Saturday, July 31, 2021

🦠 သီပေါမင်းကြီး ကြွေလွှင့်ပြန်ပြီ


မနေ့က
အလယ်တန်းကျောင်းသားဘဝက
ဆရာတဦးကို အကူအညီပေးနိုင်ခဲ့လို့
ကြည်နူးမိတာလေးက (၂၄) နာရီတောင်မပြည့်သေးဘူး၊

ဒီမနက်
ဇနီးသည်က ကျောင်းထိုင်ဆရာတော်ကြီး
ပျံလွန်တော်မူတယ်လို့ သတင်းပို့လာတယ်
လင်မယားနှစ်ယောက်အနေနဲ့ ဇနီးသည်က
ဘာသာရေးနဲ့ပိုထိတွေ့မှုရှိတော့ သူမက
ဘာသာရေးဖက်ကူ၊
ဘမောင်က စီးပွားရေးလုပ်နေရတော့
လူမှုနယ်ပယ်ဖက်ကိုကြည့် ဆိုပြီး
နိုင်သလောက်လုပ်ကိုင်ကြပါတယ်၊
ဒီမနက် သူမဖက်က သတင်းဆိုး စကြားရတယ်။

ဆရာတော်ကြီးနဲ့ သိကျွမ်းခွင့်ရတာ
(၃၃) နှစ်ရှိပြီ၊ ကျောင်းအတွက် နိုင်သလောက်
ပံ့ပိုးကြတယ်၊ သက်တော် (၉၂) မှာပျံလွန်တော်
မူတယ်၊ Covid ကြောင့်၊ မဟုတ်ရင် ကျန်းမာရေး
ကောင်းတာကြောင့် နောက်ထပ် (၁၀) နှစ်လောက်
ရှင်သန်နိုင်ခွင့် ရှိနိုင်ပါသေးတယ်၊
မျက်မှန်တောင်မတပ်ရတဲ့ ဆရာတော်ကြီးပါ၊

ဝိနည်းနဲ့ နေထိုင်ပြီး
စေတနာ အလွန်ကောင်း၊ အလွန်ရိုးသားတာမို့
ကောင်းရာ ဘုံဘဝကိုရောက်မှာပါ။

...................

ကျောင်းထိုင်ဘုန်းကြီးကျောင်း ဆရာတော်ကြီးအတွက်
စိတ်မကောင်းဖြစ်နေတုန်း....
ဘမောင်ဖက်ကလဲ သတင်းဆိုးတက်လာပြန်လေရော
ညီငယ်လေးလိုဖြစ်ပြီး၊ ဘမောင်ကျောင်းမှာလဲ
စာပြန်ပြပေးနေတဲ့ Dr. ကျော်ငြိမ်းအေး
မနက်ကဆုံးသွားပြန်ပြီတဲ့၊ အသက်က (၅၂) နှစ်ပဲ
ရှိသေးတယ်၊ RIT ဓါတုအင်ဂျင်နီယာ ဖြစ်ပြီး
Covid နဲ့ပါတ်သက်ပြီးတောင် ဟောပြောခဲ့သေးသူ၊

ဘမောင်ဆီမှာ စာသင်ပြီး
တနှစ်လောက်ကြာမှ Dr. ကျော်ငြိမ်းအေးဟာ
" သူ့ကျွန်မခံပြီ " ဇာတ်ကားထဲက သီပေါမင်းအဖြစ်
သရုပ်ဆောင်ခဲ့သူမှန်း သိရပါတယ်။
(၈) နှစ်လောက်တွဲလုပ်ကိုင်လာတဲ့ လုပ်ဖေါ်ကိုင်ဖက်
တဦးဖြစ်ပြန်လေတော့... အတော်စိတ်မကောင်း
ဖြစ်မိရတယ်၊

​တွေ့လိုက်တိုင်း... ပြုံးပြုံး... ပြုံးပြုံးနဲ့
သူရဲ့နှစ်လိုဖွယ် မျက်နှာလေးကို မြင်ယောင်မိတယ်။
သဘောကောင်းတဲ့...
စေတနာကောင်းတဲ့ ညီငယ်လေး
ကောင်းရာဘုံဘဝမှာ ငြိမ်းအေးပါစေ။

( CSIS ဆရာ/ ဆရာမများ၊ ကျောင်းသူ/ ကျောင်းသားများ
   á€á€”်ထမ်းမဝဏး အားလုံးရဲ့ကိုယ်စား ဆုမွန်ကောင်း
   á€á€ąá€Źá€„á€şá€¸á€œá€­á€Żá€€á€şá€›á€•á€Ťá€á€šá€ş )

#နေဇင်လတ်  (31.7.21) 😂



Related Posts: