Saturday, July 24, 2021

တတ်သိ၍မဟုတ်ပါ အမေးရှိ၍ တွေးမိသလောက်သာ


- ဦးမျိုးဝင်း ခင်မျာ အချက်လေးတချက်လောက် သုံးသပ်ပေးပါလို့ ပြောပြခင်မျာ ။

- ကျွန်တော်တို့နိူင်ငံ မှာ အခုဆို အဖတ်ဖတ်က အကွဲကွဲပြဲပြဲတွေဖြစ်နေကျတာမြင်နေရပါတယ် တိုင်းရင်းသား တွေကလဲ သူတို့ ပြည်နယ် တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့ကြိုးစားနေကျ တပ်မတော် ဖတ်က ဒါကို ဘာအတွက်ကြောင့် ခွဲထွက်ခွင့်မပေးနိူင်ရတာလဲ ။

(တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကျိုးစားတယ် ၊ တပ်မတော်က ခွဲထွက်ခွင့်မပြုဖူး ဆိုတဲ့ နေရာမှာ ပြည်ထောင်စု မပြိုကွဲစေပဲ စည်းကမ်းတကျ အာဏာခွဲဝေကြဖို့ ၂၀၀၈ ခြေ /ဥ မှာ ဖက်ဒရယ် အခြေခံတွေ ထည့်သွင်းရေးဆွဲ ပြီး ဖြစ်တဲ့အပြင် တိုင်းရင်းသားတွေက သူတို့ ပြည်နယ် အုပ်ချုပ်ရေးမှူးကို သူတို့ ရွေးချယ်တင်မြှောက်ချင်ရင် အတားအဆီး ဖြစ်နေတဲ့ ခြေ / ဥ ပုဒ်မ ၂၆၁ ကိုတောင် တပ်မတော်က ပြင်ဆင်ပေးဖို့ သဘောထားကြီးစွာ အဆိုတင်သွင်းခဲ့ပါတယ် ။ အာဏာလောဘဇောကြီးလွန်းတဲ့ NLD ပါတီက မဲအသာစီးနဲ့ ပယ်ချခဲ့ခြင်းသာ ဖြစ်ပါတယ် ၊ မေးခွန်းက မှားနေတယ်လို့ ယူဆပါတယ်)
- ပေးလိုက်ရင်ကော ဘယ်လိုအနေထားမျိုးတွေ အကျိုးဆတ်တွေဖြစ်လာနိူင်လဲ ။

(အခုဖြစ်နေတာက အဲသလို တောင်းဆိုလို့ ပေးလိုက်ရင် ဥပမာ ရှမ်းပြည်နယ် ဆိုပါတော့ သူက ဝ ပြည်နယ်ကို ခွဲထွက်ခွင့်ပြုမှာလား ထို့အတူ ပလောင် ၊ ပအို့ဝ် ၊ လီဆူး ၊ ရှမ်းနီ အစရှိတဲ့ တိုင်းရင်းသားတွေက ခွဲထွက်ရင်ကော ရှမ်းပြည်နယ်က လက်ခံမှာလား လက်မခံရင် ရှမ်းပြည်နယ် မီးဟုန်းဟုန်းတောက်ပါမယ် ၊ ရှမ်းတွေက အဲဒီအုပ်စုတွေကို သူ့အင်အားနဲ့ နိုင်နင်းအောင် ထိမ်းချုပ်ထားနိုင်ပါ့ မလား တွေးကြည့်ပါ ၊ ခင်ဗျားမေးတဲ့ ပေးလိုက်ရင် ဆိုတဲ့ အဖြေက အဲဒါပါပဲ ၁၃၅ မျိုး ၁၃၅ နိုင်ငံ ဖြစ်သွားမှာပါ ၊ ဘာကြောင့်လဲ ဆိုရင် လူဆိုတာ ကိုယ့်စိတ်ကြိုက်လုပ်ချင်သူချည်းကိုးဗျ အခြားလူမျိုးခြား အုပ်ချုပ်တာ မပြောနဲ့ မွေးပေး ကျွေးပေးခဲ့တဲ့ မိဘ စကားတောင် နားမထောင်ပဲ ကိုယ့်ဘာသာ ဆုံးဖြတ်ချင်ကြတဲ့ လူ့ဗီဇကြောင့်လေ)

ငြိမ်းချမ်းရေးယူရင် ရပါလျက်နဲ့ မယူတာလား တပ်မတော် ကိုယ်တိုင်က ပြည်တွင်းစစ် ကိုမွေးထားတာလား ။

(တပ်မတော်ဟာ ငြိမ်းချမ်းရေး လိုချင်လွန်းလို့ အင်မတန်စိတ်ရှည်စွာ အပေးအယူလုပ်ပြီး ဆွေးနွေးနေတာ ကာလရှည်ကြာခဲ့ပါပြီ ။ ပြည်တွင်းစစ်မွေးတယ် ဆိုတာထက် ပြည်ပအန္တရာယ်အတွက် တိုင်းရင်းသား ညီအကိုတွေရဲ့ တိုက်ရည်ခိုက်ရည် ရှိပြီးသား စွမ်းရည်တွေနဲ့ ပေါင်းစည်းပြီး ညီညွှတ်စွာ ကာကွယ်နိုင်ဖို့ စိတ်ရှည်စွာ သည်းခံ စည်းရုံးနေတယ်လို့ ယူဆပါတယ်)

- ဝလူမျိုး ဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ အခုဆိုအချိန်တွင်းမှတိုးတတ်နေပြီ လောက်ကိုင်ဒေသ ကိုးကန့် ထိုနည်းတူပဲ ။

(ဝ တွေ တိုးတက်တယ်ဆိုရာမှာ တရုတ်ရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှု နဲ့ တပ်မတော်အပေါ် နားလည်မှု နဲ့ သူ့ကိုယ်သူ အကင်းပါးပါးနဲ့ ထူထောင်ခဲ့ကြလို့ပါပဲ ၊ ခင်ဗျား တသက်မှာ တပ်မတော် စစ်စခန်းတွေကို ဝတွေ တိုက်ခိုက်တာ ကြားဖူးသလား ၊ ယိုးဒယား - မြန်မာ ပြဿနာ ဖြစ်တော့ ယိုးဒယားနယ်မြေထဲ ထိုးဖောက်ပြီး ယိုးဒယား အမြှောက်တပ်တွေကို ချေမှုံးခဲ့တဲ့ ဝတပ်ဖွဲ့အကြောင်း ကြားဖူးပါသလား ၊ အဲဒါ အဖြေပါပဲ ဗျာ)

- လက်နက်ချ ငြိမ်းချမ်းရေး မဟုတ်တောင် တစ်ဖတ်နဲ့တဖတ် လက်နက်ကိုင် ငြိမ်းချမ်းရေး ယူရင်ကော မဖြစ်နိူင်ဘူးလား။

(သိပ်ဖြစ်နိုင်တာပေါ့ ဗျာ အဲဒါကြောင့် တပ်မတော်က ဦးသိန်းစိန်လက်ထက်မှာ NCA လမ်းကြောင်းပေါ်ကို ဖိတ်ခေါ်ပြီး လက်ခံဆွေးနွေးခဲ့တာပေါ့ ။ နာမည်ကျော် BGF ဆိုတာ အခု ခင်ဗျားပြောတဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး စနစ်လေဗျာ)
- ပဲခူးတိုင်း ရွှေကျင်မြို့လေး ဆို လက်နက်ကိုင် ငြိမ်းချမ်းရေး ယူထားတာ အေးချမ်းတဲ့မြို့လေး ဖြစ်နေပြီ သူ့နေရာနဲ့ သူအုပ်ချုပ်တယ် ။

(မှန်တာပေါ့ ဗျာ အခု ခင်ဗျားမေးနေတဲ့ ပြဿနာရဲ့ အဓိကအချက် ငြိမ်းချမ်းရေး မရ​ကြသေးတာက တပ်မတော်က ဖက်ဒရယ်စနစ်ကို လက်ခံတယ် ၊ တိုင်းရင်းသားလက်နက်ကိုင် အချို့က ကွန်ဖက်ဒရိတ်အဆင့်ထိ တောင်းဆိုကြတယ် ၊ နားရှင်းအောင် ထပ်ပြောရရင် တပ်မတော်က ပြည်ထောင်စုအစိုးရ အားကောင်းသော သြဇာအာဏာ ပိုများသော စနစ်နဲ့ ကမ်းလှမ်းနေတယ် လက်နက်ကိုင်တွေက ပြည်ထောင်စု အစိုးရ ဝင်မစွတ်နဲ့ သူတို့ကိုယ်တိုင် အုပ်ချုပ်မယ် ဥပဒေပြဌာန်းမယ် သံယံဇာတ ရောင်းစားမယ် ပြည်ထောင်စုအစိုးရ ဘေးကသာ ကြည့်နေ ဝင်မပါနဲ့ ဆိုတဲ့ ငါ့မင်း ငါ့ချင်း အဆင့် လိုချင်နေတာပါ ၊ အဲဒါတွေကြောင့် ငြိမ်းချမ်းရေး မရကြတာလို့ ကျနော်ယူဆမိပါတယ်)

မိမိဥာဏ်မှီသလောက် ပြန်လည် တုန့်ပြန် ဖြေကြားခြင်းသာ ဖြစ်ပါတယ် ။ တိကျပြည့်စုံတဲ့ အဖြေကတော့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ နဲ့ နိုင်ငံတော်လူကြီးမင်းများသာ အသိဆုံး ဖြစ်ပါမယ် ။

ဦးစစ် အကောင့်မှ Page တွင် တင်ထားသော ပို့စ်တခုမှာ မန့်ပြီး မေးမြန်းထား၍ ပြန်လည်ဖြေကြားခြင်း ဖြစ်ပါတယ် ။

      မျိုးဝင်း