Monday, July 26, 2021

#သူတိုယုတ်မာခဲ့လေသည်


#ဆူပူအကြမ်းဖက်သမားများကိုကြိုးဆွဲခိုင်းစေ
#CDMဆိုသည့်ရဲ့နောက်ကွယ်က
လူသတ်သမား 
သမိုင်းရဲ့ အဓိက တရားခံ
============
#သူတိုယုတ်မာခဲ့လေသည်

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းက စ ပြီး အစိုးရ၊ ပုဂ္ဂလိကဝန်ထမ်းတွေကို CDM ခိုင်းခဲ့ကြရာမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ပိုများခဲ့တယ်။ ဆေးရုံပေါင်းများစွာ ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်။
..
အလုပ်ဆင်းသူကို Social Punishment လုပ်ကြတယ်။ အရှက်ခွဲကြတယ်။ ဆေးရုံတွေ ပြန်ဖွင့်ဖိုလုပ်လျင် တားမြစ်ခဲ့ကြတယ်၊ မနေနိုင်လို ဆေးကုပေးနေတဲ့ ဆရာဝန်ကို ဝိုင်းဝန်း ရန်ရှာခဲ့ကြတယ်။
..
ဆေးရုံတွေက ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ဖျက်လိုဖျက်ဆီးတွေလည်း လုပ်ခဲ့ကြတယ်။ အဲ့ဒိအထဲမှာ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ ယုတ်မာသူတွေ လုပ်ရပ်ဟာ ပေါ်လွင်လာတယ်။
..
မန္တလေး ဗဟို အမျိုးသမီးဆေးရုံမှာ အများပြည်သူ စေတနာရှင်တွေ လှူဒါန်းထားတဲ့ သွေးအိပ်ပေါင်း ၇၀၀ ကျော်ကို CDM လုပ်တယ်ဆိုပြီး ပိတ်သွားတဲ့အခါ သွေးအိပ်တွေ အကုန်ပုတ်ကုန်တယ်။
..
အဲ့ဒိဆေးရုံမှာပဲ အထွေထွေဝန်ထမ်းက ဆေးရုံမှာ သေဆုံးခဲ့တဲ့ မွေးကင်းစ ကလေးအလောင်းတွေကို သင်္ဂြီုလ်ဖို ငွေကြေးတွေ ယူထားပြီး မသင်္ဂြီုလ်ပဲ CDM လုပ်သွားခဲ့တယ်။
..
ကလေးအလောင်းတွေကို ဖြစ်သလို ထားခဲ့လို အပုတ်နံ့ထွက်လာမှ တာဝန်ရှိသူတွေက ရှာဖွေလို တွေ့လာရပြီး ကလေးအလောင်း ၁၂၆ လောင်းကိုသင်္ဂြီုလ်ပေးခဲ့ရတယ်။
..
ဟားခါးမှာလည်း CDM လုပ်တယ်ဆိုပီး ဆေးရုံကိုပိတ်ထားခဲ့တာ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးချိန်မှာ သွေးတွေ ပုတ်ကုန်လို အကုန် မြေမြှုပ် သန့်ရှင်းရေးလုပ်ခဲ့ရတယ်။
..
အရေးပေါ် လိုအပ်တဲ့ သွေးအတွက် တပ်၊ ရဲ ၁၄ ဦးထံကနေ ယူပြီး ကုသမှုတွေပေးခဲ့ရတယ်။ ဆက်လက်ရှာဖွေမှုအရ တစ်ချိုပစ္စည်းတွေကို ဖျက်ဆီးသွားကြတာတွေပါ တွေ့ခဲ့ရတယ်။
..
တာချီလိတ်မှာဆိုလျင် ကျောက်ကပ်ဆေးသော စက်က Software ကို ဖျက်ဆီးသွားလို စက်ကို အသုံးမပြုနိုင် ဖြစ်ခဲ့ရတယ်။ ကလောမှာ အောက်စီဂျင်ပေးတဲ့စက် အဓိကကျတဲ့ ပစ္စည်းမရှိလို မနည်းပြန်ရှာ ထည့်ရတယ်။
..
တစ်ချိုတွေက မဟုတ်ဘူး ခံ ငြင်းကြမယ်။ ကာယကံရှင်တွေ အသိဆုံးပါပဲ။ အစောပိုင်းက ကိုဗစ်ရောဂါ ကာကွယ်ဆေး Cold Chain ကိုတောင် ဖျက်လိုဖျက်ဆီး လုပ်ခဲ့ပြီး ဂုဏ်ယူ ဝံ့ကြွားခဲ့ကြတယ်။
..
အခုလည်း အောက်စီဂျင်နဲ့ဆိုင်သော ဆက်စပ်ပစ္စည်းတွေကို သော့တွေခတ် သိမ်းထားခဲ့ကြတာ သက်ဆိုင်ရာက ပြန်လည်ရှာဖွေရာမှ ပြန်ထွက်လာတာတွေ အများကြီးပဲ။
..
ကျန်ခဲ့တဲ့ ဆေးဘက်ဝန်ထမ်းတွေက သိသူလည်းရှိတယ် မသိသူလည်း ရှိကြတယ်။ သိသူကလည်း သိကြောင်း မပြောရဲဘူး။ CDM ဝန်ထမ်းတွေက SP အလုပ်ခံရမှာ လက်ထောက်ချ ခံရမှာ ကြောက်နေလို မပြောရဲကြဘူး။
..
ဒါတွေဟာ ဘယ်နှစ်လအတွင်း ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ် ယူအင်န်တပ်ကြီး ဝင်လာပြီဆိုတဲ့ ကောလာဟလတွေကို ယုံကြည်ပြီး ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေပါပဲ။
..
အများပြည်သူ လှူဒါန်းခဲ့တဲ့ သွေးတွေ၊ အောက်စီဂျင်ပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့ကြတာ အတော်လေး အံ့သြစရာကောင်းလှပါတယ်။ ပြောစရာစကားမရှိအောင် ဖြစ်ရပါတယ်။
..
ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေဟာ သမိုင်းတွေပါပဲ။
#Crd Arina May

voice of James Mint
ပြန်လည်ကူးယူဖေါ်ပြပါသည်။



Related Posts:

  • တစ်နိူင်ငံလုံးနီးပါးငလျှင်လှုပ်သွားလို့မင်းပြောင်းမင်းလွှဲဖြစ်မလားဆိုပြီးဖုန်းဆက်မေးလာကြတဲ့မိတ်ဆွေတို့ရေ။29.7.2021.(3း10) pmငလျှင်လူပ်ဇာတာကြည့်ပြီးပါပြီ။ဆရာထမင်းစားဖိတ်ကျွေးခံရမှာကြောက်သဖြင့်ရေးလို့ရသလောက်ပဲရေးပါမည်။စိတ်ချ(..)ဘယ်တော့မှပြန်မလာပါ။တပ်မတော်သည်သာ.ဘုန်း… Read More
  • #လိုင်ဇာထိုးစစ်အခြေအနေ29-7-2021အထွေထွေထိုးစစ်ဝင်မယ့်အကြောင်း မကြေညာခင် အချိန်ကတည်းက နစကတပ်တွေဟာ လိုင်ဇာရှေ့တည့်တည့် ခယော့ဘွမ်တောင်စခန်းမှာ အခိုင်အမာတပ်ဆွဲပြီး ဖြစ်ပါတယ်။ ဒေါ့ဖုန်းယန်ကနေ ခယော့ဘွမ်အထိ ရိက္ခာထောက်လမ်းကြောင်း ဖွင့်ပြီးနောက်မှာ ယခင် စစ… Read More
  • တာ၀န်ယူတာ (၆)လကြာပြီ☆ကျွန်​တော့်ရဲ့ လက်​တွေ့ဘ၀ အ​တွေ့အကြုံအရ တပ်မ​တော်   အား နိုင်ငံ​တော်အာဏာကို တာ၀န်ယူ​  ဆောင်ရွက်​စေ ခြင်းသည် လွန်စွာပင်မှားယွင်း​သော ကိစ္စရပ်ဖြစ်သည်ဟု ယူဆမိ၊☆အဘယ့်​ကြောင့်ဆို​သော် နိုင်ငံ​တော် အာဏာ အား တပ်မ​တော်အ​နေဖြင့် ၁၉၆၂… Read More
  • မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်က မွေးပြီး ဗိုလ်ချုပ်ရဲ့သွေးမပါတာဒေါ်စုဆိုတဲ့အမျိုးသမီးပဲရှိမယ်ထင်ပါတယ်ဗိုလ်ချုပ်သမီးပါဆိုပြီး ဘယ်တုန်းကမှလည်းကျုပ် သူ့ကို အထင်မကြီးခဲ့ဖူးဘူးသူ့အဆင့်က Entertainerပဲဒီထက်ပိုပြီး ဘာမှစောက်သုံးမကျဘူးဗိုလ်ချုပ်ဆိုတဲ့ ရာထူးကြီးပိုင်းကမွေးလာတဲ့သားသမီးတိုင်းကိုလည်း… Read More
  • တရုပ်ရဲ့ နန်ဂျင်းနဲ့ ယူနန်မှာ Delta variant ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာပြီလို့ဆိုတယ်၊ဝူဟန်နောက်ပိုင်း ကိုဗစ်ကိုတရုတ်အနေနဲ့သတိထားရမဲ့အချိန်ဖြစ်ပြီလို့ ပညာရှင်တွေကဆိုကြပြီး၊ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင်ကိုဗစ်ကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်ပါတယ်၊(၇) လတာကာလအတွင်း တရုတ်ဟာ ကိုဗစ်ကိုကောင်းကောင်းထိမ်းချုပ်နိုင်ရာကနေdel… Read More