Wednesday, July 28, 2021

ဒေါ်အောင်ဆန်းစုကြည်မလိုဘူး၊ မြန်မာနိုင်ငံပျက်ဖို့ပဲလိုတယ်


ဒေါ်စုအအသက်အရွယ်ဖြင့် 
ရေရှည်အလုပ်မဖြစ်သည်ကိုသူတို့ကောင်းစွာသိကြပါသည်။
ဒေါ်စုအရွယ်ကောင်းစဉ် အာဏာရခဲ့မည်ဆိုလျှင် မြန်မာကို
နှစ် (၃၀)အတွင်း ကောင်းစွာဖျက်ဆီးနိုင်ခွင့် ရှိနေပါ၏။

နိုင်ငံရေးဝမ်းစာနည်းပါးသောကြောင့်
အရွယ်လွန်မှ အာဏာရလာသော ဒေါ်စုသည်
နောက်သက်တမ်းတစ်ခုကို ဆွဲမဆန့်နိုင်ခဲ့။

- အနောက်အုပ်စု အဓိက လိုချင်သည်မှာ 
   မြန်မာကို အပိုင်းပိုင်းကွဲ၍
- တရုတ်အတွက် ရခိုင်မှ ရေလမ်းထွက်ပေါက်၊ရန်ကုန်မှ
   ရေလမ်းထွက်ပေါက် စသည်တို့ကို ပိတ်ဆို့နိုင်ရန်သာဖြစ်
   သည်။

ဒေါ်စုအစိုးရ 
နောက်ထပ်သက်တမ်း တစ်ခုစာအခွင့်အရေး ရခဲ့လျှင်
တိုးတက်စွာ CIA လှုပ်ရှားဆောင်ရွက်မည်ဖြစ်သော်လည်း
ရုတ်တရက် တပ်မတော်မှ အာဏာထိန်းလိုက်သောအခါ
- " မဲမသမာမှုကြောင့် " ဟူသည်ကို ဖုံးကွယ်ထားပြီး
- " အာဏာသိမ်းသည် " ဟူသော စွပ်စွဲချက်ဖြင့်
- CDM လှုပ်ရှားမှု ကြီးထွားလာခဲ့သည်။

CDM လှုပ်ရှားမှုကို အသေအချာလေ့လာပါက...
- ကွန်ရက်ငယ်များ ချိတ်ဆက်ထားသည်ကို တွေ့ရသည်။
- ကြိုတင်စီစဉ်ထားမှ ရရှိမည့်အရာဖြစ်သည်။
- ဒေါ်စု အာဏာဆက်ရလျှင် မည်သို့ဆောင်ရွက်ရမည်။
- ဒေါ်စု အာဏာမဲ့သွားလျှင် မည်သို့ဆောင်ရွက်မည်ကို
  ကြိုတင်စီစဉ်ထားနိုင်သောကြောင့် CDM ဤမျှမြန်မြန်
  ဆန်ဆန် ကြီးထွားလာနိုင်ခြင်း ဖြစ်ပါသည်။

CDM လှုပ်ရှားမှု၏ ကုန်ကျငွေမှာ မနည်းမနောပေ။
- ဒေါ်လာသန်း ရာချီသုံးစွဲခဲ့ကြောင်း အသာလေးတွက်ချက်
   နိုင်ပါလိမ့်မည်။
- လူမှုရေး သြဇာရှိသူ၊ကျော်ကြားသူများကို တစ်ပြိုင်နက်ထဲ
   ကောင်းစွာ အသုံးချသွားနိုင်ခဲ့၍
- ချက်ချင်း ဤမျှလောက် ရက်ပိုင်းအတွင်း ကြီးထွားလာခဲ့
   ခြင်းဖြစ်သည်။

နေဇင်လတ်
(တစ်မွန်းတည့်နိုင်ငံရေးနှင့်ဟောလိဝုဒ်နွေဦးတော်လှန်ရေး
ဇာတ်ညွှန်း စာမျက်နှာ ၁၃၅)