CDM ဆေးဝန်ထမ်းတွေ
လက်ဖျားငွေသီးနေတာ သိကြလား❓
မြို့တိုင်းမှာ ကြိတ်ကုတွေ တပုံချည်းပဲ
အစိုးရ စစ်ဆေးရေးဌာနတွေမှာ စစ်လို့
P ထွက်နေကြောင်း စာရွက်ထုတ်ပေးတာတောင်
အိမ်မှာကြိတ်ကုတွေရှိသလို ဖျားလို့ ကိုယ့်ဟာကိုယ် စစ်ပြီး P မို့လို့ ကြိတ်ကုတဲ့ သူဌေး
ကြိတ်ကုတွေ တပုံချည်းပဲ။
သိထားတဲ့ #ဈေးကွက်တခု ပြောပြမယ်
-----------------------------------
CDM ဓာတ်ခွဲကျွမ်းကျင် တယောက်ဟာ
ကိုဗစ်ရှိမရှိ စစ်ချင်ရင် တယောက် ၅၀၀၀၀ နှုန်း
နဲ့ အိမ်တိုင်ရာအရောက် လာစစ်ပေးတယ်
PPE ဖိုး ၃၀၀၀၀ ထပ်ပေးရတယ် ခင်ဗျား
၂ ယောက်စစ်ချင်ရင် ၁၃၀၀၀၀ ကျမယ်
Positive ဆိုတဲ့ အဖြေထွက်ရင် စိတ်ပူသွားပြီ
နပ်စ် ငှားတာ နေ့တပိုင်း ကို တသိန်း PPE ဖိုး
ထပ်ပေးရမယ် အချိန်ပြည့်အိမ်ခေါ်ထားရင်
တသိန်းခွဲ PPE ဖိုးလည်း ပေးရမယ်။
အောက်ဆီဂျင်တွေဘာတွေက သူတို့အဆက်
အသွယ်နဲ့ မြန်တယ် ပိုက်ဆံတော့ပိုပေးရတယ်
တဲ့ တန်းလည်းမစီရဘူး ခေါက်ပြန် အရောက်ပို့
ဆားဗစ်ပေးတာတွေရှိတယ် ။
နောက်တခုကထိုင်းနိုင်ငံဘက်မှတင်သွင်းသော တစ်သောင်းကျပ်တန် အောက်ဆီဂျင်ထိုးဆေးအား #CDM ဆရာဝန်များဟာကိုဗစ်ဆေးဟုဆိုကာ တစ်လုံးလျှင် ၅ သိန်းကျပ်ခန့်ဖြင့် လိုက်လံထိုးပေးနေ။ အသက်ရှုကြပ်နေသော လူနာသည် ဆေးထိုးချိန်ခဏတွင် အမောဆို့ခြင်းမှ ခဏတာသက်သာရုံပဲရှိတာ။ အကြောက်လွန်နေသော ပြည်သူများအပေါ် CDM ဆရာဝန်များမှ ခြောက်လှန့်လုပ်စားနေတာတွေလည်းရှိကြတယ်။
ဆရာဝန်အိမ်လာကြည့်ပေးမယ် မနက်
တခေါက် ညတခေါက် တရက်( ၃ )သိန်းရကြတော့ အစိုးရဆေးရုံမှာ တလရမဲ့လစာဟာ ခုကျ တရက် ရတဲ့ငွေဖြစ်နေလေတော့ #CDM နဲ့ချောလဲရောထိုင်နေကြတာပဲ။ သူတို့တွေအတွက်ကတော့ ကိုဗစ်ဟာ ဘုရားကပေးတဲ့ဆုလဘ်အဖြစ်ယူဆနေကြပြီး ကိုဗစ်နဲ့လုပ်စားနေကြတာပါပဲ။
ဒါကြောင့်ပြောတာ....
ဆရာဝန်ဆိုတဲ့လူအများစုက ငယ်ငယ်ထဲက
စာမေးပွဲခန်းထဲ စာမရတဲ့ လူကမေးရင်တောင်
သူငယ်ချင်းအချင်း အဖြေပြောပြတတ်တဲ့
လူဆိုတာ အတော့်ကို ရှားပါတယ် ...
အတ္တတွေနဲ့ ကြီးပြင်းခဲ့ကြသူတွေများတယ်။
ထူးဉာဏ်