Monday, July 26, 2021

😎 White Noise


သုံးတဲ့နေရာပေါ်မူတည်ပြီး
အဓိပ္ပါယ်အမျိုးမျိုးထွက်တယ်
ကျန်းမာရေးမှာ အကောင်းဖက်ထွက်ပြီး
အသံပိုင်းဆိုင်ရာမှာ ကြိမ်နှုံးဆိုင်ရာ အသံများ
သဘောဆောင်ပြီး....
နိုင်ငံရေးပိုင်းမှာကြတော့...
Discrete signal  ကွဲပြား၊ ခြားနားသော 
တူညီပြင်းအားရှိ... ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်၊

................

မြန်မာ့အပြောင်းအလဲကာလ
(၆) လထဲရောက်တဲ့အခါ White noise တွေကို
သတိထားကြည့်မိတယ်၊
သမိုင်းကြောင်း၊ နောက်ခံ၊ ဖြစ်ပျက်စဉ်တွေနဲ့
ပြည်ပ / ပြည်တွင်း တုန့်ပြန်မှုတွေရဲ့ ဆုံချက်ကို
ဖေါ်ထုတ်ဖို့ သိပ်မခက်လှပါဘူး၊

ပြီးခဲ့တဲ့
" တမွန်းတည့်နိုင်ငံရေးမှာ "
အပြောင်းအလဲဖြစ်ပြီး တလသားအတွင်း
ကြုံခဲ့ရတဲ့အပေါ် မထူမပါး ရေးခဲ့တဲ့အတိုင်း
ပိုသေခြာလာတယ်၊

................

တဖက်က ဘယ်လို Political gambit နဲ့
ကစားနေသလဲ ?
Hidden power တွေက ဘာလဲ ?
Next moves တွေ....
..... စတာတွေကို ဖေါ်ထုတ်နိုင်ရင်
မြန်မြန်ကိစ္စပြီးလိမ့်မယ်၊

ဒီလိုအခြေအနေမျိုးမှာ
အပေါ်စီးရနေသူအတွက် အချိန်ကြာတာမကောင်းဘူး
အောက်စီးသမားက
အချိန်ပိုရတာ သူ့အတွက် advantage ပဲ

................

ဥပမာလေးတခုပြောမယ်
ဘဏ်အကြပ်အတည်းတွေ မရှင်းနိုင်သေးဘူး
ငွေလည်ပါတ်မှု အတော့ကို Paralyze ဖြစ်နေတယ်၊
ငွေတွေ ဘယ်ပျောက်နေလဲ ?
လစာပေးဖို့တောင်...
ဘဏ်တွေပြောထားတဲ့ ပမာဏက
လက်တွေ့မှာမရဘူး၊ ( ကိုယ်တွေ့ )

အဲ့ဒီရဲ့နောက်ဆက်တွဲ ဖြစ်လာမဲ့
ဆက်စပ်အကျိုးတရားကို ဘယ်လိုမြင်ကြမလဲ ?
အမေရိကန်တွေ ထိတ်ရောက်ခဲ့တာ
ဗျူဟာ မှန်တဲ့အပြင် Consequences တွေကို
သေသေခြာခြာ တွက်ထုတ်နိုင်ခဲ့လို့၊

အမေရိကန်တွေ ပြန်ကျဆုံးတာလဲ
ဗျူဟာမှားတဲ့အပြင် Side effect တွေကို
သေသေခြာခြာ မတွက်နိုငိခဲ့လို့၊
Trump ရဲ့ Trade war ကထင်သာမြင်သာအောင်
သက်သေခံသွားပြီးပြီ၊

..............

တချို့ဟာတွေက
သိမ်မွေ့ပြီး
ထင်သာမြင်သာမရှိတော့လဲ
ပြောရင် ငပြောကြီးပဲ

မြန်မာတွေက
ပေါ့ပေါ့တွေးတတ်တယ်
ကိုယ့်ဆီလာတဲ့သူကို အကောင်းအဆိုးခွဲဖို့
ဦးဏှောက်သုံးရမှာ ပင်ပန်းတယ်လို့ ထင်ကြတယ်
ကြောချလို့ ဒါးပြမှန်း သိတဲ့အခါကျတော့
ပွဲက အကုန်ပြီးသွားပြီ၊

ဥပမာကြည့်-
ဒေါ်စုရဲ့ ခေါင်းမာမှု၊ အဆုံးအဖြတ်အမှားဟာ
မြင်ကွင်းကြီးတခုလုံးကို
ဘယ့်လောက်ပြောင်းသွားစေခဲ့သလဲ ?

အမှားဆိုတာ ရှိတတ်ပါရဲ့
ဒါပေမဲ့ Series of mistakes မျိုး မဖြစ်သင့်ဘူး
အထူးသဖြင့် အဆုံးအဖြတ်ပေးမဲ့
Turning point ဖြစ်စေမဲ့ Decision မျိုးမှာ
ချွတ်ချော်လို့ မရတတ်ဘူး၊

အဆုံးအဖြတ်တွေဟာ
အနာဂါတ်တွေချည့်ပဲ။

#BaMaung   (25.7.21) 😎

Related Posts:

  • ယနေ့ သတင်းစာရှင်းလင်းပွဲကောက်နုတ်ချက် ပညာရေး၁။  အခြေခံပညာကျောင်းတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့ကနေစပြီးဖွင့်နေပြီ ဖြစ်တယ်။ မူလတန်းကျောင်း ၂၅၀၀၀ ကျော်၊ အလယ်တန်းကျောင်း ၁၅၀၀၀ကျော်နဲ့ အထက်တန်း ကျောင်း ၆ ထောင်ကျော်၊ စုစုပေါင်း ၄၇၀၀၀ ကျော်ရှိတဲ့အထဲကနေ ၄၂၀၀၀ ကျော် ဖွင့်န… Read More
  • အကုသိုလ်ပါတီ 🍁ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်ဟောင်းကြီးတွေ နောင်တရနေတာတွေ့တော့ တကယ်ကို တရားကျမိပါတယ်။ အကြမ်းဖက်ခံရပြီး သေဆုံးသွားခဲ့ကြသူတွေပဲဖြစ်ဖြစ်၊ ဟုတ်လိမ့်နိုးနဲ့ အကြမ်းဖက်မိရာက မိုက်ပြစ်ခံရတဲ့လူ‌တွေပဲဖြစ်ဖြစ် အားလုံးဟာ မြန်မာန… Read More
  • ညီတော် နောင်တော်များအမှတ်ရနေစေဖို့....🙏🙏🙏၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့၏။တူရကီနိုင်ငံခြားရေး ဝန်ကြီးဟာအိုအိုင်စီရဲ့ အတွင်းရေးမှူးဖြစ်ပြီးရခိုင်ပြည်နယ်၌ ဘဂ်ါလီဒုက္ခသည်တွေကို ကူညီနိုင်ရန် မြန်မာနိုင်၌အို… Read More
  • ဝေဒနာ နဲ့ စေတနာ ယှဥ်ကြည့်ကြအုံး......ရွှေပြည်သာ Q စင်တာကို ရွှေပြည်သာ ကြက်ခြေနီ လူငယ်တွေက ၂၀၂၀ ကတည်းက ကိုယ့်စားရိတ်နဲ့ကို တတ်စွမ်းရှိသရွှေ့ အပင်ပန်းခံ ဖွင့်လှစ်ပေးခဲ့ကြတယ် ။       á€•ရဟိတ မှန်သမျှ သူ့လက်အောက်ဝင်ရမယ်ဆိုတဲ့ ဒေါ်စုကြည်ရဲ့ လက… Read More
  • ငွေကို ငွေနဲ့ တိုက်         á€Ąá€€á€źá€™á€şá€¸á€–က်တဲအ လူယုတ်မာတွေ အတော်လေး ဖမ်းမိနေပြီ ။ လွတ်မြောက်နေသူတွေလည်း အများအပြား ရှိနေအုံးမှာ သေချာပါတယ် ။ ဒီနေရာမှာ အောက်ခြေက အဓိကကျတဲ့ ရဲ ၊ SB နဲ့ စရဖ တွေ ရဲ့ အနေအထားကို ပြန်ကြည့်ကြပါစို့ ။… Read More