Tuesday, July 27, 2021

ရွေးကောက်ပွဲ မဲမသမာမှုဆိုတာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာလည်း ရှိတာမှန်ပေမယ့်


မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အာဏာရပါတီဟာမဲမသမာမှုကို ရည်ရွယ်ချက်(intention)နဲ့ အကွက်ကျစီမံဆောင်ရွက်ခဲ့ကြောင်း စိစစ်ထင်ရှားခဲ့တဲ့အတွက် ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး တရားမျှတတယ်လို့ ယုံကြည်ပါတယ်။

တကယ်ဆိုအောင်မှတ်ရပြီးသားပါတီက
ပြိုင်ဘက်ပါတီကြီးရဲ့ ရွေးကောက်ပွဲကာလ လူထုထောက်ခံမှု မြင့်တက်လာမှုအပေါ်စိုးရိမ်ကြီးပြီး အာဏာနဲ့လုပ်ပိုင်ခွင့်ကိုအသုံးချလို့
မသမာမှုတွေ ဆင့်ကာဆင့်ကာ ဆောင်ရွက်ခဲ့ပြီး
အခြေခံဥပဒေကိုလိုက်နာစောင့်ရှောက်ရတဲ့ တပ်မတော်ရဲ့ညှိနှိုင်းဖြေရှင်းဖို့ တောင်းဆိုနေမှုတွေကို
နိုင်ငံရေးယဉ်ကျေးမှုမဲ့စွာ လျစ်လျူရှုခဲ့တဲ့အတွက် 
နောက်ဆုံးဇာတ်သိမ်းက မလှပခဲ့တာ
သမိုင်းသင်ခန်းစာပါပဲ

#ymms