မြန်မာ့ မီးရထား ဆေးဌာန မှာ ဝန်ထမ်းအင်အား ဆေးပစ္စည်း နဲ့ နေရာတွေ ရှိပါတယ် ။ ယခုအချိန်မှာ လုံးဝ အလုပ်တာ မတွေ့ရပါဘူး အရေးပေါ် စီစစ်ရမယ့် ကိစ္စဖြစ်ပါတယ် ။
နောက် တပ်ချုပ်ကြီး မိန့်ခွန်းမှာ ဆရာဝန်ပိုနေတဲ့ ဆေးရုံတွေက ပြန်ဝေငှပြီး ကုသပေးဖို့ လမ်းညွှန်ထားတာ တွေ့ရပါတယ် ။
ဆေးရုံတိုင်းကို ရှောင်တခင် စစ်ဆေးကြည့်ပါ ။ ဆေးရုံအုပ်တချို့က CDM ပြုလုပ်ဆဲ ဆရာဝန်တွေ ကို စာရင်းသွင်းထားပြီး လူမရှိပဲ လစာ ထုတ်စားနေတာ တွေ့ရပါမယ် ။
ပြောချင်တာက နစက လက်ဝယ်ရောက်နေတဲ့ ဆေးရုံ ဆရာဝန် အင်အားဟာ အမှန်မြေပြင်မှာ မရှိပါဘူး ။ လစာ ထုတ်စားဖို့ ဆေးရုံအုပ်ကြီးတွေ လိမ်လည် တင်ပြထားတဲ့ စာရင်းများသာ ဖြစ်ပါတယ် ။
မြေပြင်သတင်းမှန် ရမှသာ စီမံခန့်ခွဲမှု ထိရောက်မှာပါ အမြန်ဆုံး စီစစ်နိုင်ပါရန် တင်ပြလိုက်ပါတယ် ။
မျိုးဝင်း