Friday, July 23, 2021

ပွင့်ပွင့်လင်းလင်း ပြောရရင်..... လက်ရှိတပ်မတော် မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ တပ်မတော်ကြီးကို Professional အဖြစ် သွားချင်နေကြပါပြီ........


နိုင်ငံတော်ရဲ့ အသက်သွေးကြောလို့ပြောလို့ရတဲ့
ဖွဲ့စည်းပုံ ပင်မလောကြီးထဲက ဥပဒေတွေကို
လိုသလောက် ထုတ်ပြီး ခြယ်လှယ်အသုံးချနေတဲ့
နိုင်ငံရေးသမားတွေကြောင့်သာ
တိုင်းပြည်အကြပ်အတည်းဖြစ်ချိန်တိုင်း
တပ်က ဝင်ဝင်ပါပါနေရတာပါ......
-------
NCA စာချုပ်မှာဆိုရင်လည်း....
ခင်ဗျားတို့ EAOs တွေ စိတ်ကြိုက်ဆွဲ။
ဒို့တာဝန်အရေး(၃)ပါးကို မထိရင်ရပြီဆိုပြီး
အလျော့အတင်း အများကြီးပေးခဲ့သလို
နိုင်ငံရေးလမ်းကြောင်းမှာဆိုရင်လည်း
ဖွဲ့စည်းပုံဆိုတာ တသက်လုံးမပြင်ရဘူးဆိုမှမရှိဘဲ။
ခေတ်ကာလအခြေအနေအရ
ပြောင်းသင့်တဲ့အချိန်မှာ
ထိုက်သင့်တဲ့ဥပဒေပြင်ရမှာဆိုတာကို
တပ်အနေနဲ့သဘောတူလက်ခံပြီးသားမဟုတ်လား။
-----
ဒါကိုမှ
လက်နက်ကိုင်တွေနဲ့လည်း
ငြိမ်းချမ်းရေးမရသေး။
အပစ်အခတ်တွေလည်းမရပ်နိုင်သေးဘဲနဲ့။
မင်းတို့ တပ်မတော်ကို ဘတ်ဂျက်လျော့မယ်။
မင်းတို့ ၂၅ ကျပ်သား လွှတ်တော်ကအရင်ထွက်ရမယ်။
သမ္မတဖြစ်ခွင့်ကို မင်းတို့က ပိတ်နေတယ်...
တပ်မိသားစုတွေရဲ့လုံခြုံရေးတွေကိုမသိဘူး..
မဲရုံတွေ တပ်ပြင်အကုန်ထုတ်။ 
-----
စသဖြင့်ပေါ့....
အစိုးရတဆက်ရဲ့ မူဝါဒတခါပြောင်းတိုင်း
လက်နက်ကိုင်တွေနဲ့ အသက်ပေးပြီး
တိုက်နေရတဲ့ တပ်မတော်ရဲ့စိုးရိမ်မှုကို ထည့်မတွက်ဘဲ...
ဒီမိုကရေစီနည်းလမ်းအရ 
အရပ်သားအစိုးရအောက်မှာပဲ 
တပ်ကိုထားချင်တယ်ဆိုတဲ့
အတွေးအခေါ်တွေကသာ သူတို့စိတ်ထဲ
ကြီးစိုးနေခဲ့ကြတယ်....
--------
ဒီကနေ့ လူမှုကွန်ရက်တွေပေါ်မှာ
ကျနော်တို့က လူနည်းစုတိုင်းရင်းသားတွေပါဆိုပြီး
ကြွေးကြော်နေသူတွေက
၁၉၄၉/၁၉၅၀ ပတ်ဝန်းကျင်တွေမှာ ....
မြန်မာနိုင်ငံရဲ့  ၇၀ ရာခိုင်နှုန်းလောက်
သိမ်းပိုက်ထားခဲ့ကြတဲ့အချိန်တုန်းက
ဒီလိုစကားတွေကို ပြောမှမပြောခဲ့ကြဘဲ။
----------
တိုင်းပြည်အခက်အခဲဖြစ်ချိန်တိုင်းနဲ့
ပြည်သူတွေ ဒုက္ခရောက်ချိန်တိုင်းမှာ....
ပါတီနိုင်ငံရေးလုပ်တဲ့သူတွေကို 
မြင်ရသိပ်ခက်ပါတယ်......
-----
ပါတီနိုင်ငံရေးဆိုတာ....
ရွေးကောက်ပွဲတစ်ခုနီးလာရင်....
ပြည်သူတွေကို မက်လုံးပေးမယ်....
တဘက်ခါ စင်ကာပူမှီအောင်လုပ်ပေးမယ်..
မိုးပျံတံတားတွေဆောက်ပေးမယ်..
ရန်ကုန်မြစ်ကို မြို့လယ်ခေါင်ပို့ပေးမယ်ဆိုတဲ့
ကတိတွေ၊ မျှော်လင့်ချက်တွေ ပေးခဲ့ပြီး
ပြည်သူတွေတင်လိုက်လို့ အစိုးရဖြစ်လာမှ...
ငါတကောကောနဲ့
လုပ်ချင်ရာလုပ်ကြတာပဲမဟုတ်လား....
----
တကယ်ပါ.......
ကျနော်တို့ အမျိုးသားနိုင်ငံရေးပဲ
လုပ်ချင်ပါတယ်........

#ဖိုးစီ