Monday, July 26, 2021

လူသိနည်းသော သမိုင်းတပုဒ်


        ကျနော်အနေနဲ့ ကော်ပီလုပ်ခြင်း ရှယ်လုပ်ခြင်းကို 1% မျှသာ ပြုလုပ်ဖူးပါတယ် ။ ယခု တိုင်းပြည်ရဲ့ အချိုးအကွေ့ သမိုင်းတခုကို အရေးကြီးသော ကဏ္ဍမှ ပါဝင်ကပြခဲ့သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ၏ ဖော်ထုတ်မှုအား ကော်ပီယူ တင်ပြသင့်သည်ဟု ယူဆမိပါသဖြင့် ထပ်ဆင့် ဖြန့်ဝေ တင်ပြလိုက်ရပါတယ် ။ မှန်ခြင်း မှားခြင်း အငြင်းပွားဖွယ် ကိစ္စရပ်များအတွက် ကျနော်အနေနဲ့ တုန့်ပြန်ရန် လက်လှမ်းမမှီပါသဖြင့် တုန့်ပြန်မှု မပြုရန် ဆုံးဖြတ်ထားပါတယ် ခင်ဗျာ ။

" တပ်မတော်အစိုးရအတွင်း ခေါင်းဆောင်အပြောင်းအလဲ "
  =============================

         ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့  ဘယ်
လိုအပြောင်းအလ ဲဖြစ်ခဲ့ကြသလဲဆိုတာကို လူအများစိတ်ဝင်စားနေကြ
တာ အမှန်ဖြစ်ပါသည် ။ အမျိုးမျိုးထင်ကြေးပေးကြသည်များလည်း ရှိပါ
သည် ။ ဖြစ်စဉ် ဖြစ်ရပ်အမှန်ကို သိချင်ကြသည်မှာ တရားကျပါသည် ။
ကျွန်တော်လည်းအချိန်မတန်သေး၍ ဖွင့်မပြောဘဲ ရေငုံနုတ်ပိတ်နေခဲ့ရ
တာပါ ။ ဒီဖြစ်ရပ်က ကျွန်တော်တစ်ယောက်ပဲ အကြောင်းစုံသိသူ  ပါဝင်
ဆောင်ရွှက်ပေးရသူဖြစ်သောကြောင့် အချိန်တန်လောက်ပြီဟု ယူဆ၍ 
ဖွင့်ပြောရခြင်းဖြစ်ပါသည် ။ သမိုင်းအကြောင်းအမှန်လည်း ဖြစ်ဖို့လိုတာ
ကြောင့် ပြောပြရခြင်းဖြစ်ပါသည် ။
         တစ်ကယ့်ဖြစ်ရပ်အမှန်စတာက ဗိုလ်ချုပ်မှူးကြီးစောမောင် ၏
ကျန်းမာရေးအခြေအနေက စတင်ခဲ့ခြင်းဖြစ်ပါသည် ။ ဗိုလ်ချုပ်မှူးကြီး
စောမောင်သည် စာအလွန်ဖတ်သူ / အလွန်စဉ်းစားသူဖြစ်ပါသည်။ ရုံး
တွင်းစာတွေရော / အပြင်မှဖတ်စရာ စာအုပ်တွေ ပေးသမျှအကုန်ဖတ်
သည်။ စာများဖတ်လျှင် ညသန်းခေါင်ကျော်သည်အထိ စာဖတ်နေသဖြင့်
အိပ်ရေးပျက်တာက စရပါမည် ။ အိပ်ရေးပျက်တာများလာသောအခါ
ကျန်းမာရေး တစတစ ချွတ်ယွင်းလာပါတော့သည် ။
      ထိုကဲ့သို့ ကျန်းမာရေးချွတ်ယွင်းလာမှု့ကို အကြောင်းခံပြီး ရုံးဆင်း
ရုံးတက်နီးအောင် / ရုံးမတက်နိုင်ရင်တောင်မှ နေအိမ်သို့ သွာရောက်၍
တင်ပြစရာများ တင်ပြနိုင်အောင်  စစ်ရုံးပရိဝုဏ်အတွင်းမှာပင် နေအိမ်
တစ်လုံးစီစဉ်ပေးပြီး ပြောင်းရွှေ့ပေးထားပါသည် ။ 
      ဗိုလ်ချုပ်မှူးကြီး၏ ကျန်းမာရေးသည်  မြစ်ကြီးနားခရီးစဉ် /  မန္တ
လေးခရီးစဉ် မုံရွာခရီးစဉ်များတွင် ထူးခြားမှု့ပိုဖြစ်လာလေသည် ။ အ
ချင်းချင်းဆက်ဆံရာမှာရော / ပြည်သူနဲ့ရော ဆက်ဆံရေးမှာ ပုံမှန် မ
ဟုတ်တော့ပါ ။
        တစ်ခါတစ်ရံ မူမမှန်တာတွေကြုံတွေ့ခဲ့ရသည်။ ခရီးစဉ်တွေပြီး၍
ရန်ကုန်ပြန်ရောက်သောအခါမှာ တပ်မတော်မှ ဆရာဝန်ကြီးများနှင့်တိုင်
ပင်ပြီး လိုအပ်သောဆေးဝါးကုသမှု့ကို ဂရုတစိုက်ဆောင်ရွှက်မှု့  ကုသ
ပေးမှု့များပြုလုပ်ပေးရပါသည် ။
         အခြေအနေဆိုးဝါးမှု့ကတော့ ပစ္စတိုသေနတ်ကို အမြဲကိုင်ထား
ခြင်းပဲ ဖြစ်ပါသည်။ သေနတ်ကျည်ဆံထွက်မှူ့မတော်တဆဖြစ်မှာပဲ စိုး
ရိမ်ရပါသည် ။ အနီးကပ်စောင့်ရှောက်မှု့ကတော့ ဆရာဝန်ကြီးများ နှင့်
ကျွန်တော်ပဲဖြစ်ပါသည်။ ကျွန်တော့်အပေါ်တွင် ညီတစ်ယောက်လို ယုံ
ကြည်မှု့ရှိသည်ဟုထင်မှတ်ရပါသည် ။
      ကျွန်တော်၏ပြောကြားမှု့ကို အလွန်အလေးထားပါသည်။  အခြား
သူများအပေါ်ယုံကြည်မှု့နည်းလာသည်ဟု သူ၏အပြောအဆိုများအရ 
ခန့်မှန်း၍ရပါသည်။ ကျွန်တော်တို့အစိုးရိမ်ဆုံးက သေနတ်ကျည်ထွက်မှု့
မတော်တဆ ထိခိုက်မှု့ဖြစ်မှာ အလွန်စိုးရိမ်ပါသည် ။

"ဥက္ကဌကြီးဦးနေဝင်းထံ အကူအညီတောင်းဖို့ "
 ------------------------------------------------
            ထို့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကျွန်တော်တိုင်
ပင်ကြသည့်အခါ တစ်ခုခုတော့စဉ်းစားဆောင်ရွှက်ဖို့ကောင်သည်ဟုဆို
တာ အဖြေထုတ်၍ရတာနဲ့  တိုင်ပင်စရာ / အကြံကောင်းဥာဏ်ကောင်း
တောင်းယူစရာ ဥက္ကဌကြီးဦးနေဝင်း( ငြိမ်း )ထံသို့ သွားရောက်အကြံယူ
ရန် သဘောတူခဲ့ကြပါသည်။ ဒီကိစ္စလည်း အလွန်လျှို့ဝှက်စွာ ဆောင်
ရွက်ပေးဖို့စီစဥြ်ကရပါသည်။ 
         ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တစ်ညနေတွင် အိမ်ကစောင့်နေပြီး 
ကျွန်တော်နှင့် ကျွန်တော်၏သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်းနှင့်အတူ 
ကျွန်တော့်အိမ်မှကားနှင့်ထွက်ခဲ့ကြကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအားဝင်
ခေါ်ရပါသည်။ ကျွန်တော်တို့ကားနှင့်ပင် သုံးယောက်စီးသွားကြပါသည်။
ကျွန်တော်၏သားက ကားမောင်းပါသည် အခြားယာဉ်မောင်းမပါစေရပါ
ဘူး။  AD လမ်းအိမ်ရောက်တော့ ဥက္ကဌကြီးဦးနေဝင်း ( ငြိမ်း )ကို အ
ခြေအနေအရပ်ရပ်အားရှင်းပြလိုက်သောအခါ  ~

    "  ဒါဆို   ဒီကိစ္စက တိုင်းပြည်၏မကောင်းကျိုးကိုဖြစ်နိုင်သလို။ တပ်
မတော်အတွက်လည်း  အခြေအနေကောင်းဖြစ်မလာဘူး ။  ဒါကြောင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပဲ တာဝန်ယူဆောင်ရွက်စရာရှိတာကိုဆေါင်
ရွက်လိုက်ပါ ။ ဗိုလ်ချုပ်ခင်ညွန့်က ကူညီဆောင်ရွက်ပေးပါ ။ ဆရာဝန်
ကြီးများနှင့် တိုင်ပင်ပြီးမှ ဆောင်ရွက်ပါ  "

     ဟု အကြံဥာဏ်ပေးပါသည် ။

"လျှို့ဝှက်စွာဆောင်ရွက်ရမည့် ကိစ္စ "
 --------------------------------------
          ကျွန်တော်တို့လည်း နေအိမ်အသီးသီးသို့ပြန်ကြပြီး နောက်နေ့
တွင် စစ်ရုံးကို ပုံမှန်ပင်ရုံးတက်ကြပါသည် ။  ရုံးသို့ရောက်သည့်အခါ 
တိုင်းမှူးများကို မနက်ဖန်စစ်ရုံးသို့အရောက်ခေါ်ပြီး ရန်ကုန်တွင်ရှိကြ
သည့်  နဝတအဖွဲ့ဝင်များ / ဝန်ကြီးများကိုပါ စစ်ဆင်ရေးအစည်းဝေးပြု
လုပ်မည်ဟု အကြောင်းပြကာ ဖိတ်ကြားလိုက်ရပါသည် ။ ဒီကိစ္စ ခေါင်း
ဆောင်အပြောင်းအလဲလုပ်ရမည့်ကိစ္စဖြစ်၍  ပေါက်ကြား၍မရပါ ။ လျှို့
ဝှက်စွာဆောင်ရွက်ရသည့် ကိစ္စဖြစ်ပါသည် ။
        တိုင်းမှူးများ အစုံအလင်ရောက်ရှိသည့်အချိန်တွင် အစည်းအဝေး
ခန်းမကို အလုံပိတ်ထားလိုက်ပြီး တိုင်းမှူးများ / နဝတ အဖွဲ့ဝင်လူကြီး
များနှင့် / ဝန်ကြီးများကို ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကျန်းမာရေး အ
ခြေအနေအကြောင်းအား  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကျွန်တော်တို့က
ရှင်းလင်းပြကြပါသည်။ ထို့နောက် ဒုဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်း
ရွှေကပင် ဆက်လက်၍ ခေါင်းဆောင်မှု့ယူမည်ဖြစ်ကြောင်း ကျွန်တော်
ကပဲရှင်းပြရပါသည်။  အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကတော့
သူ၏နေအိမ်တွင် ဆရာဝန်ကြီးများ၏ စောင့်ရှောက်မှု့အတူရှိနေလေ၏
        အထူးအစည်းအဝေးတွင်  အားလုံးမှ သဘောတူညီကြသဖြင့် ည
ပိုင်းတွင် မြန်မာ့အသံမှ သတင်းကြေညာချက်ထုတ်ကာ ခေါင်းဆောင်မှု့
အပြောင်းအလဲအား ပြည်သူများသို့ အသိပေးခဲ့ရပါသည် ။စီစဉ်ဆောင်
ရွက်မှု့အားလုံး  ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်ဟု  ဆိုနိုင်ပါသည် ။

"ဗိုလ်ချုပ်မှူးကြီးစောမောင်အပေါ် ချစ်ခင်လေးစားမှု့ရှိ "
 ---------------------------------------------------------
              ကျွန်တော့်အနေနှင့် ဗိုလ်ချုပ်မှူးကြီးစောမောင်အား ချစ်ခင်
လေးစားမှု့အမြဲရှိပါသည် ။ မိသားစုအပေါ်လည်း သံယောဇဉ်ရှိပါသည်။
သို့သော်  " တိုင်းပြည်၏အရေး /  တပ်မတော်၏ အရေးကိစ္စဖြစ်သဖြင့် 
ပုဂ္ဂိုလ်ရေးချစ်ခင်လေးစားမှု့ကို  အလေးမထားပဲ လုပ်သင့် လုပ်ထိုက်
သည်ကို ဆောင်ရွက်လိုက်ရခြင်း ဖြစ်ပါသည် " ။
      ဤ ကိစ္စသည် ကျွန်တော့်တွင်တာဝန်ရှသည်ဟု ပြောကြ  ဆိုကြ
ဝေဖန်ကြလျှင် ကျွန်တော်ခံယူပါမည်သာ  ဖြစ်ပါသည် ။
     နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးစောမောင်မှ ကျွန်တော့်ကို တွေ့ချင်
သည်ဟုပြောလာသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခွင့်ပြုချက်ရယူခဲ့ပြီး
ကျွန်တော်သွားတွေ့ပါသည်။ နှစ်သိမ့်မှု့ပြုရပါသည် ။ တာဝန်ယူစောင့်
ရှောက်ပါမည်ဟုလည်း ကတိပေးခဲ့ပါသည်။ အေးအေးဆေးဆေး တည်
တည်ငြိမ်ငြိမ်ဖြင့် အပြောင်းအလဲတစ်ခုကို  ဆောင်ရွက်နိုင်ခဲ့ပါသည်
ခင်ဗျား …………………။

                                                         ဦးခင်ညွန့်
                                                ( ဗိုလ်ချုပ်ကြီးဟောင်း )
                            { တပ်မတော် ထောက်လှမ်းရေးမှူးချုပ် }

  *********************************************

                                                        တင်ပြသူ

                                               " Cherry  Myay " ACC မှ ရရှိတင်ပြထားပါမျိုးဝင်းသည် ။