သလိပ်ထွက်၊ ချွဲကျပ်တာမျိုးဟာ သာမန်အအေးမိတာ အဆုတ္ပြ၊ အဆုတ်ယောင်၊ အဆုတ်ပိုးဝင်၊ရင်ကျပ်ပန်းနာ ရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာဘဲဖြစ်ပါတယ်။
ရင်ဘတ်အောင့်တာ၊ လည်ချောင်းနာတာ၊ အစာမျိုချရင်နာတာ၊ တရွှီရွှီမည်အောင်အသက်ရှုနေတာ၊ ချောင်းဆိုးတာ၊ အသက်ရှုမဝ ခေါင်းမူးတာ တွေဖြစ်နေပြီဆိုရင် နီးစပ်ရာဆရာဝန်နဲ့ကုသရပါမယ်။ ဒါ့အပြင်ခုပြောပြမဲ့ နည်းလမ်းလေးတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။
၁။ ရေနွေး
ရေနွေးကို တနေ့ ၂-၃ ခွက်သောက်ပေးပါ။ အပူကြောင့်ချွဲသလိပ်တယ်ပျော်ပြီး ရင်ချောင်သွားမှာပါ။
၂။ ဆားရေနဲ့ အာလုတ်ကျင်းပါ
ဆား စားပွဲတင်ဇွန်းနဲ့ ၁ ဇွန်းကို ရေနွေး ၁ခွက်ထဲထည့်ပြီ တနေ့ ၃-၄ကြိမ် ၊ တမိနစ်စီခန့် အာလုတ်ကျင်းပါ။ ဆားရေဟာ ချွဲသလိပ်တွေကိုပျော်စေနိုင်ပါတယ်။ သလိပ်တွေထွက်လာရင် ဟပ် ထုပ်ပစ်ပါ။ သလိပ်တွေမှာ ပိုးမွှားတွေ၊ အမှုန်တွေတွယ်ကပ်နေတဲ့အတွက်
ဟပ်ထုပ်ပစ်ခြင်းကပိုသက်သာစေမှာပါ။
၃။ ပျားရည်နဲ့ သံပရာ
ပျားရည်မှာ သလိပ်ကိုပျော်စေနိုင်ပါတယ်၊ သံပုရာသီးမှာလည်း vitamin C တွေ အများကြီးပါတဲ့အတွက် ကိုယ္ခံအားကို ကောင်းစေပါတယ်။ ရေနွေး ၁ခွက်ထဲမှာ ပျားရည် စားပွဲတင်ဇွန်းနဲ့ ၁ ဇွန်း နဲ့ သံပုရာရေ
စားပွဲတင်ဇွန်းနဲ့ ၁ ဇွန်းထည့်ပြီး တနေ့ ၂-၃ကြိမ်
သောက်သုံးပေးခြင်းအားဖြင့် ချွဲသလိပ်တွေ ပျော်ပြီး အဆုတ်အားကောင်းအောင်ပြုလုပ်ပေးပါတယ်။
၄။ ဂျင်းပြုတ်ရည်
ဂျင်းမှာ သလိပ်တွေကိုပျော်စေပြီး အသက်ရှူလမ်းကြောင်းနံရံတွေ ရောင်ရမ်း သက်သာအောင်လုပ်ပေးနိုင်တဲ့ သတ္တိတွေရှိပါတယ်။ ဒီတိုင်းစားနိုင်သလို ပြုတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။ အရသာကောင်းအောင်ပျားရည်လဲ
ထည့်သောက်နိုင်ပါတယ်။
တစ်နေ့ ၂-၃ကြိမ်သောက်သုံးပေးနိုင်ပါတယ်။
၅။ ယူကလစ်အဆီထည့်ထားသောရေနွေးငွေ့
ယူကလစ်အဆီဟာပိုးသေ(antibacterial properties)စေတဲ့အပြင် အနာသက္သာ
(analgesic properties)စေတဲ့ အစွမ်းရှိပါတယ်။ ရေနွေးငွေ့ကိုရှုရှိက်မယ်ဆိုရင် တော့ သလိပ်တွေပျော်ပြီး နှာခေါင်းပိတ်တာကိုသက်သာစေပါတယ်။ရေနွေးထဲကို ယူကလစ်အဆီ ၁-၂ စက်ထည့်ပြီး ပြည့်ပြည့်ဝဝကြီး အငွေ့ကိုရှုသွင်းထုတ်လုပ်ပေးပါက ပိုမြန်မြန်သက်သာပါလိမ့်မယ်။
ဒါ့အပြင် ရေနွေးနဲ့ရေချိုးခြင်း၊အိပ်ခန်းနဲ့ပတ်ဝန်းကျင်ကို
သင့်တင့်တဲ့ စိုထိုင်းမှုရှိအောင်နေပါ။
၆။ နံနံပင်
နံနံပင် ဝါးစားပေးခြင်းအားဖြင့် ချွဲသလိပ်တွေပျော်ပြီး ရင်ချောင်စေပါတယ်။
၇။ နို့၊ပျားရည်၊နနွင်းနဲ့ ငရုတ်ကောင်း
နနွင်းဟာပိုးသေ (antibacterial properties) စေတဲ့အပြင် အယောင်ကျစေတဲ့ (anti-inflammatory) အစွမ်းလဲပါဝင်ပါတယ်။ ငရုတ်ကောင်းထဲမှာပါတဲ့ ဓာတ်တွေဟာ နနွင်းကိုအထောက်အကူပြုစေတဲ့ အတွက် နှစ်မျိုးပေါင်း ထူးခြားတဲ့ဆေးစွမ်းကောင်းဖြစ်လာပါတယ်။ နို့ကြိုချက်ပြီးသား ၁ခွက် ထဲကို နနွင်း စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ငရုတ်ကောင်း လက်ဖက်စားဇွန်း ၁ဇွန်း၊ ပျားရည် လက်ဖက်စားဇွန်း ၁ဇွန်း ထည့်ပြီး တစ်နေ့ ၂ခွက်သောက်သုံးပေးပါ။
၈။ ကြက်သွန်နီအရည်နဲ့ ပျားရည်
ကြက်သွန်နီ ၁ -၂ စိတ္ကို ကြိတ် ဒါမှမဟုတ် ထောင်းပြီး အရည်ညစ်ပါ၊ စားပွဲတင်ဇွန်း ၁ ဇွန်း စာလောက်ရရင် ပျားရည်စက် အနည်းငယ် ထည့်ပြီး တစ်နေ့ ၂-၃ ကြိမ် သောက်သုံးပါ။ ကြက်သွန်နီမှာပါဝင်တဲ့ဓာတ်တွေဟာ သလိပ်တွေထက်မဖြစ်အောင် ကာကွယ်ပေးတဲ့ အပြင် ထက်ပြီးရောဂါပိုးတွေမဝင်အောင်လဲ တားဆီးပေးပါတယ်။
၉။ ကော်ဖီ (black coffee)
ကော်ဖီ (black coffee) ပူပူလေး ဟာ ရင်ကျပ်တာကိုသပ်သာစေတယ်၊ ချွဲသလိပ်တွေ ပျော်စေပြီး လည်ချောင်းကိုရှင်းစေတယ်
တနေ့ကို ၂ ခွက်လောက်ဘဲသောက်ပါ။
caffeine ကဖိန်းဓာတ်တွေလွန်ကဲရင် အိပ်မပျော်တာတွေရင်တုန်တာတွေ ဖြစ်နိုင်လို့ပါ။
၁၀။ နွယ်ချို 😍
နွယ်ချိုဟာ အသက်ရှူလမ်းကြောင်းထဲမှာ ရှိနေတဲ့ သလိပ်တွေ အညစ်ကြေးတွေကို ဖယ်ရှားပေးတဲ့ သဘာဝဆေးစွမ်းကောင်း တလက်ပါ။ လေပြွန်အယောင်အရမ်းတွေကျစေပြီး၊ လည်ချောင်းနာတာတွေ၊ ယားယံတာတွေသက်သာစေပါတယ်။
ရေနွေးနဲ့ ၅ မိနစ်ခန့်ပြုတ်ပြီး ပြုတ်ရည်ကို
တစ်နေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ် ။
ဒီအိမ်သုံးဆေးနည်းလေးတွေဟာ ရင်ကျပ်တာ ၊ ချွဲထတာတွေကို သက်သာစေပါတယ်၊ဒါပေမဲ့ ရက်ရှည်နေရင်၊သာမန်ထက် လက္ခဏာတွေ
ပြင်းထန်နေရင် တော့ဆရာဝန်နဲ့ တိုင်ပင်ကပါတော့မယ်။
ဒါ့အပြင် နွေးနွေးထွေးနေပါ၊ အရည်များများသောက်ပါ၊ အနားယူပါ။
Crd Dr Nyein
Copy - ယူပါသည်