အဲဒီတုန်းက
OICရယ် ဒေါ်စုရယ် ဂမ်ဘီယာရယ် သူတို့ သုံးဦးရဲ့
တစ်ချက်ခုတ် သုံးချက်ပြတ်
လုပ်တယ် ဆိုတာက -
(OIC ။
မြန်မာနိုင်ငံရဲ့
၁၉၈၂ နိုင်ငံသားပြုမှုဥပဒေကြောင့်
သူ့အမျိုးတွေ ရခိုင်ရဖို့မရေရာ
တာကို ဒေါ်စုခုတုံးလုပ်ပြီး
ရေရာ သေချာအောင်လုပ်ဖို့ ။
ဒေါ်စု ။
တပ်မတော်ကို နိုင်ငံရေးဇာတ်ခုံ
ပေါ်မှာ ဒီအတိုင်း ဆက်ထားရင်
ဒေါ်လာမြဲဖို့ရော အာဏာမြဲဖို့ရော
အဟန့်အတားဖြစ်နေတာကြောင့်
၁၉၈၂ ကြီးကိုအသေဆုတ်ကိုင်
ထားတဲ့ မြန်မာ့တပ်မတော်ဆိုတာ
စစ်ရာဇဝတ်အုပ်စုအဖြစ်
ကမ္ဘာ့မျက်နှာစာမှာ သက်သေပြပြီး
လမ်းရှင်းဖို့ ၊
ဂမ္ဘီယာ ။
OIC က တရားစရိတ်ထောက်ပံ့
မှုနဲ့ သူ့နိုင်ငံစီးပွားရေးကို
ထောက်ကန်ထားနိုင်ဖို့ )
ဖြစ်တယ် ။
ကြောင်ခံတွင်းပျက်ရယ်
ဇရက်တောင်ပံကျိုးရယ်
ဆားတစ်ထုပ်ရယ်
တွေ့ခဲ့ကြပါရောလား ။
အကွက်ကတော့
တကယ့်ကို မဟာဆန်တဲ့အကွက်
ကြီးပါပဲ ။
ဒါပေမယ့် ဒေါ်စုရဲ့ လောဘတကြီး
ရွေ့ကွက်တွေဟာ အိနြေ္ဒမဆည်
နိုင်ဖြစ်ခဲ့တယ် ။ သံသယကြီးစရာတွေ
ဖြစ်ခဲ့တယ် ။
ICJ မှာ
တရားစွဲခံရတဲ့ရက်ပိုင်းအတွင်းမှာပဲ
နိုင်ငံခြားရှေ့နေအသင့်ဖြစ်နေပြီလို့
ကြေညာ ခဲ့တာမျိုး ။
တိုင်းပြည်ကိုမေမေကယ်ရတော့
မယ် ။ စစ်တပ်လုပ်တာကို မေမေ
ရှင်းရတော့မယ် ။ အာဂမေမေ
သတ္တိခဲမေမေ ဂရုဏာရှင်မေမေ
ြ်မင့်မြတ်တဲ့မေမေ လို့ NLDတွေက
ဝိုင်းလော်ကြတာလည်း
ICJ တရားစွဲတာနဲ့တသ်ပြိုင်တည်းမို့
စောလွန်းနေခဲ့တာမျိုး ။
နိုင်ငံတော်ရဲ့ အဓိပတိတစ်ဦးအနေနဲ့
ICJ ကိုမသွားသင့်ပါဘူး လို့
နိုင်ငံရေးအကဲခတ်တွေက
အကြံပြုကြတဲ့တိုင် ဒေါ်စုဟာ
လော်ဘီတွေ တစ်အုပ်တစ်မကြီး
နဲ့ ICJ ကိုအပျော်ခရီးသွား
သလို သွားခဲ့တာမျိုး ။
ထူးခြားတာက ဒေါ်စုကို အချက်အ
လက်ကူညီပေးဖို့ အတူလိုက်ပါရေး
သေဘာတူထားတဲ့
တပ်မတော်ကိုယ်စားလှယ်အရာရှိကို
လေယာဉ်ကွင်းရောက်မှ
ထားခဲ့ဖို့ဆုံးဖြတ်ခဲ့တာမျိုးတွေပဲ ။
ICJ မှာ ထွက်ဆိုတော့လည်း
တပ်မတော်က မျှော်လင့်ထားတဲ့
အတိုင်း ဒေါ်စုရဲ့ချေပချက်ဟာ
ဖွဲ့စည်းပုံအရ မြန်မာ့တပ်မတော်ဆိုတာ
မြန်မာအစိုးရလက်အောက်မှာမရှိကြောင်း၊
တပ်မတော် စစ်ရာဇဝတ်မှုတွေ
ရှိခဲ့လို့ တပ်မတော်အဆင့်မြင့်
အရာရှိကြီးတွေအပါအဝင်
အရေးယူမှုတွေရှိခဲ့ကြောင်း ။
တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ်အာဏာနဲ့ အရေးယူထားသူ
တွေကို လွတ်ငြိမ်းခွင့်ပြုခြင်းအပေါ်
ပြည်သူတွေ စိတ်မကောင်းဖြစ်နေရ
ကြောင်း အထုတ်ဖြေပြီး၊ ICJ မှာ
တရားစွဲသင့်တယ်
မြန်မာ့တပ်မတော်ကိုအရေးယူ
သင့်တယ် မပြောရုံတမယ်ပဲ
ထုချေခဲ့တာ မှတ်မိကြပါလိမ့်မယ် ။
အင်္ဂလိပ်စကားကို ပုဂံက
ဧည့်ကြိုကလေး
တွေလောက်တောင် စကေးမရှိတဲ့
NLD အုပ်စုတွေက
မြို့တော်ခန်းမရှေ့မှာ တီဗီစခရင်
အကြီးကြီးထောင်ပြီး
" WE STAND WITH YOU"
လုပ်ခဲ့ကြတယ် ။ (အဲဒီထုချေလွှာကို
ခုထိ မြန်မာမပြန်ရဲသေးဘူး)
အခု မြန်မာ့ နိုင်ငံရေးရာသီဥတု
ပြောင်းခဲ့ပြီ ။
ICJ ဆိုတာ
မြန်မာ့တပ်မတော် ကို
တစ်စဆီစုတ်ဖြဲပြီး
ကျိုးနွံအောင်လုပ်ဖို့
အနောက်အကြံပေးတွေနဲ့
ဒေါ်စုတို့ ပေါင်းပြီး ကြံစည် တဲ့
ဒေါ်လာနဲ့ဆက်ရတဲ့
ပြဇာတ်တစ်ပုဒ်ဆိုတာ
မကြာခင်
ထင်ထင်ရှားရှား ပေါ်လာတော့မယ် ။
ကျွန်တော်တို့ အမျိုးသားရေး
အင်အားစုတွေဟာ
ဒေါ်စုကို ပုဂ္ဂိုလ်ရေးမုန်းလို့
မဟုတ်ဘဲ ။
အဲဒီလို
တိုင်းပြည်ကို ပြည်ပအုပ်စုနဲ့ပေါင်းပြီး
ဒီဇိုင်းဆင်တာတွေ မကြိုက်လို့
ပစ်ပစ်ခါခါ ကန့်ကွက်ပြီး၊
ဒီအခြေအနေမျိုးရောက်အောင်
တွန်းပို့ ခဲ့တာပဲ ။
##crd##မောင်ချိုဝေ
၂၆၊ ၇၊ ၂၀၂၁
Photo: ICJ ဝိုင်းတော်သားများ