Tuesday, July 27, 2021

ကပ်တွေစဲဖို့ အဆဲတွေရပ်ပါတော့ ✍✍✍✍✍✍✍✍


အကြိမ်ကြိမ်အခါခါ ရေးပြခဲ့ပါတယ်

ဆရာတော်ကြီးတွေ သူတော်ကောင်းကြီးတွေကို
မေစာ္ကားမ္ိဖို့ မဆဲမိဖို့
အကြိမ်ကြိမ် ရေးသားခဲ့ဘူးပါတယ်

ဒါပေမယ့်လည်း 
လူသားတွေရဲ့ ဒေါသ မောဟအားကြီးခြင်းကြောင့်
အကောင်းအဆိုး အမှန်အမှန်ကို မသိကြပဲ

သူတော်ကောင်းကြီးတွေ အပေါ်မှာ ပြောစရာ စကားလုံး မရှိလောက်အောင် ပြစ်မှား စော်ကားခဲ့ကြတယ်

အစွန်းရောက် မိုက်မဲခဲ့ကြတော့ အစွန်းရောက် ဒုက္ခ တွေ
လာတော့တာပါပဲ

အဆုံးစွန်အောင် မိုက်ခဲ့ကြလို့
အဆုံးစွန်အောင် ဒုက္ခတွေရောက်နေကြပါပြီ

ကိသဝစ္ဆ ဇာတ်တော်မှာ
သူတော်ကောင်းရသေ့တစ်ပါးကို ပြည့်တန်ဆာကစလို့ တစ်တ်ိုင်းပြည်လုံး စော်ကားလိုက်တာ

တစ်တိုင်းပြည်လုံး ဓားမိုးလှန်မိုးတွေရွာပြီး ပျက်စီခဲ့တာက
တကယ့်သာဓကဆိုတာ
အချိန်အခါက သက်သေပြနေပါပြီ

အကြောင်းမရှိပဲ အကျိုးဖြစ်မလာပါဘူး အကြောင်းရှိလို့အကျိုး ဖြစ်လာရတာပါ

ဆက်လက်ပြစ်မှား နေဦးမယ်ဆ်ိုရင်တော့
ပျက်စီးမှုတွေ က ရပ်နားသွားမှာ မဟုတ်ဘူး 

သူတော်ကောင်းတွေက ခွင့်လွှတ်ပေမယ့် ပြစ်မှားစော်ကားထားတဲ့ကံတွေက ခွင့်မလွှတ်ပါဘူး 

ယုံကြည်ဖြစ်စေ မယုံသည်ဖြစ်စေ
အပြစ်ကတော့ သူအလုပ်သူလုပ် သူအကျိုးသူပေးသွားမှာပါပဲ

ဒါ့ကြောင့်
ဆက်မမိုက်ကြပါနဲ့တော့
သူတော်ကောင်းကြီးတွေအပေါ်မှာ ဆက်ပြီး မစော်ကားကြဖို့
အထူး သတိပေးလိုက်ပါတယ် 

###သျှင်ဘုန်းနွယ်



Related Posts:

  • တိုင်းပြည်အတွက် အခွင့်ကောင်း          ကျနော်တို့တိုင်းပြည်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဦးနေဝင်းတယောက် စွတ်ရွတ်ပြီး လုပ်ပြခဲ့တဲ့ ပြည်သူပိုင်သိမ်းခြင်း ဆိုတဲ့ လုပ်ရပ် ကိစ္စကြီး နဲ့ တိုင်းတပါးသားတွေ လက်ထဲကနေ တိုင်းပြည်ရဲ့ ရေမ… Read More
  • တကယ်လို့သာ မင်းတို့ပြောသလို-ပြည်သူ သန်း ၅၀ မင်းတို့ ဘက်မှာရှိနေရင် ၊ အခုလောက်ဆို စစ်ကောင်စီပြာကျနေလောက်နေလောက်ပြီ ထင်တယ်။စစ်သား ၅ သိန်းကွာ ၊ ရဲတွေ ဘာတွေညာတွေအကုန်ပေါင်း ၊ အရံဆိုတာတွေပေါင်း ၊ ၅ သန်း ရှိတယ်ထားဦး ၄၅ သန်း က သေးနဲ့ဝိုင်းပန်းတောင်သေးထဲမှ… Read More
  • သခေါကြီးသွားတိုက်ပီးပြောကွာယီး မို့ ၇၂နာရီပဲစောင့်ပါတို့နောက် ၂ ပတ် နေရင် NUG ကို ကမ္ဘာကထောက်ခံပါပီတို့ ရုံးမတက်ရင် နိုင်ပီတို့နောက်နှစ်ပတ်ဆိုရင် CDM အောင်မြင်တော့မှာလို့ဘယ်ခေါနေတဲ့သွားတွေပါတဲ့ပါးစပ်နဲ့ပြောခဲ့တာလည်းမသိဘူးနော်တကယ် ဗလောင်းဗလဲ ကောင်က… Read More
  • #လမ်းသွားမှားရင်_ခရီးမတွင်ဘူး- PDF တွေက တပ်မတော်ကို မဖြုတ်နိုင်ဘူးဆိုတာကို NUG က သိတယ်။- သို့သော်  ၁။ PDF နဲ့ ပွဲဆူအောင်လုပ်မယ်  ၂။ နိုင်ငံတကာတပ်တွေ ဝင်လာအောင် ပုံဖော်မယ်ဆိုတဲ့ ပုံစံနဲ့ လစ်ဗျားပုံစံကို မျှော်မှန်းတယ်။ ၃။ တိုင်းရင်းသားလက်နက… Read More
  • မြောင်မြို့နယ်၌ ရဟန်းသံဃာ ၁ ပါးအား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်၍ အလောင်းအားမီးရှို့ဖျက်ဆီးနေပြည်တော် နိုဝင်ဘာ ၂၀မြန်မာနိုင်ငံသည် ရဟန်းသံဃာ တော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာ ယဉ်ကျေးပျူငှာမှုရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ရဟန်းသံဃာတော်များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်းဆောင်ခဲ… Read More