Wednesday, July 28, 2021

လေးစားပါတယ်နောင်တော်


မနေ့က နိုင်ငံတော်အဆင့်အစည်းအဝေးမှာ
ဝန်ကြီးတစ်ယောက်ရဲ့ တမူထူးခြားတဲ့
သွင်ပြင်လက္ခဏာတစ်ခု မြင်တွေ့ရတယ်။

အရပ်သားဖြစ်နေတာတောင် စစ်သားပုံစံ ဆံပင်ညှပ်ထားတယ်။ ဆိုလိုတာက စည်းကမ်းလိုက်နာတုန်း၊ အမိန့်နာခံ တုန်း၊ အပြောအဆို အပြုအမူ အနေအထိုင် စံပြဖြစ်နေတုန်း။ DSA ရဲ့အစဥ်အလာအရ အကိုကြီး-ညီလေး ဆက်ဆံလို့ရနိုင်တဲ့အခြေအနေ။ တပ်ချုပ်ကြီးက (DSA 19) သူက (DSA 16) ဆိုပေသိ တာဝန်ကိုလေးစားတယ်၊ ညီငယ်အပေါ် Respect ရှိတယ်ဆိုတာ ပေါ်လွင်နေတယ်။

သူကတော့ ကိစ္စအဝဝကို ပြတ်သားစွာ ဆောင်ရွက်တတ်သူ၊ နိုင်ငံနှင့်လူမျိုးကိုထိလျှင် မချိအောင်နာတတ်သူ (ရိုကိစ္စဆက်ပြောရင် ကုလအစည်းအဝေးခန်းမက သူထွက်ခွာမယ်လို့ ရဲဝံစွာ ပြောခဲ့သူ) DSA ၁၆ ဆင်း အောင်စစ်သည်ဗိုလ်လောင်း (စံပြဗိုလ်လောင်း)ထူးချွန်ဆုရခဲ့သူ ဦးဝဏ္ဏမောင်လွင် ပါပဲ။
လေးစားပါတယ်နောင်တော်။

#ဘိုသူ



Related Posts: