Friday, July 23, 2021

ICJနှင့် လားရာ


ကောင်းလိုက်တဲ့ ICJအကြောင်း ဆောင်းပါး

" အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန"

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဝေဖန်ချက်အား ပြန်လည် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်..

ICJနှင့် လားရာ
==========

ICJ ကိစ္စနဲ့ ပတ်သက္လို့ မိတ်ဆွေများက ကျွန်တော်ရဲ့ ထင်မြင်သုံးသပ်ချက်ကို ပြောပေးပါလို့ တောင်းဆို လာကြပါတယ်။ သာမန်အားဖြင့်တော့ မြန်မာနိုင်ငံရေးကို ကျွန်တော် ပြောလေ့မရှိပါဘူး။ စိတ်ရှင်းရှင်းနေချင်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်နေတဲ့အတွက် နည်းနည်းလောက် ပြောချင်မိပါတယ်။

၁။ ကျွန်တော့်အမြင်ကတော့ ICC, ICJ ကိစ္စက အရုပ်ဆက်ကစားနည်း jigsaw puzzle ကားချပ်ကြီး ထဲက၊ အပိုင်းအစလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ဝိုင်းပြီးလုပ်ကြံနေသူတွေ လိုချင်တဲ့ အခင်းအကျင်း ပုံပေါ်လာအောင် ဖြည့်ဆည်းပေးမယ့် နည်းလမ်းကလေး ၊ တစ်ခုမျှသာ ဖြစ်ပါတယ်။ ဘော်လီဘောကစားနည်းနဲ့ပြော 9 ARSA O Seevice 060:620000:1 OIC C. ICC, ICJM Lifter 326005Wo5:0111 6$om Smasher အရိုက်သမား လာပါလိမ့်ဦးမယ်။ ဘာတွေ ဆက်ဖြစ်မလဲ သိချင်ရင် နောက်ခံ၊ အသိုက်အဝန်းနဲ့ အကျိုးစီးပွား၊ ရည်ရွယ်ချက်တွေကို သိဖို့လိုပါလိမ့်မယ်။
________________

၂။ နောက်ခံသမိုင်းကြောင်းကို အရှည်ကြီး မပြောလိုတော့ပါ။ ဒီကိစ္စရဲ့ စံနက္တန္က ၂၀၁၂ခုနှစ် အရေးအခင်းပတ်ဝန်းကျင်က စခဲ့တယ္လို့ ဆိုနိုင်ပါတယ်။ အမွန္ကတော့ ၂၀၁၁ခုနှစ် မေလကုန်ပိုင်းက OIC ဌာနချုပ်မှာ ကမ္ဘာအရပ်ရပ်ရောက်နေတဲ့ ဘင်တွေကို စုစည်းဖို့ OIC က ဦးစီးပြီး Arakan Rohingya Union (ARU) Euro Burma Office ( EBO) ခေါင်းဆောင် ဦးဟန်ယောင်ဝေ အကူအညီနဲ့ ဆော်ဒီမှာ စတင်ဖွဲ့စည်း ခဲ့တာကေန အစပျိုးခဲ့တာပါ။ အဲဒီမွာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ဘင်တွေ ARU ထီးရိပ်အောက်မှာ OIC ဩဇာကြောင့် စုစည်းမိခဲ့ကြတယ်။ ARU ရဲ့  ညွှန်ချုပ်က အမေရိကန်နိုင်ငံသား ဘင်လူမျိုး ကိမိလ၊ ပညာရှင် ဒေါက်တာဝါကာရူဒင် (ရေဆင်း စိုက် တက္ကသိုလ် ဆင်း) ဆိုတော့ အမေရိကန်အစိုးရ၊ EU နဲ့ UNတို့ကို ပေါက်ပေါက်ရောက်ရောက်ရှိပြီး လော်ဘီကောင်းကောင်း လုပ်နိုင်လာတယ်။ ငွေရေးကြေးရေးကလည်း နောက်ခံ တောင့်တော့ အချိန်တိုအတွင်း သြဇာကြီးလာတယ်။ (အခုနောက်ပိုင်းတော့ ဝါကာရူဒင်ကို ပျော့တယ်ဆိုပြီး ထွန်းခင်တို့ နေစန်းလွင်တို့ အုပ္စုက ဖြုတ်ချဖို့ ကြိုးစားနေကြောင်း သိရပါတယ်။) အကျိုးဆက်ကတော့ ဒီကိစ္စကို လူသိများလာပြီး ၂၀၁၂ ကျောက်နီမော်မှာ မသီတာထွေး အသတ္ခံရမွုကစတဲ့ လူအုပ်စုချင်း အထိကရုဏ်းက နိုင်ငံအနှံ့ ပြန့်သွားချိန်မှာ အပြင် ပေယာဂေတြက စဝင်လာတော့တာပါ။
Ull
________________

၃။ ပေယာဂမ်ား။ ၂၀၁၂ အရေးအခင်းဟာ ရခိုင်ပြည်နယ် ကပ်ဘေးသင့်ဖို့ ငရဲတံခါးဖွင့်ပေးလိုက်သလိုပါပဲ။ အဓိကရုဏ်းတွေကြောင့် ရခိုင်မှာတည်ရှိနေတဲ့ လူမှုစီးပွားရေးမျှခြေ ပျက်သွားခဲ့တယ်။ အလုပ်ကြမ်း၊ သူရင်းငှား၊ ငါးရွာဖားရွာ လုပ်တဲ့ ဘင်တွေက ကယ်ဆယ်ရေးစခန်းတွေ ရောက်သွားကြပြီး၊ လယ်သမား ရခိုင်တွေကလည်း လယ်ထဲမဆင်းရဲ၊ ခိုင်းစရာ လုပ်အားကလည်းမရှိ ဆိုတော့ ရခိုင်တွေ ကိုယ့်ဒေသကို စွန့်ပြီး ဖားကန့် အပါအဝင် ပြည်တွင်းနဲ့ ပြည်ပကို အလုပ်သွားလုပ်ကြရတယ်။( ဖားကန့် ရောက်သွားတဲ့ ရခိုင်တွေလည်း နောက်ပိုင်း အစိုးရနဲ့ KIA တိုက်ပွဲတွေ ဖြစ်တော့ မှော်တွေမှာ ပိတ်မိ၊ အလုပ်လက်မဲ့ ဘဝပျက်ရာက KIA က ကောက်ယူမွေးစားပြီး နောင်မှာ AA ဖြစ်သွားကြတယ်။) ကယ်ဆယ်ရေးစခန်းမှာ ဦးရေ တစ်သိန်းလောက်ရှိတဲ့ ဘင်တွေလည်း ဘဝပ်က္တာပါပဲ။ ဒါပေမဲ့ သူတို့က စားစရာ၊ နေစရာ ထောက်ပံ့တာ ခံရသေးတယ်။ လူတစ်သိန်းလောက် စခန်းတွေမှာ နေကြရတာ အပြင်က IGO/INGO အဖွဲ့အစည်းတွေ အတြက္ကေတာ့ သတင်းကောင်း ဖြစ်သွားခဲ့ပါတယ်။ အဲဒီကာလမွာ Boat People ဆိုပြီး လူကုန်ကူးလှေတွေ ထိုင်း ရေတပ်က မောင်း ထုတ္လို့ ရေမျောကမ်းတင် သတင်းတွေ ပေါ်လာတော့၊ BBCတို့လို သတင်းဌာနတွေ အကြိုက်ဖြစ်ပြီး၊ ရိုတွေကို မြန်မာအစိုးရနှိပ်စက်လို့ ထွက်ပြေးရတာပါဆိုပြီး ဇာတ်နာအောင်လုပ်တော့ မြန်မာတွေ အဖတ်ဆည်မရအောင် နာမည်ပျက် လာတော့တာပဲ။ အဲဒီကတည်းက ဝင်လာလိုက်တဲ့ ပေယာဂေတြ၊ UN လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ UNHCR OICI Human Right Watch (HRW) Amnesty International (AI) e osb: INGO 602 30
________________

အများကြီးပါ။ ဘင်တွေကိုချည်း ဝိုင်းကူလိုက်ကြတာ နောက်ဆုံး ဒေသခံ ရခိုင်တွေက မေက်နပ္လို့ ဝိုင်းရိုက်မှပဲ ထွက်ပေးသွားကြတာပါ။ နိုင်ငံအလိုက်ဆိုရင် US၊ EUI ဆော်ဒီ၊ တူရကီနဲ့ တစ်ခြားနိုင်ငံတွေရှိပါသေးတယ်။ အပြင်က စိတ်ဝင်စားလာတာ ဒီအဖွဲ့တွေတင် မဟုတ်ပါဘူး။ အယ်ကေဒါ။ အိုင်အက်စ်နဲ့ တောင်အာရှဒေသ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေလည်း ပါပါသေးတယ်။ သူတို့နဲ့ ချိတ်ပြီးတော့မှ ARSA ဆိုတာ ဖြစ်လာတာပါ။

________________

၄။ ဂျော့ဆိုရော့စ်။ ထူးထူးခြားခြား ဒီကိစ္စကို ပုဂ္ဂလိက စိတ်ဝင်စားတာကတော့ အမေရိကန် ဂျူး သူဌေးကြီး ဂျော့ဆိုရော့ ပါ။ ဆိုရော့ဟာ ၂၀၁၅ မကုန်ခင်အထိ အရင်အစိုးရ လက်ထက်မှာ ရခိုင်ကို နှစ်ခေါက် ရောက်ခဲ့တယ်။ မှတ်မှတ်ရရ သူ့ ခရီးစဉ်တစ်ခေါက်မှာ သူလာတဲ့ တစ်ပတ်အတွင်း UN ကိုယ်စားလှယ် ယန်ဟီးလီရော၊ US လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးရော ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတာ မှတ်မိပါတယ်။ တိုင်ပင်များလာကြသလားလို့ ထင်ရတယ်။ ထင်မယ်ဆိုလည်း ထင်စရာပါ။ ကမ္ဘာမှာ ဆိုရော့က အင်မတန်သြဇာကြီးတယ်။ အဲဒီတုန်းက UNSG ကိုဖီအာနန်ကိုတောင် " Hi, Kofi" ဆိုပြီး စာခေါင်းတပ်ပြီး ရေးနိုင်အောင် ရင်းနှီးတယ်။ ဆိုရော့ရဲ့ တတိယမြောက် မင်္ဂလာဆောင်မှာ ဘိက်သိက္စကား ပြောရတာ ကိုဖီအာနန်ပါ။ အဲဒီ ခရီးစဉ်တုန်းကလာတဲ့ US လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဆိုလည်း အရင်က ဆိုရော့ထောက်ပံ့ထားတဲ့ HRW ( Asia Watch) m 31 monume:0111
ထောက်ပံ့ထားတဲ့အထဲမှာ RFA, DVB စတဲ့ အသံလွှင့် ဌာနတွေနဲ့၊ ပြည်ပရောက် မြန်မာသတင်းဌာနတွေ၊ တိုင်းရင်းသားလူမျိုးစုံ ဝက်ဘ်ဆိုက်တွေ၊ ပြည်တွင်း NGO တွေ၊ နိုင်ငံရေးသမားတွေ၊ လူငယ်ကျောင်းသားတွေ အစုံပါပဲ။ နိုင်ငံတကာမှာလည်း International Crisis Group လို သုတေသနဌာနတွေ၊ မီဒီယာကွန်ရက်တွေကို သြဇာညောင်းပါတယ်။ ဒီလောက်ဆိုရင် သူ့အစွမ်းကို သိလောက် ပြီထင်ပါတယ်။ ဒီလောက် သြဇာကြီးတဲ့သူက "သူဟာ ဟန်ဂေရီဂျူး ဖြစ်ပေမဲ့၊ ရိုဟင်ဂျာလည်း ဖြစ်ပါတယ်" လို့ ကြွေးကြော်ထားခဲ့လေတော့ ဒီကိစ္စမှာ သူ့ပယောဂ ဘယ်လောက်ရှိနိုင်မလဲဆိုတာ မှန်းကြည့် နိုင်ပါတယ်။

________________

၅။ အကျိုးစီးပွားများ။ အထက်မှာ တင်ပြခဲ့တဲ့အဖွဲ့တွေ ဒီကိစ္စမှာ ဝင်ပါလာတာ သူတို့အတွက် ဆိုင်ရာဆိုင်ရာ အကျိုးစီးပွားတွေ ရှိနေလို့ပါ။ OIC ကေတာ့ ရှင်းပါတယ်။ သူတို့ဘာသာဝင်တွေကို ကာကွယ်မယ်။ စောင့်ရှောက်မယ်။ လိုအပ်ရင် ဂျီဟတ်ဆင်နွှဲမယ်။ အခု သူတို့ဘာသာဝင်တွေ သိန်းနဲ့ချီပြီး ထွက်ပြေးလာကြ၊ ထောင်နဲ့ချီပြီး အသတ္ခံရ။ သောင်းနဲ့ချီပြီး အဓမ္မကျင့်ခံရ ဆိုတဲ့ သတင်းမျိုးတွေက လွှမ်းမိုးနေတော့ သူတို့ဘက်ကလည်း ရတဲ့နည်းနဲ့ တုန့်ပြန်ဖို့ ကြိုးစားမှာပဲ။ US ကေတာ့ တစ်ကြောင်းက လူ့အခွင့်အရေးဆိုတာနဲ့ လုပ်ကိုင်နေရတာဖြစ်သလို၊ နောက်တစ်ကြောင်းကလည်း တရုတ်ကို ထိန်းချုပ်ဖို့ မဟာဗျူဟာအကျိုးစီးပွားအတွက် မြန်မာက အရေးပါတယ်။ မြန်မာကို လှုပ်ခါနေအောင် လုပ်ထားရင်၊ တရုပ်လည်း သူ့နယ်စပ် ပင်လယ် ထွက်ပေါက်ကို အလြယ္တကူသုံးဖို့ ခက်သွားမှာပေါ့။ အခုတေလာ မတည်ငြိမ်တဲ့နေရာတွေကိုကြည့်ရင် တရုတ်က လမ်းဖောက်ချင်တဲ့ ရှမ်းမြောက်၊ မန္တလေး၊ ရခိုင်တစ်ကြော ဖြစ်နေတာတွေ့ရတော့ တိုက်ဆိုင်မှုမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ မြောက်ပိုင်း သုံးဖွဲ့ကလည်း ICJ က တပ္ကို အေရးယူမွာကို ထောက်ခံကြောင်း အင်္ဂလိပ်လိုပါ စာထုတ်တော့ ပိုပြီးစဉ်းစားစရာ ဖြစ်လာတယ်။ သူတို့ နောက်ကွယ်မှာ ဆရာကြီးက US နဲ့ အဆက်အသွယ်ရှိ တဲ့ KIA။ ပြီးတော့ ဖုန်ကျားရှင်ရဲ့ ကိုးကန့်-တိုင်ဝမ် မူးယစ် ဂိုဏ်းအဆက်အသွယ်။ တိုင်ဝမ်ဆိုတာက သိတဲ့အတိုင်း။ တရုတ်ဖြူခေတ် ကတည်းက ရွှေတြိဂံမှာ မူးယစ်ဆေးနဲ့ CIA ကို ချိတ်ဆက်ပြီး ဝင်ရှုပ်ခဲ့တာ ရွှေတြိဂံနယ်မြေမှ ဘီ $:G120wpoogp (Politics of Heroine in Southeast Asia) မွာ အသေးစိတ်ရှိပါတယ်။
________________

US မွာက နိုင်ငံရေးကရှုပ်တယ်။ အစိုးရကတစ်မျိုး၊ လွှတ်တော်နှစ်ရပ်က နှစ်မျိုး၊ CIA နဲ့ မမြင်ရတဲ့ Deep State ကိုယ်ပျောက် အစိုးရက ရှိသေးတယ်။ EU ကေတာ့ မြန်မာနဲ့ပတ်သက်ရင် အရင်က UK က အဓိက ဆရာကြီးပဲ။ UKကလည်း ကိုလိုနီ သခင်ကြီးစိတ်က မကုန်နိုင်သေးတော့ ပြောဖို့လိုမယ်မထင်ပါ။ အခုUK ထွက်ပေမယ့် အဓိက စီးပွားဖက် OIC ရေနံ နတ်ဘုရားတွေကို လြန်ဆန္ဖို့ ခက်ပါတယ်။ UNမှာလည်း ၅၇ နိုင်ငံအားက အတော်ကောင်းပါတယ်။ မဲအားရော၊ ငွေအားရောပါပဲ။ UN ဆိုတာကလည်း အလှူငွေနဲ့ ရပ်တည်ရတာပါ။ UN Agency 6ozco: donor 6ozni  os Ve$qom ဖြစ်လို့ သူတို့ကို မလွန်ဆန်နိုင်တာ မဆန်းပါ။ ကျန်တဲ့ INGO တွေလည်း အလားတူပါပဲ။ ဒါ့အပြင် NGO ဆိုတာ အကူအညီပေးရေးအဖွဲ့တွေ ဖြစ်တဲ့အတွက် အကူအညီလိုတဲ့နေရာတွေရှိနေမှ အလုပ်ဖြစ်တာပါ။ ဒီထက်ပိုပြောလို့ မကောင်းတော့ပါ။ ဒီကိစ္စမှာ အရေးအကြီးဆုံး ဇာတ်ကောင် တစ်ဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရ်ှရဲ့ အကျိုးစီးပွားကတော့ အားလုံးသိကြလို့ ထူးပြီး မပြောလိုတော့ပါဘူး။ သူ့မှာက မြန်မာကို တည့်တည့် ထိပ်တိုက် ရင်မဆိုင်တာ အကြောင်းနှစ်ချက် ရွိမယ္လို့ မှန်းဆမိပါတယ်။ တစ်ကြောင်းကတော့ မြန်မာကိုဖြတ်ပြီး တရုတ်နဲ့ ရွှေလမ်းငွေလမ်း ဖောက်ချင်တာ ဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ မြန်မာ့စစ်အင်အားကို ရှိန်တာလည်း ပါပါလိမ့်မယ်။ ဒါကြောင့် OIC ကို ရှေ့ကကာ ပြီး ပုဆိုးခြုံထဲကတော့ လက်သီးပြပြနေတာ တွေ့ရပါတယ်။

________________

၆။ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်များ။ လွတ်လပ်ရေးရကတည်းက ဘင်နိုင်ငံရေး လှုပ်ရှားသူတွေ လိုချင်ခဲ့တာ ကိုယ်ပိုင်နယ်မြေပါပဲ။ တချို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေလောက်ဆို ကျေနပ်တယ်။ တချို့က သီးခြားနိုင်ငံထောင်ဖို့၊ ဒါမှမဟုတ် အရှေ့ပါကစ္စတန်နဲ့ ပေါင်းဖို့။ တချို့က ရခိုင်တစ်ပြည်နယ်လုံး ဆွဲထည့်ပြီး အာရကန်ဒေ့ရှ် နိုင်ငံလုပ်ဖို့။ အမျိုးမျိုးကွဲပေမယ့် ကိုယ်ပိုင်နယ်မြေ လိုချင်တာကတော့ အတူတူပါပဲ။ အဲလိုရဖို့က ကိုယ်ပိုင်လူမျိုးလက္ခဏာ၊ အနည်းဆုံးတော့ သီးခြားလူမျိုးနာမည် သပ်သပ်လိုတယ်။ ဒါကြောင့် ရိုဟင်ဂျာဆိုတာ ဖန္တီးယူခဲ့တာ အားလုံးအသိပါ။ ၂၀၁၂ အရေးအခင်းဟာ ဒီအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အလွန်ကောင်းတဲ့ အခွင့်အရေးကြီး ဖြစ်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ARU ပေါ်လာပြီး ကမ္ဘာ့မျက်နှာစာမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာခဲ့တယ်။ Genocide ကိစ္စက အဲဒီကတည်းက ကြိတ်လုပ်နေကြပြီဖြစ်တယ်။ သမ္မတဦးသိန်းစိန်ကိုတောင် အေမရိကန္က တရားရုံးတစ်ခုမှာ တရားတက်စွဲခဲ့သေးတာပါ။ ဘာကြောင့် Genocide လုပ်ချင်တာလဲ ဆိုတော့ လူနည်းစုတစ်ခုရဲ့ နိုင်ငံရေး အခွင့်အရေးနဲ့ မိမိကိုယ္ကို ခုခံကာကွယ်ပိုင်ခွင့်အရ နိုင်ငံအစိုးရက တမင် လူမျိုးတုံး ဖိနှိပ်သတ်ဖြတ်ရင် ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့ နိုင်ငံတကာ ဥပေဒကို အသုံးချချင်တာပါ။ ၂၀၁၂ ပတ်ဝန်းကျင်မှာပဲ ဆော်ဒီကျောထောက်နောက်ခံ နဲ့ ARSA လောင်းလျာ ဖြစ်တဲ့ Faith group က စတင် သန္ဓေတည်နေပါပြီ။ ရိုအေရး နိုင်ငံတကာ ဆီမီနာတွေ၊ ကွန်ဖရင့်တွေလည်း ဟန်ဂေရီ ရို ဂျူးကြီးရဲ့ ထောက်ပံ့မှုနဲ့မပြ တ်တမ်း လုပ်လာကြပါတော့တယ်။

________________

၇။ ၂၀၁၆ မွာ အစိုးရသစ္က ရခိုင်ကော်မရှင်ဖွဲ့ပြီး မကြာခင် ARSA တိုက်ခိုက်မှု ပေါ်လာတော့တာပါပဲ။ တပ်ကရှင်းလိုက်လို့ တစ်ချီငြိမ်သွားပြီးတော့ ၂၀၁၇ မွာ ကိုဖီအာနန်အဖွဲ့ အစီရင်ခံစာတင်တဲ့နေ့ရဲ့ ညပိုင်းမှာပဲ အရင်တစ်ခါထက် ပိုကြီးတဲ့ အင်အားနဲ့ အတိုက်ခံရတော့တာပဲ။ ကျွန်တော်ပြောခဲ့သလို ဒါက စပေးဘော သက်သက်ပါ။ ဒီဘောလုံးကို တစ္ဘက္က ခပ်ပြင်းပြင်း ပြန်ပုတ်အောင် အကွက်ဆင် လိုက္တာပါ။ ဒီဘက်ကလည်း ပြန်လုပ်ရော အသင့်စောင့်နေတဲ့ ICG က ရက်တောင်မဆိုင်းဘူး၊ တပ္က ရွာတွေကို မီးရှို့နေပါတယ် ဆိုပြီး Google earth ဂြိုဟ်တုဓာတ်ပုံနဲ့ တင်လာတယ်။ Google earth ဂြိုဟ်တုဓာတ်ပုံဆိုတာ လူရွိတဲ့ မြို့တွေတောင် ၃လ တစ်ခါတောင်မှ Update လုပ္တာ မဟုတ္ဘူး။ သူတို့ဟာက ရက်တောင်မဆိုင်းဘဲ တက်လာတာဆိုတော့ တမင်စောင့်ကြည့်ပြီးလုပ်တာ သိသာလွန်းတယ်။ ICG က ပြောတာနဲ့ ချက်ချင်းပဲ HRW က ထအော်တော့တာပဲ။ CNN, BBC, Reuters ၊ နယူးယောက်တိုင်း၊ ဝါရှင်တန်ပိုစ့် စတဲ့ မီဒီယာ တွေကလည်း ချက်ချင်း ဆွမ်းကြီးလောင်းကြတာ ကြိုပြီးဇာတ်တိုက်ထားတဲ့ အတိုင်းပဲ။ ပြီးတာနဲ့ ဘင်တွေ တစ်သုတ်ပြီး တစ်သုတ်၊ အုပ်လိုက်ကြီး ဟိုဘက္ကို ရောက်လာကြတော့တာပဲ။ ဒီဘက်မှာတော့ အသတ္ခံ အတိုက်ခံရခိုင်ရွာသားတွေကို ရှာဖွေကယ်ဆယ်နေရတာနဲ့ တိုင်ပတ်နေချိန်မှာ ဟိုဘက်မှာတော့ ကောင်းကောင်းကြီး ဇာတ်နာအောင် ငိုချင်းချနေကြပြီပေါ့။ ဒီ 69M6o w$08:309,UN Fact Finding Mission (FFM)of International Impartial and Independent Machanism (IIIM) o oecolo: god အတိုင်း ICC, ICJ ဇာတ်လမ်းက ပေါ်လာတော့တာပါပဲ။

________________

၈။ ဒီ အဆင့်ကျတော့ နိုင်ငံရေးပါလာပြီ။ FFM က အစီရင်ခံစာ တင်ရာမှာ ငြိမ်းချမ်းမှုမရှိရင် ဒီမိုကေရစီ မရနိုင်၊ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီမရှိရင် နိုင်ငံမတိုးတက်နိုင် ဆိုပြီး၊ ဒီလိုမငြိမ်းချမ်းတာ မြန်မာစစ်တပ်ကြောင့် ဖြစ်တယ်။ မြန်မာစစ်တပ်က အခြေခံဥပဒေအရ သီးခြားရပ်တည်နိုင်တာကြောင့် ဘယ်သူမှဂရုမစိုက်ဘဲ လူနည်းစုတွေကို နှိပ်စက်သတ်ဖြတ် Genocide လုပ်နေတာကြောင့်ဖြစ်တယ်။ ဒါကြောင့် စစ္တပ္ကို နိုင်ငံရေးကဖယ်ထုတ်ပြီး အရပ်သားအစိုးရအောက် ပြန်ထားရမယ် ဆိုတာမျိုးတွေပါလာတယ်။ ဒါကေတာ့ OIC ရဲ့ အာဘော်ထက် အနောက်အုပ်စုရဲ့ လက်ရာ ဖြစ်ဖို့များမယ်ထင်တယ်။ ဘာဖြစ်ဖြစ်ဒီရည်ရွယ်ချက်တွေ
အောင်မြင်ဖို့ Genocide စြပြ္စဲခ်က္က မျဖစ္မေန လိုအပ်ချက်ပဲ။ ဒီအခ်က္ကို ပိုအားကောင်းအောင် KBC က အမေရိကန်သမ္မတနဲ့တွေ့ပြီး မြန်မာစစ်တပ်က လူနည်းစု ဘာသာဝင်တွေကို တမင် တိုက်ခိုက်နေပါတယ် လို့ပြောတာ။ AA က ရွာသားတွေ ဘာသာရေး အဆောက်အဦးတွေကို အကာအကွယ်ယူပြီး တိုက္တာ။ မြောက်သုံးကောင်အဖွဲ့က လမ်းပေါ်မှာ ကားတွေ ခရီးသည်တွေကို ဒိုင်းကာလုပ်ပြီး တပ်ကိုပစ်တာတွေနဲ့ ထောင်ချောက်ဆင်လာတာတွေ တွေ့ရမှာပါ။

________________

၉။ ICC နဲ့ ICJ အကြောင်း အသေးစိတ်တွေကိုတော့ ရေးတဲ့သူတွေများလို့ သိပ်မပြောလိုတော့ပါဘူး။ မူလက ICC ကိုတင်ဖို့ အားသန်ခဲ့ကြတာပါ။ ICC က လူတစ်ဦးချင်း တရားခံ ဖော်လို့ရတယ်။ ဒါပေမဲ့ မြန်မာက Rome Statue ကို လက်မှတ်ထိုးမထားတဲ့အတွက် ကံကောင်းသွားတယ်။ ဒါတောင် ရတဲ့နည်းနဲ့တွယ်ဖို့ ဘင်္ဂလားဒေ့ရ်ှဘက်ရောက်နေတဲ့ လူအုပ်ကြီးကိုပြပြီး လူရှိတဲ့နိုင်ငံက စွဲလို့ရတယ် ဆိုတာမျိုး လုပ္လာတာပါ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ လူအစုလိုက်သတ်မှု၊ လူမျိုးပြုတ်ရှင်းလင်းမှု၊ အုပ်ဖွဲ့ မုဒိမ်းမှု ဆိုတာတွေက သူတို့မြေပေါ်မှာ ဖြစ်တာမဟုတ်လို့ စြဲလို့မရဘူး။ ဒါကြောင့် ICC ရဲ့ စီရင်ခွင့်အာဏာမှာပါတဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ပြစ်မှု crime against humanity မွာ အကျုံးဝင်ပြီး ငြင်းရခက်တဲ့ အတင်းအကြပ် နှင်ထုတ်မှု forced deportation နဲ့ ဦးတည်စွဲလိမ့်မယ်လို့ ယူဆရတယ်။ ICC မွာ အားပျော့တော့ ICJ ဘက် လှည့်လာတာပါ။ ICJ ကေတာ့ နိုင်ငံချင်းဖြစ်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ UN ရဲ့ ထီးရိပ်အောက်မှာ ဖွဲ့ထားလို့ UN အဖွဲ့ဝင်ဆို ရှောင်လို့မရတဲ့ အားသာချက်ရှိတယ်။ အားနည်းချက်ကတော့ လူတွေကို တရားခံဖော်ပြီး ဖမ်းဆီး ထောင်ချလို့ မရဘူး။ ဒီလိုလုပ်ပါ ဆိုတာမျိုးပဲ ပြောလို့ရတယ်။ သူတို့ပြောသမျှ မလိုက္နာတဲ့ နိုင်ငံတွေလည်း အများကြီးပါ။ ဒါပေမဲ့ ICJ က ပြောထားပြီဆိုရင်တော့ UN ရဲ့သေဘာထား တရားဝင် ဖြစ်သွားပြီပေါ့။

________________

၁၀။ ICJ မွာ ဘာဖြစ်နိုင်သလဲ။ ဒီအမှုကိုကြည့်ရင် တဘက္က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တာ သိသာတယ်။ FFM/ IIIM report တွေ၊ ယန်ဟီးလီ အစီရင်ခံစာတွေ၊ ဝလုံးတို့ကို သက်သေခံဖို့ ကြိုထုတ်ထားတာတွေ၊ မြေပြင်ဆင်းစစ်ရင် အုပ်လိုက်ကြီးငိုပြမယ့် ဇာတ္တိုက္ထားတဲ့ သက်သေတွေ၊ တစ်ပုံကြီးရှိတာမို့ စြပြ္စဲသူဘက္က ဒူးနှံ့ပြီး စောင့်နေရုံပဲ။ တရားသူကြီးတွေ ကြည့်လိုက်တော့ စုစုပေါင်း ၁၅ ယောက်မှာ ကိုယ့်ဘက်ကို စာနာနိုင်မယ့်သူက တရုတ်၊ ရုရှားနဲ့ အိန္ဒိယ ၃ ယောက်ပဲ ပါတယ်။ က်န္တာက ဒေါက်ဖြုတ်မယ့်သူတွေပဲ များတယ်။ မီဒီယာအား၊ ငွေအား၊ နိုင်ငံရေးအားတွေ ပေါင်းထည့်လိုက်ရင် စဉ်းစားသာကြည့်တော့ပဲ။ ကိုယ့်ဘက်ကတော့ ဘာသက်သေအထောက်အထားတွေနဲ့ ဘယ္လို မဟာဗျူဟာနဲ့ ရင်ဆိုင်မလဲတော့ မသိရေသးပါ။ ဟိုဘက္က လုပ်ကြံသတင်းတွေ၊ ချဲ့ကားပြောဆိုမှုတွေ အများကြီးရှိတာကတော့ ဖော်ထုတ်လို့ ရနိုင်ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ ပြစ်မှုတွေ လုံးဝ မဖြစ်ခဲ့ဘူးလို့ပြောရင် တရားသူကြီးတွေက လက်ခံမှာလား ဆိုတာတော့ မေသခ်ာဘူး။ Genocide နဲ့ မငြိဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ အရပ်သားတွေကို တပ်ကပစ်တယ်၊ ရိုက်နှက် ညှဉ်းပမ်းတယ် ဆိုတဲ့ war ctime နဲ့ crime against humanityWood 3000:30 m' coqosa forced deportation စွပ်စွဲချက်တွေကတော့ လူတွေ သိန်းနဲ့ချီပြီး ဟိုဘက်ရောက်နေပြီး သင်ထားတဲ့အတိုင်း သက်သေထွက်ကြမှာဆိုတော့ လုံးလုံးကင်းရှင်းအောင် ငြင်းဖို့ ခက်လိမ့်မယ်လို့ ထင်တယ်။ တရားစီရင်တယ် ဆိုတာက အမှန်တရားဖော်ထုတ်တာထက် သက်သေများရာ အနိုင်ပေးရတာမျိုးဆိုတော့ ဒီလောက် ပုံအောပြီး အကွက်ဆင်ထားတဲ့အမှုကို ကွင်းလုံးကျွတ်ဖို့ ခဲယဉ်းလိမ့်မယ်လို့ ထင်မိပါတယ်။ Finding မွာ နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် စွဲချက်တွေနဲ့ ငြိပြီ ဆိုရင်တော့ ဆုံးဖြတ်ချက် Verdict က လာတော့မှာပဲ။

၁၁။ အဲဒီတော့ ဘာတွေ လာနိုင်မလဲ။ (၁) ဒီလူတွေကို လုံခြုံစွာ (safe zone) နဲ့ သိက္ခာရှိစွာ ( နိုင်ငံသား တစ်ခါတည်းပေးပြီး) ပြန်လာနိုင်အောင် လုပ်ပေးဖို့။ (၂) ပြန်လာတဲ့သူတွေကို လုံခြုံရေးတွေက မနှောက်ယှက် မဖိနှိပ်စေဖို့ (တ နဲ့ ရဲကို ဖယ္ထုတ္ထားဖို့) (၃) genocide/ war crime/crime against humanity milocosas om ဝန်ရှိသူတွေကို အေရးယူဖို့။ (၄) မြန်မာစစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားပြီး အရပ်သား အစိုးရအောက်ကိုထည့်ဖို့။ ဒါတွေက ဖြစ်နိုင်တာတွေ စဉ်းစားကြည့်တာပါ။ ကိုယ္က လိုက်မလုပ်ချင်လည်း ရပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ လာတော့မှာပေါ့။

၁၂။ နောက်ဆက်တွဲ အကျိုးဆက်။ နှစ်ပိုင်းခွဲကြည့်ရပါ မယ်။ ပထမတစ်ပိုင်းက genocide/ war crime/ crime against humanity millio$ as spo$8276 တွေကို အရေးယူဖို့ဖြစ်တယ်။ ICJ က ပုဂ္ဂလဒိဋ္ဌာန် အေရးယူ လို့မရဘူး။ ဒါကြောင့် ယူလို့ရတဲ့ တရားရုံးကို လွှဲပေးရမယ်။ အဲလိုလွှဲနိုင်ဖို့ ရုံးနှစ်မျိုးရှိတယ်။ တစ်မျိုးက အခုအမှုဖွင့်ထားတဲ့ ICC၊ နောက်တစ်မျိုးက အထူးကိစ္စအတွက် qod 08::ICT (International Criminal Tribunal)။ မြန်မာပြည်က ရိုးရိုး ICC ဝင် မဟုတ်တော့ အထူးနဲ့သွားဖို့များနိုင်တယ်။ ရိုးရိုးပဲဖြစ်ဖြစ် အထူးပဲဖြစ်ဖြစ် တိုက်ရိုက်လွှဲလို့တော့ မရဘူး။ UNလုံခြုံရေးကောင်စီကို ဖြတ်ရဦးမယ်။ နောက်တစ်ချက်က အထူး ICT ဖွဲ့ဖို့ကလည်း သက်ဆိုင်ရာနိုင်ငံက လက်ခံရမယ်။ အထူး ICT မှာလည်း ပုံစံနှစ်မျိုးရှိတယ်။ ကမ္ဘောဒီးယားက ခမာနီအမှုခုံရုံးလို ပြည်တွင်း၊ ပြည်ပ ဖက်စပ်တရားရုံးပုံစံနဲ့၊ ယူဂိုဆလပ် ဟောင်း ဆားဗီးယားသမ္မတ မီလိုဆီဗစ်တရားရုံးကို ပြည်ပတရားသူကြီးတွေချည်းပါတဲ့ တရားရုံးပုံစံပါ။ ဒါကလည်း လူတွင်ပါမှ နွားကို က်ားဆြဲလို့ ရတာပါ။ ကမ္ဘောဒီးယား Extraordinary Chambers in the Courts of Cambodia (ECCC) 07$:m op:Qaynesco UN ကဝင်ပြီး UNTAC နာမည်နဲ့ ကြားဖြတ်အုပ်ချုပ်နေတော့ သူတို့ထောက်ပံ့ခံပြီး သူတို့ပြုသမျှ နုရတဲ့ သေဘာပါ။ upao International Criminal Tribunal for the former Yugoslavia (ICTY) nomcom D69:18: စီးပွားရေး၊ နိုင်ငံရေး ဖိအားပေါင်းစုံ ပေးခံရတာ။ ကိုဆိုဗို စစြ္ပဲ အမည်ခံပြီး ဆားဗီးယားမြို့တော် ဘဲလ္ဂရိတ္ကို မဟာဗျူဟာမြောက် ဗုံးကြဲခြင်းဆိုပြီးတော့ ရေ၊ မီး၊ မိလ္လာစနစ်နဲ့ သယ်ပို့စနစ် အားလုံးကို ဖ်က်ဆီးပစ္တာ၊ စီးပွားရေးအရလည်း အကုန်ပိတ်ဆို့တော့ ပြည်သူတွေ နေလို့မရတော့ဘူး။ စစ်ရှုံးသမ္မတ ဆိုတော့လည်း လူတွေက မကျေနပ်တော့ဘဲ အနောက်အုပ်စုက မြှောက်ပေးတဲ့အတိုင်း လမ်းပေါ်ထွက် ဆန္ဒပြဆူပူအုံကြွကြဆိုတော့၊ ရာထူးပြုတ်သွားတဲ့ မီလိုဆီဗစ္ကို နောက်ဆုံးကျတော့ သူ့စစ်တပ်ကပဲ ပြန်ဖမ်းပေးလိုက်တာပါ။ အဲတော့ ICJ ကေန ICT အထိ ရောက်ဖို့က အဆင့် နှစ်ဆင့် ဖြတ်ရဦးမယ်။ ကိုယ့်လူမပါရင် အတင်းအကြပ် ဘာမွလုပ္လို့ မရဘူး ဆိုတာ သိဖို့ပါ။
________________

၁၃။ ဒုတိယအပိုင်းကတော့ ကျန်တဲ့အချက်တွေပါတဲ့ နိုင်ငံရေးအပိုင်းပါ။ အဲဒါကေတာ့ သူတို့အဓိကလိုချင်တဲ့ အရာပါ။ ဒါကို ရဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ရွေးကောက်ပွဲ၊ သဘောတရားရေး၊ မီဒီယာ၊ NGO၊ အဖျက်အမှောက်၊ အကြမ်းဖက်၊ ဘက္စုံ စစြ္ပဲ နည်းလမ်းမျိုးစုံကို ကျင့်သုံးပါလိမ့်မယ်။ အဓိကကေတာ့ တပ္ကို ပစ်မှတ်ထားပြီး အင်အားချည့်နဲ့အောင် လုပ်လိမ့်မယ်။ သူပုန်တွေ အင်အားကောင်းအောင် လုပ်မယ်။ အချင်းချင်း ကွဲအောင် လုပ်မယ်။ နွားကွဲမှ က်ားဆြဲလို့ ရမွာမို့လို့ပါ။ ဒီအပိုင်းကတော့ ပြောမယ်ဆိုရင် ဆုံးမွာမဟုတ္လို့ ကိုယ့်ဖာသာ ဒီတိုင်းပြည်မှာ ဘာဖြစ်နေတယ်ဆိုတာ စောင့်ကြည့်ရင် တွေ့ပါလိမ့်မယ် လို့ပဲ ပြောချင်ပါတယ်။
________________

၁၄။ နိဂုံး။ နောက်ဆုံးတင်ပြချင်တာကတော့ ဖြစ်စဉ် တစ္ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်ပြီး အပေါ်စီး holistic အမြင်နဲ့ ကြည့်ကြစေချင်ပါတယ်။ ခဲကျရာလိုက်ကိုက်တဲ့ ခွေးတွေလို မဟုတ်ဘဲ ခဲပေါက်သူကိုရှာပြီး ကာကွယ်တားဆီးနိုင်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ဒီအန္တရာယ်ကို ဘယ္လို ရင်ဆိုင်ကြမလဲဆိုတာ အမြော်အမြင်ရှိရှိ စဉ်းစားသုံးသပ် သင့်တယ်လို့ ပြောချင်ပါတယ်။ ကိုယ့်ဘက်က နိုင်ငံတကာ အဆင့်မှာ အားနည်းနေတယ်ဆိုတာ အမှန်ပါပဲ။ ဒါကို အားကောင်းလာအောင် ဘာလုပ်ကြမလဲ။ ဘယ္လို မဟာဗျူဟာအင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့မလဲ။ သံခင်းတမန်ခင်းအရ ဘယ္လို လှုပ်ရှားမလဲ။ မီဒီယာ တိုကြ္ပဲကို ဘယ်လိုနွှဲမလဲ။ ဖိအားအမျိုးမျိုးနဲ့ ကိုယ့် အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကို ထိပါးမလာအောင် ဘယ္လို အင်အား တည်ဆောက် ကာကြယ္မလဲ။ ပြည်တွင်းအားကို ရယူဖို့ ပြည်သူကို ဘယ္လို စည်းရုံးမလဲ။ ယိုယွင်းလာနေတဲ့ ပြည်တွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ္လို ပြန်လည် ကိုင်တွယ်ကုစားမလဲ။ ပေါ်လာနိုင်တဲ့ ပိတ်ဆို့မွု အမျိုးမျိုးကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားကြမလဲ။ စဉ်းစားပြင်ဆင်စရာတွေက အများကြီး ဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ဒီတိုင်းပြည်မှာ ခိုင်မာအားကောင်းတဲ့ ခေါင်းဆောင်မှုနဲ့ တောင့်တင်းတဲ့ နိုင်ငံအင်အားမရှိသရွေ့ အထိပါး အစော်ကား ခံနေရမယ်ဆိုတာ သိထားပြီး ကိုယ့်နိုင်ငံအတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးစားကြဖို့ တင်ပြချင်တာပဲ ဖြစ်ပါတယ်။

မြ - 
ဦးကိုကိုလှိုင်
နိုင်ငံတကာရေးရာ သုတေသီ

Via#Thet Oo