Friday, July 30, 2021

ပြည်ဖျက်မီဒီယာများသည် နစကမှ ရုပ်အလောင်း ၃၀၀၀ ကျော်သင်္ဂြိုဟ်နိုင်မည့် မီးဖိုသစ်များ တည်ဆောက်မှုသတင်းအား ဟာသသဖွယ် ဝိုင်းဝန်းလှောင်ပြောင်ရေးသားနေကြခြင်းသည်


မိမိတို၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ကမ်းဘေးက မီးသင်္ဂြိုဟ်ရန်ခက်ခဲ၍ စွန့်ပစ်ထားရသော အလောင်းများကဲ့သို ပြည်သူများအား ခွေးစားစားကျီးထိုးထိုးပြစ်ထားလိုသော သဘောများ ရှိသလားဟု မေးရမည်ဖြစ်သည်။ ရောဂါဖြင့် သေဆုံးသော Dead body များမှ ပိုးမွှားများစွာ ထွက်ရှိကြောင်းကို သာမန်ပြည်သူများပင် သိရှိသော်လည်း CDM ဆေးရုံအုပ်တစ်ဦးမှ မသိသကဲ့သို အင်တာဗျူးဖြေကြားမှုသည်လည်း အံ့ဩစရာမရှိပါ။ စဉ်းစားတွေးခေါ် ဆင်ခြင်နိုင်စွမ်းနည်းပါးသောကြောင့် ကမ္ဘာ့ကပ်ရောဂါခံစားနေရသော ပြည်သူများအား လျစ်လျူရှုကာ CDM လုပ်ဆောင်နေသော ဆရာဝန်တစ်ဦးထံမှ မျှော်လင့်စရာ ဘာမျှမရှိပေ။ အစိုးရဆိုသည်မှာ ပြည်သူတစ်ဦးအတွက် မွေးဖွားသည်မှ သေဆုံးသည်အထိ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ပြီး မီးဖွားစရိတ်၊ ကျောင်းနေထောက်ပံ့၊ အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်လစာ၊ မီးသင်္ဂြိုဟ်ခြင်း စသည်တိုသည် အစိုးရ၏ တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နေခြင်းသာဖြစ်သည်။

#credit