင် သူ့အတွက် နိုင်ငံရေး အမြတ်ထုတ်နိုင်သလို ပြည်သူတွေ အကျိုးရှိမှာ မို့ အမြန်ဆုံး လုပ်ကြပါစေ ဆုတောင်း ရမှာပေါ့ ကွာ ''

"ကျနော်တို့ ဘဝကိုက ဆုတောင်းရုံက လွဲပြီး ဘာတတ်နိုင်မှာလဲ ဗျ''

.စစ်မှန်သော မေတ္တာဖြင့် တိုင်းပြည် နှင့် ပြည်သူကို ချစ်ခင်တန်ဖိုးထားသော  ပြည်သူထဲက ပြည်သူအစစ် 
       
         မျိုးဝင်း 

(ဖခင် အောက်ဆီဂျင် မဝလို့ လေထိုးတံနဲ့ ကူညီပေးနေတဲ့ ဒီလို သမီး​လေးကိုမြင်ရတာ{ဖိလစ်ပိုင်ကတဲ့ မြန်မာပြည်မှာ မကြာခင်မြင်ရတော့မယ်} ကျနော်ရင်ထဲ ဆို့နင့်ပြီး စီမံမှု အလွဲတွေ အပေါ် ဆဲမိ ဆိုမိ ဝေဖန်မိတာ ကျနော် မှား​နေသလား မေးချင်မိပါတယ်)