Tuesday, July 20, 2021

နဲနဲ စပ်ကြမယ်



           ကိုစိုးက mask နှစ်ထပ် နဲ့ ပါဆယ်ဆွဲ ရောက်လာပြန်ပါတယ် ။ စကားပြောဖော် ငတ်နေတဲ့ လူကပ်ကြီး နိုင်ငံတော်အတင်း မှ မပြောရရင် စားမဝင် အိပ်မပျော် ဖြစ်နေပုံပါပဲ ။


"ဟေ့ကောင် ဒီနေ့ အာဇာနည်နေ့ အကြောင်း မရေးတော့ဖူး လား ''


"ကျုပ်ရင်ထဲရှိခဲ့ဖူးတဲ့  ဗိုလ်ချုပ်က သူ့သမီးသတ်ခဲ့လို့ သေတာ ကြာပေါ့ ''


"ဟေ...အေးကွ ငါတို့ရင်ထဲလဲ ပေါ့သွားတာ အမှန်ပဲ ကွ မင်းရေးတာတွေ ဖတ်ဖူးပေမယ့် ပြန်မေးအုံးမယ် ကွာ ''


"ဘာမေးမှာလည်း ''


"ဦးစောက ဘာလို့ သတ်တာလည်း ကွ ''


"သူက အောင်ဆန်း အက်တလီ စာချုပ်ကိစ္စကို လက်မှတ်မထိုးတာ အခြေခံပဲ ၊ ဗိုလ်ချုပ်က ပြည်သူတွေကို တနှစ်အတွင်း လွတ်လပ်ရေးရစေမယ် ၊ စက္ကူဖြူစာတမ်းအရ လျှော်ကြေးမပေးနိုင်ဖူး ဆိုတဲ့ ကတိပေးပြီး အဂ်လန်သွားတာ ဗျ ''


"အင်း ဟုတ်တယ်လေ သူတယောက်တည်း အဂ်လန်အာဏာပိုင်တွေဆီ သွားတာလည်း ဦးစောက ဝေဖန်သလား လို့ ''


"ဟုတ်တယ် အောင်ဆန်း အက်တလီ စာချုပ်ဟာ မူလရည်မှန်းချက်တွေ တခုမှ မပါပဲ ဗိုလ်ချုပ်က သူအာဏာရဖို့ ချုပ်ခဲ့တယ်လို့ ဦးစောက သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ် ၊ ဗိုလ်ချုပ်က ပြန်မရှင်းနိုင်တော့ ဦးစောကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ လုပ်ပြီး ဟောပြော ချေပလို့ ဦးစော စိတ်နာခဲ့ပြီး ဘုရင်ခံကောင်စီကနေ နှုတ်ထွက်သွားတယ် ရန်စက အဲဒီက အစပျိုးလာပြီ ''


"သြော် နောက် ဦးစောကို လုပ်ကြံကြတော့....''


"ဦးစောက ဗိုလ်ချုပ်လုပ်ကြံခိုင်းတာလို့ စွတ်စွဲတယ် ညှိနှိုင်းပေးကြပေမယ့် ဗိုလ်ချုပ်ကလည်း စိတ်ဆတ်သူ ဆိုတော့ ခင်ဗျားထင်ချင်ရာ ထင်ဗျာ ဆိုပြီး လူမိုက်စကား ပြန်ပြောလိုက်တာ ဦးစောလုပ်ကြံဖို့ အဓိကအချက်ဖြစ်စေခဲ့တယ် ဗျ ''


"နေပါအုံး ဦးစော ဗိုလ်ချုပ်မရှိရင် သူဝန်ကြီးချုပ် (နန်းရင်းဝန်) ဖြစ်မယ်ဆိုပြီး လုပ်ကြံတာဆို ''


"ဘုရင်သတ်ရင် ဘုရင်ဖြစ်တဲ့ ခေတ်က ကုန်သွားပြီ ဆိုတာ နိုင်ငံရေး ဂျပိုးကြီး ဦးစော မသိပဲ နေမလား ဗျာ မဟုတ်လောက်ပါဘူး ဗျာ''


"ဒါဆိုဘာကြောင့်....''

 

"အဓိက ကျတာ ဗိုလ်ချုပ်ကို ဦးစော မယုံကြည်တာပဲ ၊ ဗိုလ်ချုပ်ရှိနေရင် တိုင်းပြည်လွတ်လပ်ရေး မရနိုင်ဖူး ၊ ရခဲ့ရင်လည်း ပင်လုံစာချုပ်ကြောင့် တိုင်းပြည် ပြိုကွဲ လိမ့်မယ် ၊ နောက် သူ့ကို ပုဂ္ဂိုလ်ရေး အရ လုပ်ကြံသူ ပြန်ပြီး လက်စားချေရမယ်ဆိုတဲ့ မာကျောခက်ထန်တဲ့ ပင်ကိုယ်စိတ်ကြောင့် လုပ်ကြံတာ ဗျ ''


"ဒါများကွာ ဗိုလ်ချုပ်တယောက်ထဲ လုပ်ကြံလို့ ရတာပဲ ကို ''


"သူက ဗိုလ်ချုပ်ဖွဲ့ထားတဲ့ အစိုးရ တဖွဲ့လုံး မရှိမှ အုပ်ချုပ်မှုယန္တယား ပြောင်းမယ်လို့ ယုံကြည်တာကိုး အဓိကကျတဲ့ အောင်ဆန်း အက်တလီ စာချုပ်နဲ့ ပင်လုံစာချုပ် အကောင်အထည် မဖော်နိုင်ရေး လုပ်တာပဲ ဗျ ''


"ဟေ. ဟုတ်ရဲ့လားကွ ''


"ဦးစော ကြိုးစင်တက်တော့ သူသာ တိုင်းပြည်ကို ကယ်တင်နိုင်သူပါဆိုပြီး ရင်ကော့ကြိုးစင်တက်သွားတာ ကြည့်ရင် သူ့ယုံကြည်ချက်ကို မြင်နိုင်တာပေါ့ ဗျာ ''


"အေးကွာ အခုတော့ ငြင်းခုန်စရာတွေပေါ့ အမှန်က ဦးနုတို့ ဦးနေဝင်းတို့ ဖုံးဖိထားခဲ့တာတွေကြောင့်လည်း ပါတယ် ကွ ''


"အဲဒါပြောတာပေါ့ ဗျ ဂျပန်ခေတ်က ဗိုလ်ချုပ်လစာ တလ ရွှေ ၂၀ လောက်ရခဲ့တယ် ၊ နောက် အဂ်လိပ်ခေတ်မှာလည်း ဒီထက် ပိုရဖို့ ရှိတယ် ၊ အဲလို လစဥ် ရွှေ ၂၀ ကျပ်သားလောက် ငါး နှစ်ခံစားနေတဲ့ ဗိုလ်ချုပ်က သမီးကို ခမဲပေးဖို့ ရွှေတရွှေးသားဖိုး မရှိတာတို့ ၊ အက်ျီ သုံးထည်ပဲ ရှိတာ တို့ ၊ ငွေမရှိလို့ ရုပ်ရှင်ကို တမတ်တန်းက ကြည့်တာတို့ ၊ ဆိတ်သားခါးပတ် အကြွေးဝယ်စားတာတို့ ကို အခုထိ ယုံနေတဲ့ စောက်ရူးတွေ အများကြီး ဗျ ''


"ဟ အဲဒါတွေက တကယ်မဟုတ်ဖူးလား ''


"တကယ်ဟုတ်လား မဟုတ်လား ဆိုတာ တက္ကသိုလ်နေဝင်းရဲ့ ဂျင်းစာအုပ်ကိုးကားပြီး လုပ်စားနေတဲ့ မောင်သာချိုတို့ ချစ်ဦးညိုတို့ မေးကြည့်လေ ဗျာ  ဖြစ်စဥ် ဖြစ်ခဲ့ရင်လည်း သူ့သမီး အမှိုက်လှဲပြတဲ့ အကွက် ၊ ကျမကားအကောင်းစားကြီး စီးရမှာ ရှက်တယ် ဆိုတဲ့ နိုင်ငံရေး ကလိမ်ကကျစ် အကွက်ထက်မပိုတဲ့  မလွမ်းလောက်တဲ့ အကွက်ပျက်တွေပါ ဗျာ ''


"အေးကွ အဲသလို သဘာဝ ကျကျ တွေးကြည့်တော့လည်း ဟုတ်တာပဲ ကွ လစဥ် ရွှေ ၂၀ ကျပ်သားဆိုတာ အခု ပေါက်စျေးနဲ့ဆို တလ ကျပ်သိန်း ၃၀၀ လောက် ရှိတာပဲ ကွ လခွမ်းတဲ့ တလ သိန်း ၃၀၀ ဝင်တဲ့သူက စားရမဲ့ သောက်ရမဲ့နီးပါး ဖြစ်နေတယ်ဆိုပြီး လော်နေပြတာ အံ့သြစရာပဲ ကွ''


"နောင်လာ နောင်သားတွေ သိဖို့ အားထုတ်ကြရမယ် ဗျ ''


"နေပါအုံး အာဇာနည်ထဲမှာ ရဲဘော်ကိုထွေးပါနေတဲ့ ကိစ္စကရော ''


"ဦးရာဇတ်က သူနဲ့ ဆွေမျိုးမကင်းတဲ့ ကလေးကို ခန့်ထားတာ မကြာသေးဖူး ယောင်တောင်တောင်ပါလာပြီး အာဇာနည် ့ဖစ်သွားတာပဲ ''


"ဟေ....စျေးပေါ တဲ့ အာဇာနည်တွေပါလား ကွာ ''


"မူလတုန်းက အာဇာနည် ၇ ယောက်ထဲဗျ နောက် ဦးအုန်းမောင် နဲ့ ရဲဘော်ကိုထွေးပါ ထပ်ထည့်လိုက်တာ အပေါစား နိုင်ငံရေး လုပ်ကွက် ဦးနုလုပ်သွားတာပါ ဗျာ ''


"သြော် ဒီလိုကိုး ကွ လုပ်ကြံခံကြရလို့ အာဇာနည် ဖြစ်ကုန်တာပေါ့''


"ဗမာထုံးစံ စောက်ပိုလုပ်ကြတာပေါ့ ဗျာ အိန္ဒိယက ဂန္ဒီလည်း လုပ်ကြံခံရတာပဲ အိန္ဒိယမှာ အာဇာနည် နေ့ မရှိဖူး လုပ်ကြံခံရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အများကြီး အာဇာနည်နေ့ ဆိုပြီး မလုပ်ကြပါဖူး ဒီမှာသာ လုပ်နေကြတာပါ ''


"အင်း ဗိုလ်ချုပ်ခရေစီတွေက မင်းကိုဆဲမှာပဲ ကွ ''


"ရိုးနေပါပြီ ဗျာ ကျနော်တို့ လူမျိုးက ခေါက်ရိုးကျိုးပြီဆိုရင် ဖောက်ထွက်တွေးခေါ်ဖို့  မစဥ်းစားသလို စဥ်းစားပြသူတွေကိုလည်း ရန်သူထင်တဲ့ ဦးဏှောက်ရေဆန် မကူးချင်တဲ့ ရေသာခိုသူတွေ များတယ် ဗျ ''


"အေးကွ အမှန်တရားထက် ငါသိထားတာ မှန်မှာပါ ဆိုတဲ့ အတ္တစိတ်နဲ့ အခြေခံပြီး စဥ်းစားနေတော့ ခက်တာပေါ့ ကွာ နေအုံးကွ ဗိုလ်ချုပ်နဲ့ ဂျပန်မှာ အုပ်ချုပ်ရေးပညာအတူသင်ခဲ့တဲ့ သခင်ထွန်းအုပ်အကြောင်း ပျောက်နေတယ် ကွ ''


"အင်း သူက အဂ်လိပ်ဝင်လာတော့ ဗိုလ်ချုပ်ကို လူသတ်မှုနဲ့ တရားစွဲတယ် ဗျ ၊ မအောင်မြင်ပဲ နိုင်ငံရေးလောက ကနေ တိမ်မြှပ်သွားရရှာတာပဲ သူ့မျိုးဆက်ကတော့ နာမည်ကြီး ဆရာအဆင့်ပါဗျာ ခင်ဗျား မချိတ်မိလို့ပါ သိပါတယ် ''


"ဟေ...ရဲဘော်သုံးကျိပ်ရဲ့ ဗိုလ်ချုပ်နဲ့ ရာထူးတူ ပူးတွဲခေါင်းဆောင် သခင်ထွန်းအုပ် မျိုးဆက်က ဘယ်သူလဲ ကွ''


"နာမည်ကျော် လူရွှင်တော် ဇာဂနာက သခင်ထွန်းအုပ် မြေးအရင်း ဗျ ''


"ဟေ....ဟုတ်လားကွ သူက ၉၀ ခုနှစ် ရွှေးကောက်ပွဲမှာ မဲဆွယ်တရားဟောလို့ အဖမ်းခံတယ်လေ ''


"ဟုတ်တယ် အဲဒါ ဒေါ်စုကြည်အတွက် မဲဆွယ်တာ မဟုတ်ဖူး သခင်ထွန်းအုပ်သမီး သူ့အမေ အတွက် မဲဆွယ်တာ သူ့အမေက NLD နဲ့ မတွဲဖူး ကျောင်းတော်က ရန်စတွေကြောင့် လေ ''


"​သြော်ဒါကြောင့် ဇာဂနာက NLD ပါတီ မဝင်တာကိုးကွ ကဲ အတိတ်ကို ထားပါအုံး အခု တပ်ချုပ်ကြီး နိုင်ငံရေးလောကထဲ ဝင်ရင် အောင်မြင်နိုင်မလား သိချင်တယ် ကွ ''


"ကျနော့် အမြင်ကတော့ မအောင်မြင်နိုင်ဖူး.... သူက ရန်သူကို စည်းရုံးဖို့ ကြိုးစားရင်း မိတိဆွေတွေ ဆုံးရှုံးရမယ့် ခပ်ညံ့ညံ့ခေါင်းဆောင် အဆင့်ပဲ ဖြစ်လိမ့်မယ် ''


"ဟမ် နောက်ကော ''


"သူ့ဖက်က သူရွေးတဲ့ အရည်အချင်းမဲ့ ငဖားနောက်လိုက်တွေကြောင့် မအောင်မြင်နိုင်ဖူး ''


"ဟေ အခု ပြဿနာတွေ မပြီးပြတ်တာ နောက်လိုက်တွေ ညံ့လို့ပေါ့ ဒီလိုလား ''


"အတွဲလိုက်ညံ့တာပါ သူလည်း ညံ့တာပဲ နိုင်ငံရေးပါး မဝပဲ ကိုယ့်ပြည်သူ ဘာကြိုက်သလဲ မသိတဲ့ ခေါင်းဆောင် ဘယ်လိုလုပ် အောင်မြင်မလဲ ဗျ''


"အမ်..ပြည်သူက ဘာလိုချင်တာ သူမသိဖူးလား ''


"သိချင်လည်း သိမယ် ဒါပေမယ့် ပြည်သူ့ဖြစ်စေချင်တာ သူလုပ်မပေးနိုင်ဖူး အင်မတန် လွယ်တဲ့ စည်းရုံးမှုမျိုးတောင် နှမျှောတွန့်တိုနေတဲ့ ခေါင်းဆောင်ကို ပြည်သူက ဘယ်လိုလုပ် ချစ်ခင် အားကိုးမလဲ ဗျာ ''


"ဘာလဲ ကွ လွယ်ကူတဲ့ စည်းရုံးမှု ဆိုတာ ''


"နစက တာဝန်မကျေလို့ နစ်နာခဲ့တဲ့ ပြည်သူတွေကို စာနာမှု ပြသဖို့ တနာတောင် အချိန်မပေးဖူး ၊ covid အတွက် ပူပန်နေတဲ့ ပြည်သူတွေကို တိုက်ရိုက် မိန့်ခွန်းပြောပြီး နှစ်သိမ့်ဖို့ နားမလည်တဲ့ အူကြောင်ကြားခေါင်းဆောင်က ပြည်သူ့နှလုံးသားကို ဘယ်လို ဆွဲဆောင်မလဲ ဗျ ။ သူ့ဘာသာ စစ်ရေးကဏ္ဍမှာ ဘယ်လောက်ပဲ အောင်မြင်တဲ့ သမိုင်းကြောင်း ရှိခဲ့ပါစေ ပြည်သူအတွက်တော့ နိုင်ငံ့ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဖူး ''


"သူ့ အလုပ် သူ လုပ်နေတာပဲ ကွာ''


"အဲဒီ လုပ်နေတာကို ပြည်သူသိဖို့ လိုတယ် လူမကြည့်တဲ့ မြဝတီကအော်နေလို့ ပြည်သူမသိဖူး တကယ့်ငတုန်းတွေ ဗျ ၊ လူတိုင်းသုံးနေတဲ့ ဖုန်း အော်ပရေတာတွေကနေ မက်ဆေ့ပို့ပြီး သတင်းကောင်း ၊ လုပ်ဆောင်ချက်ကောင်းတွေ ဖြန့်ရမှန် မသိကြဖူး ''


"ဘယ်လို ဘယ်လို ''


"ကျနော့်ပို့စ်မှာ မန့်သွားတဲ့ သံဃာတပါး ပြောသွားတာ အမှန်ပဲ အခု အောက်ဆီဂျင် ပြဿနာ ဖြစ်နေတယ် ဘယ်နေရာတွေမှာ ရနိုင်ကြောင်း မက်ဆေ့ပို​ကြလေ  ဗျာ၊ လူမကြည့်တဲ့ မြဝတီထက် အများကြီး ထိရောက် အကျိုးရှိပြီး ကောလဟာလတွေ ပိတ်ဆို့ပြီး ဖြစ်တာပေါ့ အခုတော့ စသ်တပ်က အောက်စီဂျင်ဖြန့်တာတွေ ပိတ်တယ် လူတွေ သေအောင် လုပ်နေတယ်ဆိုတာတွေပဲ ပွနေကြတာ ဗျ ''


"အေးကွာ ဒါတွေလည်း ဟုတ်တာပဲ ကဲ ကြာရင် ငါလည်း မိုးပြိုးပစ်ခံရမဲ့ အပင်ကပ်မိတဲ့ ပုတ်သက်ညို ဖြစ်တော့မယ် ပြန်ပြီ ဟေ့ ''


"အေးပါ ခင်ဗျားပဲ လာလာပြီး မိုးကြိုးပစ်ခံရအောင် ကြေးနန်းကြိုး လာပတ်နေတာ လေ ''


        မျိုးဝင်း