Saturday, July 24, 2021

နစက ရှေ့နေများသို့


                   ကျနော့်ပိုစ်က တုန့်ပြန်ရမယ့် မန့်တခု အတွက် ဖြေရှင်း မေးမြန်းချက်လေးပါ ။

        ဆရာ ကိုမျိုးဝင်း ခင်ဗျား…
 နစက'ကြီးရဲ့ လက်တွေ့ ဖြေရှင်း နေရတဲ့ 'စိမ်ခေါ်မှု တွေကိုလည်း ခင်ဗျား အနေနဲ့ နားလည် ပေးသင့်ပါတယ်။

(မှန်တာပေါ့ ဗျာ အဲဒီအခက်အခဲတွေကို နားလည်နေလို့ ရှေ့နေလိုက်ပြီး ဒါက ဒီလိုရှိပါတယ် ၊ ဟိုဟာက ဟိုလို ရှိပါတယ် နဲ့ ပို့စ် ပေါင်းများစွာ ရေးခဲ့တာကြတော့ ခင်ဗျား မဖတ်မိဖူးနဲ့ တူပါရဲ့ အကောင့်တွေ မရေတွက်နိုင်အောင် ကျနေတော့လည်း ဟုတ်မှာပါ လေ... ပြောချင်တာက နစက အပေါ် သူများတွေထက်များစွာ နားလည်မှုပေးပြီး ထောက်ခံခဲ့ပါတယ် ဗျာ) 
 
- 'လူ့ဆန္ဒ'ဆိုတာ အကြီးဆုံးပါ!'
ကိုယ် ဖြစ်ချင်တာ မဖြစ်ရသေးသမျှ 'ဘေးက ေ_ာက်ပြစ် ပြောနေတာမျိုး' တော့…ဆင်ခြင်သင့်ပါတယ်' ကိုမျိုးဝင်းရေ!"

-(ကျုပ်ရဲ့ တပည့်တွေ ဆိုဆုံးမရတိုင်း လက်သုံးစကားက ဘာလဲ သိလား.. ? လောကမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရဲသော သား သမီးကောင်းဖြစ်အောင် ကြိုးစားကြပါ ဆိုတဲ့ စကားပါပဲ ။ ဒီတော့ အခု အပြစ်ပြောနေတာက ကျုပ်ဖြစ်ချင်တာ မဖြစ်လို့ စောက်ပြစ်တင်နေတာ မဟုတ်ဖူး ။ ဖြစ်သင့်တာ မဖြစ်တဲ့ စောက်ဖြစ်မရှိတဲ့ အတွက် ဝေဖန်နေတာ ပဲ) 
  
 ( ခင်ဗျား ပြောသလို အချို့ ကိစ္စတွေမှာ ဒေါင့်စေ့အောင် မစွမ်းဆောင် န်ိုင်တာ မှန်ပါတယ်!)
'ဒီအတွက် ခင်ဗျားက NLD ကို အာဏာပြန်လွှဲပေးစေချင်တာလား?"

(ရီစရာ စကားပဲ ဗျ ခင်ဗျားလည်း နီပိန်း အကွက်တွေ အသားကျနေတာကိုး အရင်က NLD ကို ဝေဖန်တိုင်း စစ်ဖိနပ်အောက် ရောက်ချင်တာလား ဆိုတဲ့ စကားလိုပဲ နစက အားနည်းချက် ဝေဖန်တာနဲ့ ဘာတဲ့ NLD ကို အာဏာပြန်လွှဲပေးစေချင်တာလား တဲ့ ၊ သဘောကတော့ နစက ကြိုက်သလောက် ညံ့ဖျင်းပါစေ မဝေဖန်ပါနဲ့ ပေါ့လေ တကယ့် ဟာသ အကြီးစားပါပဲ ဗျာ ။ အဲဒီခေတ် NLD နဲ့ အတူ ကုန်သွားပြီ မှတ်နေတာ ခင်ဗျားက အမွေယူထားတာကိုး)
  
...တပ်ချုပ်ကြီး အာဏာ ထိန်း တုန်းကလည်း(ဒီလို လုပ်မယ်ဆိုတာ) ခင်ဗျား သေချာပေါက် ပြောနိုင်လို့လား?

(အေးဗျာ အာဏာထိမ်းလိုက်တော့ ဘာပဲပြောပြော NLD ထက် သာအောင် စီမံနိုင်မယ် တရားမျှတမှု ၊ အနိုက်ကျင့်မှုတွေ ပပျောက်သွားမယ် တွက်ဆထားတာ ပိုဆိုးနေတာ လက်တွေ့ပဲ ဗျာ အဲဒါကြောင့် ကျုပ်ဝေဖန်နေတာ လေ )
  
- အာဏာ မထိန်းခင် ဇန်နဝါရီ(31)နေ ည MWD' သတင်းအပြီး'(NLD'က မနက်ဖန် လွှတ်တော်ခေါ်ပြီး အစိုးရ'ဖွဲ့တော့မယ်'ကာချုပ်က'ဘုရားဒါယကာ လုပ်ကောင်းတုန်း)ဆိုတဲ့ FB'ပေါ်က ဝေဖန်နေတာတွေ ရှိခဲ့တာပဲလေ!

(အခြားလူတွေ ကြွပ်ကြွပ်ညံနေအောင် ဝေဖန်နေချိန်မှာ မျိုးဝင်း ဘာတွေ ရေးခဲ့သလဲ ဆိုတာ ကျုပ်မိတ်ဆွေတွေ သိကြပါတယ် ။ အဲဒါ ဘာဆန်းသလဲ ဗျ လုပ်ကို လုပ်ရမယ့် ကိစ္စ လုပ်သွားတာပါ)
 
- မနက် မိုးလင်း အာဏာထိန်းလိုက်တော့ အသံတွေ တိတ်သွားတာ ခင်ဗျားလည်း အသ်ိပါဗျာ။
မုဆိုးမ အိမ်က ထမီ ပျောက်တာ'ခင်ဗျားတို့ ကျနော်တို သိပေမဲ့ 'နစက'ကြီး မသိနိုင်သလ်ို…'နစက'ကြီး သိနေတဲ့ အသိတွေကိုလည်း 'ခင်ဗျားတို့ ကျနော်တို့ မသိတာတွေ အများကြီး ရှိနေမှာပါ (သိတိုင်း လုပ်မရ တာလေးတွေလည်း ရှိရင် ရှိ'နေမှာပါ)

(ကျုပ်ဝေဖန်နေတာ မုဆိုးမအိမ်က ထမီပျောက်တဲ့ ကိစ္စလောက် ဇီဇာချဲ့ ဝေဖန်နေတာ တခုမှ မပါသေးဖူး ကျန်းမားရေး နဲ့ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ပြန်ကြားရေး နဲ့ စီးပွားကူးသန်း ဒါတွေက ပြည်သူတွေရဲ့ အသက်တွေ စားဝတ်နေရေး တိုက်ရိုက်ပတ်သက်နေတာ တွေဗျ ၊ မုဆိုးမအိမ်က ထမီပျောက်တာ မဟုတ်ဖူး အဲဒါတွေ နစက မသိဖူးဆိုရင် တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်နေတာလည်း ပြန်မေးရမှာပဲ ။ ဘာမှ မသိတဲ့ကောင် အုပ်ချုပ်တာ ခင်ဗျားကြိုက်နေတာလား.. ? သူသိတာ ကျုပ်တို့ သိဖို့ မလိုဖူး ယူဆထားရင် အားလုံး ပြေလည်အောင် အုပ်ချုပ်မှု စွမ်းရည်ပြလေ ၊ မင်းတို့နားမလည်ပါဖူး ကွာ ဆိုပြီး ဆရာကြီး အထာနဲ့ ပြည်သု့အသက်တွေ ဗုန်းဗောလအော ရင်းနေရအောင် သက်ဦးဆံပိုင် ဘုရင်စနစ်မဟုတ်ဖူး ကိုယ့်လူရေ) 
 
- 'ကျား'ထိုးတဲ့အခါ 'ဘေးက ကြည့်တဲ့ လူက'အကွက် ပိုမြင်ပါတယ်'ဒါကြောင့်လည်း…
အဲ့ဒီ ကျား ခုံမှာ(ညစ်တွန်း တွန်းပြီး)
''ဘေး မပြောရ!"ဆိုတဲ့ တားမြစ် သတိပေးစာ'ရေးထားတာပါ။

(ဒါကတော့ ခင်ဗျားကိုယ်တိုင် ဝန်ခံထားတဲ့ နိုင်ငံရေး အောက်တန်းစား စိတ်ဓာတ်ပေါ့လေ ကျုပ်အထူးပြောစရာ မလိုတာပေါ့) 
 - လေးစားပါတယ် ကိုမျိုးဝင်း' ဝေဖန်ထောက်ပြ တာကို လက်ခံပါတယ်'များ လာရင် သိက္ခာချ'ကဲ့ရဲ့ သလို ဖြစ်နေတတ်ပါတယ်။

(သြော် ဒီတော့ ကျုပ်တို့က ဓလုပ်သမျှ ဝေဖန်ထောက်ပြမှုကို အနည်းငယ်ပဲ လုပ်ရမယ်ပေါ့ လေ ။ ပြောင်းပြန်တွေးပြီး အဝေဖန်မခံရအောင် အားထည့်ဖို့ စိတ်မကူးပဲ အချက်အလက် အမှန်တွေနဲ့ ဝေဖန်နေတာ လျော့ချပါတဲ့ အတော် ဒီမိုကရေစီ ဆန်တဲ့ အတွေးအခေါ်ပါပဲ ဗျာ) 

 - တကယ် လုပ်နေရတဲ့ သူတွေထက် စာရင်…အပြင်က'အာသီးယောင်'တဲ့ အလုပ်က ပိုလွယ်တတ်တာ ဆရာလည်း သိပြီးသားပါ။
 ကျေးဇူးတင်ပါတယ်။

(သြော် အပြင်က အာသီးယောင်တာ လွယ်တယ် တကယ်လုပ်ရတာ ခက်တယ်ပေါ့ ၊ ဆိုလိုတာက လုပ်နေသူတွေကို မဝေဖန်နဲ့ပေါ့လေ ။ မေးချင်ပါတယ် ခင်ဗျား NLD ကို တကယ်လုပ်နေရတာ ခက်လို့ဆိုပြီး မဝေဖန်ပဲ နေခဲ့သလား... ? ဇာတ်ပွဲကြည့်ပြီး အချိုးမကျတဲ့ အကပညာကို မင်းလည်း ကတတ်တာ မဟုတ်ဖူး မဝေဖန်နဲ့လို့ ပိတ်ပင်သလိုပါပဲ ။ တကယ်လုပ်နေသူတွေ အတွက် ကျုပ်တို့ ပြည်သူတွေရဲ့ ချွေးနည်းစာ အခွန်အတုတ်တွေ ဘဝတွေ အသက်တွေ ရင်းထားရတာ ခင်ဗျား မေ့နေပြီလား ။ အစိုးရတရပ်ကို ဝေဖန်တိုင်း လုပ်ရတာ ခက်တယ်ပြောပြီး လုပ်ချင်ရာ လုပ်သွားကြလို့ ပြည်သူတွေ ဖွတ်ကြောပြာစုဘဝက တိုးတက်မလာတာပဲ ။ အဲဒါ ခင်ဗျားလို အူကြောင်ကြား ဘောအလွန်မ လူစားတွေကြောင့်ပဲဗျ )

       မျိုးဝင်း