ဘုရားဂုဏ်ကို ဖျက်ဖို့ကြံစည်တဲ့အခါ
ဗုဒ္ဓဘုရားဆိုတာ အိန္ဒိယတိုက်ငယ်ထဲက
မင်းသားတစ်ပါးသာမာန်လူပုဂ္ဂိုလ်တစ်ယောက်ပဲမို့
အရမ်းအလေးအနက်ထားပြီး
ကိုးကွယ်စရာမလိုပါဘူးတဲ့
တရားဂုဏ်ကို ဖျက်ဖို့ကြံစည်တဲ့အခါ
သတင်းစာရဲ့ မျက်နှာဖုံးထောင့်နားက
ဗုဒ္ဓအဆုံးအမတွေဟာ အခြားဘာသာဝင်တွေကို
စော်ကားရာကျတာမို့
ထည့်သွင်းမဖော်ပြသင့်တော့ဘူးတဲ့
သံဃာဂုဏ်ကို ဖျက်ဖို့ကြံစည်တဲ့အခါ
လိုတဲ့အချိန် လမ်းပေါ်မထွက်ရင်
ထမီထုပ်ပို့ပေးပြီး မလိုတဲ့အခါ
ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ဘူး
ဝိနည်းတော်နဲ့ မညီဘူးတဲ့
မိဘဂုဏ်ကို ဖျက်ဖို့ကြံစည်တဲ့အခါ
သားသမီးဆိုတာ အဖေနဲ့အမေ
သွေးသား ကမြင်းကြောထကြလို့တဲ့
အာစရိယဂုဏ်ကို ဖျက်ဖို့ကြံစည်တဲ့အခါ
ဆရာမဟုတ်ဘူး
သင်ကြားရေးဝန်ထမ်းတဲ့
အမျိုးသားရေးကို ဖျက်ဖို့ကြံစည်တဲ့အခါ
မျိုးချစ်စိတ်ဆိုတာ
ဒီဘက်ခေတ်မှာ သိပ်အလုပ်မဖြစ်တော့ဘူးတဲ့
ယဉ်ကျေးမှုကို ဖျက်ဖို့ကြံစည်တဲ့အခါ
မြန်မာစကားမှာ ဆောရီး ဆိုတာမရှိလို့
မြန်မာတွေက မတောင်းပန်တတ်ကြဘူးတဲ့
လူမျိုးရေးကို သွေးခွဲဖို့ကြံစည်တဲ့အခါ
မြန်မာဆိုတာ ဗမာကိုယ်သာ ကိုယ်စားပြုပါသတဲ့
တိုင်းရင်းသားတွေနဲ့ မဆိုင်ဘူးတဲ့
ကဲ ဘာကျန်သေးလဲ ?
အဲ့ဒီလိုမျိုးတွေ ဘယ်သူတွေ
ပြောခဲ့ လုပ်ခဲ့သလဲ
သိကြတယ်မလား!!???
သိပ်ဝမ်းနည်းစရာကောင်းတယ်
အချိန်မှီကလေးပဲ အချိန်မှီရုံကလေးပါပဲ
ပြန်ပြီးဆယ်တင်ကယ်တင်ခဲ့ကြရတာပါ
အမိမြန်မာနိုင်ငံတော်အတွက်
အမျိုးဘာသာ သာသနာအတွက်
ဒီလိုအသိညာဏ်မရှိတဲ့ နွားတွေအတွက်
ကျွန်တော်တို့ ရိုင်းသင့်ရင်ရိုင်းရပါလိမ့်မည်...။
Credit;Zayar
ပြန်လည်မျှဝေသည် copy