Sunday, July 25, 2021

သိသင့်သော အခက်အခဲများ


၁ ။ ယနေ့ ကပ်ရောဂါနှိပ်စက်၍ အဆမတန် သဂြ်ိုလ်ပေးနေရသော မီးရှို့စက်တွေရဲ့ အခက်အခဲ ကို ပြောချင်ပါတယ် ၊ DB တွေကို မီးရှို့ကြရာမှာ ပုံမှန်အားဖြင့် ပိန်ခြင်း ဝခြင်း မီးအား အတက်အကျ အရ 25 မိနစ် မှ 40 မိနစ် အချိန်ယူရပါတယ် ။

        ယခု covid DB တွေကျတော့ လုံခြုံအောင် ထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေပါ တပါတည်း ရှို့ကြရပါတယ် (အကူးစက်ခံရမှာ စိုးရိမ်လို့ ဘယ်သူမှ မဖွင့်ရဲကြပါဘူး ) ဒီတော့ ပလပ်စတစ်တွေက အချို့ဆိုရင် စေတနာပါပါ နဲ့ ပရဟိတသမားတွေက နှစ်ထပ် သုံးထပ်အထိ ထုတ်ပိုးထားကြပါတယ် ။ 

      အဲဒီတော့ မီးရှို့ရာမှာ ပလပ်စတစ်က ဂျပ်ခဲကြီးတွေ ဖြစ်သွားပြီး မီးထွက်ပေါက်တွေကို ဆို့ထားသလို ဖြစ်လို့ မီးအားလျှော့နည်းခြင်း ၊ ယင်းပလပ်စတစ်များအား ပြန်လည်ထိုးခွာရခြင်း အစရှိတဲ့ အခက်အခဲတွေကြောင့် အချိန်များစွာ ပိုကြာနေရပါတယ် ။

      ဒီတော့ DB တွေ တန်းစီချထားကြရာမှာ အချို့က ချမထားချင်တော့ စီနီယာကျော်ပြီး တခါတည်း သဂြ်ိုလ်ဖို့ ငွေသိန်းချီပေးပြီး လုပ်ကြပါတယ် ။ စည်ပင်ရဲ့ ရိုက်စား ဂွင် ဖြစ်နေခြင်း အကြောင်းအရင်း ပါ ။ 

၂ ။ CDM ဆရာဝန်တွေ ပြန်လာချင်သူတွေ အများအပြား ရှိနေပါတယ် ။ ပြဿနာက ကြိုးနီစနစ် ရှုပ်ထွေးပိတ်ဆို့နေတာပါပဲ ။ CDM ပြန်လာဖို့ အချက် ၇ ချက် သတ်မှတ်ထားပါတယ် ။ ရပ်ကျေး ထောက်ခံချက် ၊ တရားစွဲအဖွဲ့အစည်း၏ သဘောထား မှတ်ချက် ၊ အခက်အရာရှိ၏ သဘောထား အစရှိတဲ့ စည်းမျည်းတွေ ချထားပါတယ် ။ 

     မေးကြည့်တော့ တရားစွဲအဖွဲ့အစည်းဆိုတာ ရဲ ကလည်း သူမဟုတ် ၊ ထွေကလည်း သူမဟုတ် ဆိုတော့ ဘယ်သူ့အဖေခေါ်ရမှန်း မသိဖြစ်နေပါသတဲ့ ။ 

       CDM ပြန်ဝင်ချင်တဲ့ ဆရာဝန်တွေဟာ မဝင်တဲ့ ဘဝတူဆရာဝန်တွေရဲ့ တကျော့ပြန် SP ကိုကြောက်ရ ၊ အကယ်၍ ဆေးဝါး စက်ပစ္စည်း မပြည့်စုံပဲ ကုသရလို့ လူနာ ဆုံးပါးသွားရင် အပြစ်တင်ခံရမှာ ကြောက်ရနဲ့ တွေးနေရပါကြောင်း သတင်းကြားရပါတယ် ။ 

      ဒီလို ကာလမှာ သာမန်အချိန်တွေလို ကြိုးနီစနစ်တွေ မသုံးသင့်တော့ပါဘူး ၊ ဆရာဝန်တယောက် က ပြည်သူတယောက်ကို ကယ်နိုင်ရင်လည်း အမြတ်လို့ ယူဆရမှာပါ ။ 

      သူပုန်တောင် စားပွဲပေါ်ခေါ် ဆွေးနွေးနေသေးတာပါပဲ ၊ နှစ်ဖက်လုံး သဘောထားကြီးကြီး နဲ့ အစွန်းကုန်ဖြေလျှော့ လုပ်ကြဖို့ သတင်းပေးချင်ပါတယ် ။ 

၃ ။ ဆေးဝါးရှားပါးမှုဟာ ဆေး နှင့် ဆေးဝါးစပ်ဆက်ပစ္စည်းလုပ်ငန်းရှင်များ ရဲ့ ယုတ်မာနေမှုကြောင့် ဖြစ်ပါတယ် ။ သီလဝါ မှာ ယခုထိ အိမ်သုံးဆေးဝါး တန်ချိန် ၇၀ ခန့် လုံးဝ လာမထုတ်ယူကြပါဘူး ။ ဒါ ကျနော်တို့ သိထားတဲ့ တနေရာပဲ ရှိပါသေးတယ် ။ 

      နိုင်ငံတော်ပိုင် သိမ်းပြီး ပိုင်းရှင်တွေကို လိုင်စင်ပိတ်သိမ်းသင့်ပါတယ် ။ ယုတ်မာသော ဆေးဝါးလုပ်ငန်းရှင်များ လက်တွင်းသို့ ပြည်သူ့ကျန်းမာရေးကို ဝကွက် မအပ်မိစေရန် ဖြစ်ပါတယ် ။ 

၄ ။ ကုန်စျေးနှုံးတွေ အဆမတန် တက်နေတာလည်း ထိမ်းချုပ်ချိန် တန်ပါပြီ ။ ဇစ်မြစ်တွေထိ လိုက်လံပြီး ဖော်ထုတ် အရေးယူရပါမယ် ။ ဝင်ငွေမရှိတဲ့ ပြည်သူတွေအတွက် ကုန်စျေးနှုံး တက်နေတာလည်း လူသတ်နေသလိုဖြစ်နေပါပြီ ။ 

၅ ။ နစက အတွက် နိုင်ငံရေးအမြတ်ထုတ်စေချင်ပါတယ် ။ အဲဒါက အလံဖြူ အလံဝါ ထောင်ထားတဲ့ မိသားစုတွေကို စီစစ်ပြီး အမှန်တကယ် ဆေးဝါး နဲ့ ရိက္ခာ လိုအပ်နေပါက နစက မှ ထောက်ပံ့ပေးဖို့ လိုပါတယ် ။ 

       ဒေါ်စုကြည်က အဲဒီ အကွက်တွေနဲ့ လုပ်စားသွားပါတယ် ။ ဖြစ်နိုင်ရင် ပြည်သူအားလုံးကို ထောက်ပံ့နိုင်ရင် နိုင်ငံရေး ထောက်ခံမှု တဟုန်ထိုး တိုးတက်လာမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး ။ 

        မှန်ကန်သော လမ်းညွှန်မှု ၏ နောက်ကွယ်မှ အခက်အခဲများအား အများသူငါ နှင့် တပ်ချုပ်ကြီး သိရှိပြီး ဖြေရှင်းနိုင်ရန် တင်ပြလိုက်ရပါတယ် ။ 

       မျိုးဝင်း