ဒေါ်စုဆိုတဲ့အမျိုးသမီးပဲရှိမယ်ထင်ပါတယ်
ဗိုလ်ချုပ်သမီးပါဆိုပြီး ဘယ်တုန်းကမှလည်း
ကျုပ် သူ့ကို အထင်မကြီးခဲ့ဖူးဘူး
သူ့အဆင့်က Entertainerပဲ
ဒီထက်ပိုပြီး ဘာမှစောက်သုံးမကျဘူး
ဗိုလ်ချုပ်ဆိုတဲ့ ရာထူးကြီးပိုင်းက
မွေးလာတဲ့သားသမီးတိုင်းကိုလည်း
ကျုပ်တို့က အထင်ကြီးပြီး
အောက်ကျို့ လေးစားမယ် မထင်နဲ့
လုပ်ရပ်ပေါ်မှာမူတည်ပြီး လေးစားတာဖြစ်တယ်
သူလုပ်ခဲ့တဲ့အရာတွေထဲမှာ အထင်ကြီးစရာ
ဂုဏ်ပြု ဂုဏ်ယူလောက်စရာ ဘာမှမရှိပါဘူး
ဒေါ်စုအာဏာရပြီဆိုကတည်းက
သီတဂူဆရာတော်,ပါချုပ်ဆရာတော်တို့လို
ပုဂ္ဂိုလ်တွေကိုတောင် မိုက်မိုက်ရိုင်းရိုင်းတွေ
ဆဲဆိုတတ်လာအောင် ရည်ရွယ်ချက်ရှိရှိ
လေ့ကျင့်ပြုစု ပျိုးထောင်ပေးခဲ့ကြတယ်
ဘာသာရေး သာသနာရေးပျက်စီးစေခဲ့တယ်
သူတို့မှာ ရည်ရွယ်ချက်နှစ်ခု ရှိတယ်
တပ်မတော်နဲ့ပြည်သူလူထုကြားမှာ
အမုန်းတရားတွေရိုက်သွင်းပေးဖို့နဲ့
ဗုဒ္ဓဘာသာခေါင်းဆောင် ရဟန်းသံဃာတွေနဲ့
ဗုဒ္ဓဘာသာဝင်တွေကြားမှာ သွေးခွဲပစ်ဖို့
NLD လက်ထက်မှာ အဲဒီရည်ရွယ်ချက်တွေကို
အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆောင်ရွက်နေခဲ့ကြတာ
အခု ပြီးခဲ့တဲ့အရေးအခင်းကာလမှာ
ထေရ်ကြီးဝါကြီး ဝစီပိတ်ဆရာတော်ရဲ့ပုံတော်ကို
ထမိန်တန်းလုပ်ပြီးမှာ ချိတ်ဆွဲတယ် ပျက်ရယ်ပြုတယ်
ပုဂံက ရှေးဟောင်းစေတီတွေကို မီးရှို့ဖျက်စီးတယ်
ရှမ်းပြည်နယ်မှာ ဆင်းတုတော်တွေကို ဖျက်စီးတယ်
ချင်းပြည်နယ်မှာ သာသနာပြုရဟန်းတစ်ပါးကို
ရက်စက်ယုတ်မာစွာ သတ်ဖြတ်လိုက်ကြတယ်
ဒါတွေဟာ နိုင်ငံရေးဆိုတဲ့အကြောင်းပြချက်နဲ့
ဘာသာရေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပဲ
KNU , KIA , KNPP နဲ့ ချင်းတပ်တွေ
တိုက်ပွဲဖော်ဆောင်လာတယ်ဆိုတာကလည်း
အလကားမဟုတ်ဘူးဗျ ခင်ဗျားတို့မသိလို့
အဲဒီလက်နက်ကိုင် အဖွဲ့တွေနောက်မှာ
ဘာသာရေးထောက်ပံ့မှုတွေ ရှိတယ်
ကမ္ဘာမှာ အင်္ဂလိပ်တွေပါတ်ပြီး
နယ်ချဲ့တဲ့ခေတ်ကာလက
စကားတစ်ခုကို ကြားဖူးကြလား
`` စစ်ပွဲနောက်မှာ ကျမ်းစာပါတယ် ´´ တဲ့ ။
အခုခေတ်ထိလည်း အနောက်နိုင်ငံတွေရဲ့
နိုင်ငံရေးစွက်ဖက်ချယ်လှယ်မှုတိုင်းမှာ
ဘာသာရေး Mission အမြဲပါတယ်
အဲ့လိုဖြစ်နေတဲ့အထဲ ပြည်သူလူထုဆိုတာဟာလည်း
ခင်ဗျားတို့ကျုပ်တို့အိမ်မှာမွေးထားတဲ့
ခလေးငယ်တွေလိုပဲ အရမ်းထိန်းရခက်တယ်
နောက်ဆုံးပြောခြင်တာတစ်ခုက
နိုင်ငံရေးနဲ့ဘာသာရေးဟာ တိုက်ရိုက်အချိုးကျတယ်
ဒါကို ခင်ဗျားတို့ကျုပ်တို့ သိထားကြရမယ်
နိုင်ငံရေးမှိုင်း ဘာသာရေးမှိုင်း မမိအောင်
ကျုပ်တို့ဆင်ခြင်ပြီး ဝိုင်းဝန်းထိန်းသိမ်းဖို့လိုပါတယ်...။
Sitt Yan Naing
Credit