Thursday, July 15, 2021

#ယုတ်မာတဲ့_ပညာတတ်_လူသတ်သမားတွေ


တစ်နိုင်ငံလုံးမှာ ပိုးတွေ့ဧရိယာများလာပြီ
CDM ဆရာဝန် သူနာပြုများက
အာဏာပြန်လွှဲရင် သူတို့ ကူညီမယ်တဲ့..
ကဲ ဘယ်လိုမြင်ကြသလဲ
ကျုပ်ကတော့ ကျုပ်မြင်တာ ပြောပြီး....

First wave ကာလ၂၀၂၀ နှစ်စကနေ
နှစ်ကုန်အထိမှာ မဲဆွယ်စည်းရုံးတယ်
လှည့်လည်တယ် ဘယ်သူတွေအများဆုံးလဲ
ရွေးကောက်ပွဲအပြီး အောင်ပွဲခံကြတယ်
ဘယ်သူတွေလဲ..အဲသည်အချိန်မှာပဲ ကိုဗစ်
ရှေ့တန်းတိုက်စစ်မှူးတွေဆိုတဲ့ ဆေးဝန်ထမ်းတွေ
တပ်ပြန်ဆုတ်တယ်လေ ဟုတ်သလား မဟုတ်ဘူးလား....။

Second Wave ဆိုတဲ့ ၂၀၂၁ နှစ်ဆန်း အာဏာထိန်းစမှာ
အမေ့ကို ပြန်လွှတ်ပေး ပြည်သူ့အစိုးရကို အာဏာပြန်ပေး
ဆိုပြီး လက် ၃ချောင်းထောင် လှည့်လည်တာ ဘယ်သူတွေလဲ...
CDM ဆိုပြီး ဂျူတီကုတ်တွေနဲ့ ရှေ့ဆုံးကထွက်လာတာကရော
ဘယ်သူတွေလဲ NLD အမာခံပါဆိုတဲ့ ခင်ဗျားတို့တစ်တွေပဲလေ...
ဟုတ်သလား မဟုတ်ဘူးလား....။

Third Wave ဆိုပြီး ၂၀၂၁ April ကတည်းက
နိုင်ငံတကာက ပြောတယ် အသိပေးနေပြီး
CRPH GZ NUG PDF ဆိုပြီး နေ့တိုင်း
လမ်းပေါ်ထွက် ဆန္ဒပြခိုင်း ဖျက်ခိုင်း
လုပ်နေတာကရော ဘယ်သူတွေက
အဓိက ကြိုးကိုင် လုပ်နေတာလဲ...
ဘယ်ပါတီက ဘယ်သူတွေလဲ
ဟုတ်သလား မဟုတ်ဘူးလား....။

ကိုဗစ်ရောဂါ ကာကွယ်ရေး ကုသရေးက
နိုင်ငံရေးလား အမျိုးသားရေးလား ခွဲခြားမသိတဲ့
ခင်ဗျားတို့ရဲ့ အသိတရားအဆင့်နဲ့
ခင်ဗျားတို့လုပ်ခဲ့တာက ကိုဗစ်ကူးစက်ပြန့်ပွားရေးပဲလေ..
အတတ်ပညာရှင်တွေ ဖြစ်ပြီးလူတွေ စုစုဝေးဝေး
လှုပ်ရှားအောင် လုပ်ကတည်းက
သည်ကနေ့ Third wave မှာ သေကြရသမျှဟာ
ခင်ဗျားတို့ လုပ်ရပ်တွေကြောင့် သေကြရတာပဲဖြစ်မယ်...
ဟုတ်သလား မဟုတ်ဘူးလား.....။

Third wave မှာ အခြေအနေဆိုးအောင်
လက်ရှိအစိုးရက လုပ်တာမဟုတ်ဘူး
တစ်ပါတီအာဏာရှင်စနစ်အတွက် လုပ်နေတဲ့
ခင်ဗျားတို့ ...ဆရာဝန်တွေပဲလေ
လူတွေ ကျန်းမာရေးကို အဓိကထားရမဲ့သူတွေ
မဟုတ်ဘူးလား..လူတွေ ကျန်းမာရေး မထိခိုက်အောင်
ပညာပေး အကာအကွယ်ပေးရမဲ့သူတွေ မဟုတ်ဘူးလား...

ဒါကို.... NLD ကို အာဏာ ပြန်မပေးရင်
ကိုဗစ် ကုသရေး ဝင်မပါနိုင်ဘူးဆိုတော့
နားလည်ပြီး... ရှင်းပြီ...ခင်ဗျားတို့ လုပ်နေတာ
မြန်မာ့ဒီမိုကရေစီအရေးမဟုတ်ဘဲ NLD အာဏာ
ရရေး သက်သက်ပဲဆိုတာကို.....

ဒီကနေ့ Third wave မှာ အသေအပျောက်နှုန်း
များလာပြီး အဲသည်အထဲမှာ အစိုးရဆန့်ကျင်သူ
ဘယ်လောက် ပါမလဲဆိုတာ ခင်ဗျားတို့ ပိုသိလိမ့်မယ်...

ခင်ဗျားတို့လူတွေပဲ စုစု စုစု လုပ်နေကြတာလေ
ခင်ဗျားတို့ တွန်းလို့ လမ်းထွက်ကြ လုပ်နေကြတဲ့
အတွက် ကူးစက်တယ် အသဲအသန်ဖြစ်မယ် သေမယ်...
ခင်ဗျားတို့လူတွေ ခင်ဗျားတို့ကု.. ခင်ဗျားတို့တာဝန်ပဲလေ...

အခု ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်လာကာမှ
နစက မှာ တာဝန်ရှိတယ်လို့ ပြောထွက်သလား..
ဆေးကုရမဲ့ ခင်ဗျားတို့ မကုတာက ပိုတာဝန်ရှိမှာပေါ့.....။

CDM ဆိုပြီး ဆရာဝန်တွေ မောင်းထုတ်ခဲ့ကြတာ...
ဘယ်သူတွေလဲ ဘယ်သူ့လူတွေလဲ

CDM ဆိုပြီး ပြည်သူကို ဆေးမကုနိုင်ဘူးဆိုတာကရော
ဘယ်သူတွေလဲ ဘယ်သူ့လူတွေလဲ..

နစက ထုတ်တဲ့ ပုဒ်မ ၁၄၄ ကို လိုက်နာ ခဲ့ရင်
Third wave မှာ ဒီလောက် ဆိုးဖို့ မရှိဘူး..
မလိုက်နာခိုင်းတာ ဘယ်သူတွေလဲ
ပျောက်ကျားသပိတ်တဲ့
အရုဏ်ဦးသပိတ်တဲ့
ဆည်းဆာသပိတ်တဲ့
ညသပိတ်တဲ့
သပိတ်တွေ အလုပ်ခိုင်း ကောင်းလိုက်တော့

အခုလို သပိတ်သွပ်ဖို့ လက်မလည်တဲ့ကိန်း
ဆိုက်တာပဲလေ...ဟုတ်သလား မဟုတ်ဘူးလား....။

တစ်ရက် တစ်ရက် ကူးစက်မှုပမာဏ သေဆုံးမှုပမာဏတွေ
သိရတိုင်း....ကျုပ်မျက်စိထဲ ပြေးမြင်တာက
လက် ၃ချောင်းထောင် သေမင်းခေါ်ခဲ့တဲ့
NLD CRPH GZ PDF NUG ဆိုတဲ့ လှုပ်ရှားမှုတွေချည်းပဲ...

ခင်ဗျားတို့ လက်ချက်ကြောင့်
မြေကြီးထဲရောက်သွားတာကို
နိုင်ငံရေးသာ အဓိကဆိုရင်တော့
ဒီကနေ့ သေနေရတဲ့ အရေးတော်ပုံ
သမားတွေအတွက် အဓိက တာဝန်ရှိတာ
နစက မဟုတ်ဘူး...
NLD အသွင်ပြောင်း ပညာရှင်လူသတ်သမားတွေပဲ
ဖြစ်မယ်...ကူးစက်မှုနှုန်း သေနှုန်း အတက်မြန်နေပြီး
ဆက်၍ ဆက်ကာသာ ဆန္ဒပြခိုင်း ဆူပူခိုင်းပြီး
ကိုယ့်လူရော ပြည်သူကိုပါ သေတွင်းပို့ကြဦးမှာလား...

ခင်ဗျားတို့ ယုတ်မာလွန်းတယ်ဆိုတာ
သက်သေပြကြပေါ့ဗျာ....။

Crd...AungMyin Thu

#ပုတီးစေ့