Wednesday, July 14, 2021

ပြည်သူ့အသံ နဲ့ တုန့်ပြန်မှုများ


ကိုကြီးစိုးတယောက် ညနေစောင်းမှ ရောက်လာပြီး စကားဝိုင်းဖွဲ့နေပြန်ပါတယ် ။

"ငမျိုးရေ သတင်းစာ ရှင်းလင်းပွဲက အီလည်လည် လုပ်ပြန်ပြီ ကွ''

"ဟမ် ဘာတွေ အီလည်လည် ဖြစ်နေတာလည်း ဗျ ''

"UEC အသစ်က NLD မဲခိုးတာကို ဝေ့လည်ကြောင်ပတ် နဲ့ ဥပဒေ နဲ့ အညီလုပ်ပါ့မယ်ဆိုပြီး ပြောပြန်ပြီ ကွာ ''

"ခက်ပြီ ကိုကြီးနဲ့တော့ အဲဒီ ဥပဒေအရ ဆိုတာကိုက ကျောစိမ့်အောင် ကြောက်ရမယ့် စကား ဗျ သူတို့က အာဏာရူး မဲသူခိုးတွေ ကို မဲခိုးတာ သေချာပြီလို့ ပြောသွားပြီ ဥပဒေအရ လုပ်ပါ့မယ်လို့ ဖြေသွာတာ ပါတီဖျက်သိမ်းမယ်လို့ ပြောသွားတာပါ ပဲ ဗျာ ''

"ဟုတ်ပါ့မလား ကွာ ''

"အင်း..သံတမန်စကားဆိုတာ ဒီလိုပဲ ပြောကြရတာ ဗျ ''

"အေး ထားပါကွာ covid ပြဿနာကို ဘယ်လို ကိုင်မယ် ဆိုတာ ဝါးတားတား ဖြေသွားတယ် ကွ ''

"အင်း တနိုင်ငံလုံး လော့ဒေါင်း ချမယ်နဲ့ တူပါတယ် ဗျာ ''

"အေးကွာ fb ပေါ်ကသာ ပြောနေကြတာ နစက အနေနဲ့ သိကော သိကြလား ကြားကောကြားကြသလား မသိပါဘူး ကွာ ''

"သိကြပါတယ် လုပ်တော့ လုပ်နေပါပြီ တပ်ချုပ်ကြီးတောင် ပြောသွားသေးတာပဲ အချို့ဟာတွေက ထင်သလောက် မဟုတ်တာလည်း မှန်တယ်ဗျ သူတို့က ပိုသိမှာပါ ''

"အေး အောက်ဆီဂျင် စက်တွေ တရုတ်မှာ အများအပြား ဝယ်နေတဲ့ သတင်းတော့ တွေ့တယ် ကွ ''

"ဟုတ်တယ် ကိုကြီးစိုး စိတ်ဓာတ်မကျပဲ ခဏ တောင့်ခံလိုက်ရင် ပြဿနာတွေ ကျော်လွှားနိုင်မှာပါ ''

"အေးကွာ ဒါနဲ့ တနေ့က မင်းရေးလိုက်တဲ့ လှိုင်သာယာကျူးတွေ အခြေအနေ ဘာကြားသလဲ ကွ''

"အင်း ကျနော် ပို့စ် တင်တဲ့ အချိန်မှာ သူတို့က ကြောက်လို့ ၅ ရက်အတွင်း ဖယ်ပေးပါ့မယ် ဆိုပြီး လက်မှတ်ထိုးပေးလိုက်ကြရပြီ တဲ့ ''

"သြော် ဒါဆို ဒုက္ခရောက်ပြီပေါ့ ကွာ ''

"အင်း ကျနော်လည်း မထူးပါဖူး ကွာ ဆိုပြီး အဲဒီကိစ္စကို စစ်ရုံးထိ တိုက်ရိုက် ပြောလိုက်တယ် ဗျာ ''

"ဒီတော့......''

"အဲဒါ အခု မိုးရာသီ နဲ့ ကပ်ရောဂါကြောင့် လေးလ ဆိုင်းငံ့ရမယ် ဆိုတဲ့ အမိန့်ထွက်လာပြီ ဗျ ''

"ဟေ တော်သေးတာပေါ့ ကွာ မဟုတ်ရင် အတော် ဒုက္ခများမှာ ကွ ''

"ဟုတ်တယ် ကိုစိုးရေ အကူညီတောင်းတဲ့ သူက လေးလ ဆိုင်းငံ့အမိန့်ရတော့ ဝမ်းသာအားရ လှန်းပြောလို့ စိတ်ချမ်းသာရပါတယ် ဗျာ ''

"ဒါဆိုရင်တော့ မဆိုးပါဘူး ကွ အဲဒါ တင်အုံးကွ ဒါမှ fb ပေါ်က ရေးတာထိရောက်ကြောင်း သိကြမှာ ''

"တယောက်ထဲ ရေးလို့ မဟုတ်ပါဖူး ဗျာ အရေးပါတာက မန့်တွေကြောင့်ဗျ ၊ မန့်တွေက အလွှာပေါင်းစုံက ပြည်သူအစစ်တွေရဲ့ ဆန္ဒကိုး ဗျ အဲဒါကို အလေးထားတဲ့ သဘောပါ ဗျာ ''

"အေးဘာပဲ ပြောပြော ကောင်းတဲ့ လက္ခဏာတွေပဲ ကွ ဒါနဲ့ မင်းပိုးစိုးပက်စက် ဆဲထားတဲ့ ပို့စ်တွေကြောင့် ကော်ပီသမားတွေ အပိတ်ခံရပြီး မင်းက မခံရပါလား ကွ ''

"ရမ်းတုတ်မနေနဲ့ သုံးရက် ပိတ်သွားပြီ ''

"ဟေ တော်သေးတာပေါ့ အရံအကောင့် ရှိနေလို့ 😁😁''

"သိတယ်လေ အပိတ်ခံရမှာကို ''

"အေး ငယ်ဘဝလေး ရေးအုံးလေကွာ ''

"နက်ဖြန်မှ ရေးတော့မယ် ဗျာ အကောင့် အပိတ်ခံရလို့ မရေးချင်သေးဖူး ''

"အေးပါကွာ ကဲ ပြန်အုံးမယ် ကွာ ထမင်းစားချိန်ရောက်ပြီ ''

မျိုးဝင်း