Sunday, July 25, 2021

ICJ နဲ့ မြန်မာ


        ပထမဆုံး မြန်မာ နဲ့ ICJ စတွေတာက ၂၀၁၉ ဒီဇင်ဘာလထဲမှာ ဖြစ်ပါတယ် ။ ထူးခြားချက်က တရားစွဲတဲ့ ဂမ်ဘီယာ ဆိုတဲ့ ပိစိညှောင့်တောက် နိုင်ငံလေး က NLD လက်ထက်မှပဲ မြန်မာနဲ့ သံတမန် ချိတ်ထားတဲ့ နိုင်ငံဖြစ်နေတာပါ ပဲ ။ 

      ဒေါ်စုကြည်ဟာ ထူးခြားစွာပဲ တရားစွဲခံခြင်း အပေါ် လှိုက်လှဲစွာ ကြိုဆိုထောက်ခံပြီး နိုင်ငံတကာ ရှေ့နေငှားထားပြီးကြောင်း ထကြေညာပါတယ် ။ အံ့သြစရာကောင်းတာက အရပ်ထဲက မုဒိန်းမှုတောင် အဲသလောက် မြန်မြန် ရှေ့နေ မငှားနိုင်ကြပါဘူး စုံစမ်းမေးမြန်း အချိန်ယူကြရတာကိုး ။ 

      ဒေါ်စုကြည် ကိုယ်တိုင် မလိုအပ်ပဲ ICJ သွားပြီး တရားရင်ဆိုင်တဲ့ အနေအထားက ခွက်ခွက်လန်အောင် ရှုံးခဲ့တာပါပဲ ။ တမင်ရှုံးအောင် ထွက်ဆိုခဲ့တာလို့ မြန်မာက ကိုယ်စားပြု တရုတ်တရားသူကြီးက ဝေဖန်လေရဲ့ ။ 

      ဒေါ်စုကြည် ရှုံးခဲ့ရတဲ့ အဆင့်က နှုတ်တိုက် လျှောက်ထားရတဲ့ တရားစွဲသင့် မစွဲသင့် ပမာဏ အဆင့်ပဲ ရှိပါသေးတယ် ။ မြန်မာပြည် ကံကောင်းတာက ဒေါ်စုကြည်ကို တပ်မတော်က ဖမ်းဆီးထိမ်းသိမ်းလိုက်လို့ နောက်ထပ် ဖန်တီးထားတဲ့ အချက်တွေနဲ့ တိုင်းပြည်ကို ယုတ်မာခွင့် မရလိုက်တော့တာပဲ ဖြစ်ပါတယ် ။ 

  -    ယခု နောက်တဆင့်က နစက လက်ထဲရောက်မှ စလာပါတယ် ။သူက မြန်မာကို လူမျိုးသုန်းသတ်​တြ်မှု နဲ့ တရားစွဲသင့်ကြောင်း( memorial) ဦးစွာ 
တင်တဲ့ အဆင့်ပါ ။  

       ဒီတော့ မြန်မာ အနေနဲ့ တန်ပြန် အနေနဲ့ တရားမစွဲသင့်ကြောင်း တင်ပြကြရပါတယ် ။ လှုပ်ရှားမှု အနေနဲ့ ကြားဖြတ် ကန့်ကွက်လွှာ preliminary objection ကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ တင်ထားတာ ရှိခဲ့လို့ နစက အနေနဲ့ အဲဒါကို စတင် အက်ရှင်ယူကြပါတယ် ။ 

     ဂမ်ဘီယာရဲ တရားစွဲဆ်ုမှုဟာ အခြေအမြစ်မရှိကြောင်း ပေါ့ဗျာ ။ အဲဒါကို ဂမ်ဘီယာကလည်း တရားစွဲသင့်ကြောင်း ၂၀၂၁ ဧပြီလ မှာ ထပ်တင်ကြပါတယ် ။

         မြန်မာရဲ့ ကန့်ကွက်လွှာအတွက် ခြောက်လအတွင်း အကြောင်းပြန်ရမှာ ဖြစ်ပေမယ့် ICJ က နစက ကို ပေးရမှာလား NUG လို လေထဲက အစိုးရကို ပေးရမှာလား ဆိုပြီး ဖအေလွဲနေလို့ ဇူလှိုင်လဝက်ကြမှ နစက ကို ပေးပို့လာပါတယ် ။ 

        သတ်မှတ်ကာလ ဇူလှိုင် ၂၃ ရက်နေ့ဟာ အကျုံးမဝင်ဖူးလို့ ယူဆကြလို့လား မသိပါဘူး ၊ နစက အနေနဲ့ မသွားကြပါဘူး ။ 
ထူးခြားတာက တရားလို ဂမ်ဘီယာလည်း မလာပါဘူး တဲ့ ။ 

       ဂမ်ဘီယာ မလာတာက သူနဲ့လက်ဝါးခြင်း ရိုက်ထားတဲ့ ဒေါ်စုကြည် မရှိတော့လို့လား ဆိုတာကလည်း တွေးတောရမယ့် အချက်ဖြစ်ပါတယ် ။ 

       ICJ ဆုံးဖြတ်ချက် ချတာကို မလိုက်နာရင်လည်း သူ့မှာ ပြစ်ဒဏ်စီရင်ပိုင်ခွင့် မရှိပဲ နောက်ဆုံးဂိတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ လမ်းဆုံးကြမှာပါ ။ 

     သူတို့ဘာသာ ဘာတွေ ဆုံးဖြတ် ဆုံးဖြတ် ကုလ လုံခြုံရေး ကောင်စီကနေ ဝက်ဝံ ကြီး နဲ့ နဂါးကြီးရဲ့ ဗီတိုအာဏာ အောက်မှာ ICJ အကွက်ဟာ ဖရိုဖရဲ နဲ့  ပြိုပျက်ပြီး နစက အတွက် သာသာယာယာ ဖြစ်ရမှာပါ ပဲ ။ 

       မျိုးဝင်း