Saturday, July 24, 2021

မရေးလို့ မဖြစ်တော့ဖူး


- ကိုမျိုးဝင်းရေ
အန်တီလဲတိုက်ရိုက်ဝေဖန်ပါရစေ။
နစကအစိုးရရဲ့ရှေ့နေတော့မဟုတ်ပါဘူး။
အန်တီလဲမြင်းခြံသူပါ။
မြင်းခြံသူမို့ကိုယ့်မြို့သားအကြောင်းသိပါတယ်။

- တစတစနဲ့ကိုမျိုးဝင်းကတပ်ချုပ်ကြီးကိုအထင်သေးလာပြီ။

(ရိုးရိုးသားသား ပြောရရင် အထင်သေးတဲ့စိတ် မဖြစ်မိပါဘူး ဒါပေမယ့် အထင်မကြီးနိုင်သေးတာ သေချာပါတယ်)

- ကိုမျိုးဝင်းရေအခုဖြစ်နေတာက(၉၀%)လောက်ဖျက်သွားသူရဲ့ဆိုးမွေပါ။
စနစ်တကျနိုင်ငံသိမ်းနေကျသူများရဲ့အကွက်ချထားခဲ့မှုပါ။

(ဒါက ငြင်းစရာ မလိုပါဘူး) 

- တပ်ချုပ်ကြီးကမသိမရှိပါဘူး။အရင်သူတို့လက်ထက်ကလဲရေကြီးမြေပြိုရင်တပ်ချုပ်ကြီးကိုယ်တိုင်သွားခဲ့တာပါ။

(ဟုတ်မှာပါ မငြင်းပါဘူး ဒါနဲ့ ကျနော်တို့ ဝေဖန်တောင်းဆိုနေကြတဲ့ နစ်နာခဲ့တဲ့ အရပ်သား ပြည်သူတွေကို စာနာထောက်ထားကြောင်း စာတစောင် မထုတ်ပြန်နိုင်တာ လူရာသွင်းပြီး မိန့်ခွန်းလေ ဆယ်မိနစ်စာလောက်နဲ့ ဖြေသိမ့်မပေးနိုင်တာ ဘာကြောင့်ပါလဲ နစက လက်ထက်မှာ သူ့ကို ထောက်ခံခဲ့လို့ အသတ်ခံရသူတွေက လူတွေ ဘဝ တွေ မဟုတ်ဖူးလား မေးချင်ပါတယ်)  

- အခုကဌာနဆိုင်ရာအကုန်မှာဗကပဆဲလ်တွေစိမ့်ဝင်နေတာပါ။
ပြီးတော့ယုံကြည်လို့တာဝန်ပေးထားတဲ့ဝန်ကြီးတွေတစ်ဦးချင်းကတောင်သူတို့ဌာနသူတို့မနိုင်ပါဘူး။
နိုင်ငံတကာအထူးသဖြင့်၊ဆိုးရော့စ်အုပ်စုကခုထိလက်မလျော့သေးပါဘူး။
oic နိုင်ငံတွေကငွေအားနဲ့ဖိနေတာပါ။

(ဒါတွေက ကြုံတွေ့ရမယ့် အခက်အခဲတွေပါ ကျနော်ဝေဖန်တဲ့ အထဲမှာ အဲဒါတွေ လုံးဝ မပါ ရှိပါဘူး ပြန်ပြီးကြည့်ပါ မျိုးဝင်း ပို့စ် မဖျက်ပါဖူး) 
 
- ဖြစ်စေချင်တာက၊မိမိနိုင်ငံတကယ်ချစ်ရင်ကိုချိုကြီးတို့လိုဘယ်လိုကူညီရမလဲအဖြေရှာပေးပါလား။နာမည်ရနေတဲ့ကိုမျိုးဝင်းအခုရေးနေတာတွေကအပြုသဘောမဟုတ်တော့ဘဲအဖျက်သမားတွေအားပေးရာရောက်နေပါပြီ။

(ကိုချိုကြီး လုပ်ဆောင်ချက်ကို လေးစားပါတယ် ပြောစရာ မရှိပါဘူး ။ ကျနော်ရေးနေတာ အဖျက်သဘောဆိုတော့ တချက်ခြင်း ပြန်ပြောစမ်းပါ

- တပ်မတော်ဖြိုခွဲရေး တလုံးပါနေသလား ..?

- ပြည်ပအားပေး တလုံးပါသလား.. ?

- ပြည်ဖျက် NLD  NUG PDF GZ အားပေးထားတာ တလုံးတ​လေပါ​နေသလား ?)

- ပြန်ဆင်ခြင်သုံးသပ်ကြည့်ပါ။
ကိုမျိုးဝင်းကိုသံယောင်လိုက်ပြီးတပ်ချုပ်ကြီးကိုစေတနာထားသလိုနဲ့နှိမ်ချကဲ့ရဲ့နေကြသလိုဖြစ်လာနေပါပြီ။

(ခင်ဗျားက ကျနော့်ကို ပြောချင် ပြောလို့ ရပါတယ် ကျနော့်သံယောင်လိုက်ပြီး တပ်ချုပ်ကြီးကို နှိမ့်ချကဲ့ရဲ့တယ် ပြောနေရအောင် ကျနော့်မိတ်ဆွေက အသိဥာဏ်မရှိသူတွေလား ဗျ ။ အဲဒါ ခင်ဗျားတို့လို တဖက်ပိတ် အပိန်းတွေ မဟုတ်ဖူး မြေပြင်လက်ရှိ အမှန်တရားကို ကိုယ်တွေ့ ခံစားနေရတဲ့ ပင်ကိုယ် ​အသိဥာဏ်ရှိတဲ့ တပ်မတော်ထောက်ခံသူတွေ ချည်းပဲဗျ) 

- မှန်တယ်ထင်တိုင်း၊သီးခံတယ်ဆိုတိုင်းတော့ခေါင်းပေါ်မတက်ပါရန်မေတ္တာရပ်ခံပါတယ်။

(အချက်အလက် အထောက်အထား နဲ့ ပြုပြင်စေချင်လို့ ဝေဖန်တာကို ခေါင်းပေါ် တက်သတဲ့လား ကျုပ်ရေးသမျှထဲမှာ သူများတွေ ရေးသလို မအလ ဆိုပြီး စော်ကားမရေးခဲ့သလို မင်းအောင်လှိုင်လို့ တောင် မရေးဖူးသေးဖူး တပ်ချုပ်ကြီးလို့ပဲ ရေးတတ်ပါတယ်) 

- အရင်ခေတ်က(ခင်ဗျား)လို့ပြောတာတောင်အောက်ကလူတွေကမျက်နှာအားရဖမ်းခဲ့ကြတာပါ။

(အဲဒါ သူတို့သမိုင်း လေ ၊ ကျောင်းတော်ရန်စ ကိစ္စတွေပါ ကျနော်တို့နဲ့ မဆိုင်ပါဘူး) 

- အခုကိုမျိုးဝင်းတို့ရေးသမျှဘယ်အောက်ခြေဝန်ထမ်း၊တပ်ကအရာရှိကအစအရေးမယူကြပါဘူး။

(သြော် အရေးယူရအောင် ကျနော်က မဟုတ်မဟတ် လုပ်ကြံ အပုပ်ချနေတာတွေ ရေးနေလို့လား ၊ အရပ်သားတွေ အသတ်ခံရတာ ရေးတယ် မဟုတ်ဖူးလား?
ပြတ်ပြတ်သားသား အရေးမယူလို့ ဝေဖန်တယ် မဟုတ်ဖူးလား မှားနေသလား ၊ တပ်ချုပ်ကြီးကို ဆဲဆိုနေတဲ့ သူတွေ အများကြီးကို ခင်ဗျား ပြောတာ မတွေ့ရဖူးနော်) 

- အရင်ခေတ်ဆိုပုဒ်မတစ်ခုခုနဲ့အဖမ်းခံနေရလောက်ပါပြီ။

(NLD ဆိုရင် ကျုပ်က ထိပ်ဆုံးကနေ အောက်ဆုံးထိ နာမည်တပ်ပြီး ဒီထက်အဆပေါင်းများစွာ ဝေဖန်ခဲ့တာ ခင်ဗျား မသိတာလား နားမလည်ဖူး) 

- ကိုမျိုးဝင်းကတပ်ချုပ်ကြီးကိုရဲရဲတင်းတင်းဝေဖန်တော့၊အန်တီကလဲပြန်သုံးသပ်ပြရတာပါ။

(ကြိုက်သလိုပြော ကျုပ်လည်း ပြောသင့်တဲ့ ကိစ္စ ပြောသင့်တဲ့ အချိန် ရေးနေမှာပဲ) 

- တကယ်ကတာဝန်ယူထားကြတဲ့ဝန်ကြီးဌာနတွေရဲ့လုပ်ရပ်အားနည်းချက်ကိုအရင်ထောက်ပြပြီး၊ဘယ်လိုလုပ်ရင်ကောင်းမလဲလို့အကြံပြုရမှာပါ။

(ရီစရာပဲ ဗျ ကျုပ်ဝေဖန်မှု ရေးတိုင်း အကြံပြုချက်တွေ ထည့်ရေးနေကြလေ ဘာလာပြောနေတာလဲ) 

- သူတို့ကမပြုပြင်ရင်၊တစ်ဆင့်တက်ပြီးမှတပ်ချုပ်ကြီးဆီတိုက်ရိုက်အကြံပြုရမှာပါ။
အပြုသဘောအကြံပြုလို့မရမှသာဝေဖန်ရမှာပါ။
နစကအစိုးရတက်တာကအခုမှ(၁-၂-၂၁ကနေ၊(၁၈-၂၁အထိ=၆လဘဲရှိသေးတာလဲသတိပြုပေးပါ။

(လွယ်တာဗျာ တိုက်ရိုက်အကြံပြုတဲ့ အင်း ဒီထိုင်ခုံကို ဝန်းရံရရင် ဒီလေသံ ဖြစ်ဖြစ်သွားတာ ထုံးစံခါး မသိဖူး) 

- ခုကကိုမျိုးဝင်းကအဆင့်ကျော်နေပါပြီ။
အန်တီကအဆင်မပြေတာရှိရင်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကိုတ်ုက်ရိုက်မိမိလိပ်စာပါပေးပြီးစာပို့ပါတယ်။

(ဘယ်လို အဆင့်ကျော်တာပါလည်း ၊ ၂၀၀၈ ခြေ / ဥ အရ ပြည်သူတဦးက လွတ်လပ်စွာ ထုတ်ဖော်ဝေဖန်ခွင့် မရှိဖူးလား ၊ အဆင့်ကျော်တယ်ဆိုတာ မဟုတ်မဟပ်မမှန် လုပ်ကြံရေးသားသူကို ပြောသင့်တဲ့ စကားပါ ၊ ခင်ဗျား လမ်းကြောင်းနဲ့ ခင်ဗျားသွားတာ ခင်ဗျားသဘော ကျနော်လည်း ကျနော်အတွက် လွယ်ကူ အဆင်ပြေတဲ့ လမ်းကနေ သွားနေရတာ ဖြစ်လို့ ငါ့လမ်းအတိုင်း လိုက်ခဲ့ပါလို့ ဇွတ်မပြောပါနဲ့) 

- လိုင်းပေါ်ကနေမိမိအကြီးအကဲကိုရန်သူသဘောကျအောင်မလုပ်ပါဘူး။

(ကျုပ်ရေးသမျှမှာ တိုင်းပြည်အဖျက်သမား သဘောကျအောင် ရေးနေတာ တချက်မှ မပါဘူး ၊ ပြည်သူတွေရဲ့ ခံစားချက် ၊ နစ်နာဆုံးရှုံးမှု တွေ အတွက် ရေးနေတာပဲ ပါတယ် ၊ ရေးသမျှ ရည်ရွယ်ချက်ဟာ ပြည်သူ့အတွက် လုပ်ဆောင်သင့်တာ မှန်သမျှ အလျှင်မြန်ဆုံး ဆောင်ရွက်နိုင်စေဖို့သာ ရည်ရွယ်တယ်) 

         ဒါက မြင်းခြံသူ ဒေါ်တင်တင်အုံး ကျနော့်အမည်နဲ့ တင်ထားတဲ့ ပို့စ် ပါ ။ သူ့ထဲမှာ မန့်ပြီးတာ နဲ့ ပြီးပါပြီ ဆိုကာ ဒီအတိုင်း နေခဲ့ပါတယ် ။ 

     နောက်တယောက် ကိုယ့်ထဲမှာ fri ဖြစ်နေတဲ့ မင်းဒဿ အကောင့်ကနေ ထပ်ပြီး ကော်ပီတင်တယ် ၊ ကျနော် အနီဖက်က ဒေါ်လာစားပြီး ရေးနေသလိုလို ဘာလိုလို မန့်တွေ ဘာတွေ လုပ်ထားလို့ အခုလို ပြန်ရေးတာပါ ။ 

      ခက်တော့ခက်သားပဲ မျိုးဝင်း အတုတဲ့ ၊ အခုရေးနေတာ အဆဲတွေ ပါတယ် တဲ့ ။ သူ့ကို ဝေဖန်ရင် မခံနိုင်ဖြစ်နေသတဲ့ ၊ လူပိန်းကြိုက်တွေ ရေးနေသတဲ့ ၊ သမိုင်းကြောင်း နားမလည်ဖူး တဲ့ ၊ သူတို့ထဲက မန့်တွေ တွေ့နေရတာပါ ။ ကိုယ်နဲ့ fri ဖြစ်နေတဲ့သူက အရပ်သားကတော့ ငွေရရင် ဟောင်မှာပဲ လို့တောင် မန့်နေလေရဲ့ ။ 

     အဲဒါတွေကြောင့် ပြန်ပြီး ရေးလိုက်တာပါ ။ ကျနော်ဆဲပါတယ် ၊ ဘာသာ သာသနာ နဲ့ သံဃာတွေကို မိုက်မိုက်ရိုင်းရိုင်း စော်ကားနေတဲ့ အနီတွေကို ပိုးစိုးပက်စက် အကောင့်ကျခံပြီး ပြန်ဆဲတဲ့ ပို့စ် သုံးပုဒ် ၊ နောက် ပြည်သူတွေက အောက်ဆီဂျင် မရလို့ သေချင်းဆိုးနဲ့ သေနေကြချိန်မှာ ပြန်ကြားရေးကနေ အောက်ဆီဂျင်တွေ ဆယ်လစာ လုံလောက်ပြီ ၊ Q စင်တာတွေ ဖွင့်ပြီး ကုပေးနေပြီနဲ့ မဟားဒရား လိမ်နေလို့ ဆဲမိပါတယ် ။ 

     ကဲ လူယဥ်ကျေးကြီးများကို မေးချင်ပါတယ် ။ ခင်ဗျားတို့ သံဃာတွေ အစော်ကားခံရတော့ ပို့စ် ဘယ်လောက်တင်ပြီး အချက်ကျကျ ထိထိရောက်ရောက် တုန့်ပြန်ခဲ့​ပါသလဲ ။ 

       NLD လျှမ်းလျှမ်းတောက် ဖြစ်ချိန်မှာ တပ်မတော်ဖက်ကနေ ဘာတွေ ထိထိရောက်ရောက် ကာကွယ်ရေးသားခဲ့ပါသလဲ ။

       အာဏာမသိမ်းခင်မှာ အားမလို အားမရဖြစ်ပြီး စိတ်ပျက်ဒေါသထွက်နေသူတွေကို ဘယ်လို ဖြေသိမ့်မှုတွေ ပေးပြီး တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဆက်လက်အားပေး ဝန်းရံကြဖို့ အားထုတ်ခဲ့ကြပါသလဲ ။

         အာဏာသိမ်းဖြစ်စဥ်အပေါ် တပ်မတော်ရဲ့ ဆောင်ရွက်မှုတွေအား နားလည်နိုင်ကြစေဖို့ စေ့စပ်ပေးတဲ့ ပို့စ် ဘယ်လောက်များများ ရေးခဲ့ကြပါသလဲ ။ 

       တကယ့်လူတွေပါပဲ ဗျာ ။ ဘောအလွန်မတို့ရေ ခင်ဗျားတို့ နဲ့ မိတ်ဆွေ ဖြစ်နေရတာတောင် ကျက်သရေတုံးသလို ခံစားရပြီ ။
ကျုပ်ကို block သွားကြပါတော့ ဗျာ ။ ကျုပ် block ရင် မျိုးဝင်းက သူ့ကို ဝေဖန်လို့ block တယ် ဖြစ်နေအုံးမယ် ။ 

     ခင်ဗျားတို့ စွတ်စွဲသလို မျိုးဝင်းက ဆရာကြီး ဂိုက်နဲ့ ရေးနေတာ တလုံးမှ မပါ ပါဘူး ။ 
(ငယ်ဘဝ ဇာတ်ကြောင်းမှာ ကိုစောက်သုံးမကျတာတွေ ညံ့ဖျင်းတာတွေ ညစ်ပတ်တာတွေ အကုန်ထည့်ရေးထားတာ အလကားမဟုတ်ဖူး သူလိုကိုယ်လို သာမန်လူပါလို့ ပြောပြထားတာ ပါ)

         ရေးထားခဲ့တာတွေ ကြိုက်ခြင်း မကြိုက်ခြင်း လက်ခံခြင်း လက်မခံခြင်းက ခင်ဗျားတို့ သဘောလေဗျာ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေလေ ဘာမှ မဖြစ်ပါဖူး ။ 

       အနီဖက်ကူးပြီလား ငွေနောက်လိုက်ပြီလား နဲ့ စောက်ရူးထနေတာတွေ တော်ရုံကောင်းပါမယ် ။ ရန်သူမမွေးချင်ပါ နဲ့ ။ ကျနော်ဝေဖန်တဲ့ ကဏ္ဍတွေက

၁ ။ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ နဲ့ အရပ်သားတွေ အသတ်ခံနေဏတဲ့ ပြဿနာ ခြောက်လအထိ ရှင်းမပေးနိုင်သေးတဲ့ စီမံခန့်ခွဲ မှု 

၂ ။ အချောင်အသတ်ခံ ဘဝပျက်ခံရသူ အရပ်သားတွေ အပေါ် တပ်ချုပ်ကြီးကိုယ်တိုင် စာနာထောက်ထားကြောင်း လုံးဝ မပြသေးတဲ့ ကိစ္စ

၃ ။ Q စင်တာ နဲ့ အောက်ဆီဂျင် ပြဿနာကို ပြည်သူအား လိမ်လည် ကြေညာနေမှု 

(မလောက်ငှတဲ့ ပြဿနာ ၊ သေဆုံးတဲ့ ပြဿနာ သည် ရုတ်ချည်း ​ဖြေရှင်းဖို့ အခက်အခဲတွေ ရှိမှန်းသိလို့ လုံးဝ မဝေဖန်ပါဘူး လိမ်ညာတာကို မခံစားနိုင်လို့ ရေးပါတယ်) 

        ကျနော်မှာ အရောင်အသွေး မရှိပါဖူး ။ သာမန် ပြည်သူဖြစ်တဲ့ အတွက် ပြည်သူဖက်ကပဲ ရပ်တည်မှာပါ ။ နီပိန်းပြည်သူတော့ မဟုတ်ဖူး ဘောအလွန်မ မဟုတ်တဲ့ တပ်မတော်ထောက်ခံသူတွေ ကို ရည်ညွှန်းတာပါ ။ 

         တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကို ထောက်ခံတာ နဲ့ လူပုဂ္ဂိုလ်ကို ထောက်ခံတာ ခွဲခြားနိုင်ပါစေ ။ လုပ်ရပ် နဲ့ ရလာဒ် ကို ဆွေမျိုးစပ်ပြီး ဝေဖန်တတ်ပါစေ ။ 

       နီပိန်း စိမ်းပိန်း အတူတူလား တွေးစရာ ဖြစ်နေတဲ့ 

       မျိုးဝင်း