Friday, July 30, 2021

COVID-19 နှင့် ဆင်တုံးမနွယ် အကြောင်း သုတေသနပြုချက်များ


အသက်ကြီးရင် ဆင်စီးပါလို့ ပြောရလောက်တဲ့အထိ ထင်ရှားတဲ့ ဆင်တုံးမနွယ်ကို COVID-19 ကာကွယ်ကုသရေးမှာ အသုံးပြုနိုင်ဖို့ နိုင်ငံတကာမှာ သုတေသနတွေ ပြုလုပ်နေကြပါပြီ။

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့အခါမှာ အရေးပါတဲ့ ပရိုတင်း (ACE2) နဲ့ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး ပွားများဖို့အတွက် အရေးပါတဲ့အင်ဇိုင်း (Coronavirus main protease Mpro or 3CLpro) တို့အပေါ် အာနိသင်သက်ရောက်ခြင်း ရှိ/မရှိ ပစ်မှတ်ထား စမ်းသပ်သုတေသန ပြုလုပ်ကြည့်ကြပါတယ်။

ရရှိခဲ့တဲ့ ဝမ်းမြောက်စရာ တွေ့ရှိချက်တွေကတော့...
ကွန်ပြူတာပရိုဂရမ်များကို အသုံးပြုပြီး သုတေသန ပြုလုပ်ကြည့်သည့်အခါ ဆင်တုံးမနွယ်မှာ ပါဝင်သော ဒြပ်ပေါင်းများသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရှိ Target (ပစ်မှတ်) များအပေါ်တွင် အာနိသင်ရှိကြောင်းကို နိုင်ငံတကာ သုတေသနစာတမ်းများတွင် တွေ့ရှိရပါသည်။

၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များအတွင်း အိန္ဒိယ၌ ပြုလုပ်ထားသော ကနဦး သုတေသန (၅) ခုအရ ဆင်တုံးမနွယ်တွင် ပါဝင်သော ဒြပ်ပေါင်းများသည် COVID-19 ခန္ဓာကိုယ်ထဲမှာ ပွားများဖို့အတွက် အရေးပါတဲ့အင်ဇိုင်း (Coronavirus main protease Mpro or 3CLpro) တို့ကို နည်းစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ [1-5]

ထို့ပြင် ဆင်တုံးမနွယ်မှ ထုတ်ယူရရှိသော ဒြပ်ပေါင်း ၉ မျိုးတို့သည် ACE2 protein ကို ဖိနှိပ်နိုင်ကြောင်း တွေ့ရသဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်အတွင်း ဝင်ရောက်မှုကို ဟန့်တားနိုင်မည့် အလားအလာရှိပေသည်။ [2]

မြန်မာ့တိုင်းရင်းဆေးနှင့် အိန္ဒိယ အာယုဗ္ဗေဒဆေးပညာတို့တွင် အလွန်အစွမ်းထက် အသုံးဝင်သော ဆင်တုံးမနွယ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ အဖျားကျစေသော အာနိသင်၊ အရောင်ကျစေသော အာနိသင်၊ ကိုယ်ခံအားကို ထိန်းညှိပေးသော အာနိသင် နှင့် သွေးကြော အတွင်းနံရံများကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသော အာနိသင်များ ရှိကြောင်းကို နိုင်ငံတကာတွင် ပြုလုပ်ထားသော သုတေသနများအရ သိရှိကြရပြီးဖြစ်ပါသည်။ အဆိုပါ အာနိသင်များသည်လည်း ကိုဗစ်-၁၉ ရောဂါတွင် အသုံးဝင်နိုင်ပါသည်။ [7-9]

အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် Coronil® ခေါ် ဆေးတစ်မျိုးသည် ACE2 protein ကိုနည်းစေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းရှိ ဆဲလ်များအတွင်းသို့ ပိုးဝင်ရောက်မှုကို ဟန့်တားနိုင်ကြောင်း တွေ့ရလေသည်။ ထို့မျှသာမက IL-6, IL-1β, and TNF-α ကဲ့သို့သော ရောင်ရမ်းစေသောဓာတ်များကို လျော့နည်းစေကြောင်း တွေ့ရသဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အဆုတ်ပျက်စီးမှုကို လျှော့ချပေးနိုင်မည့် အလားအလာရှိပေသည်။ ထို Coronil ဆေးတွင် ဆေးပင် (၃) မျိုး - ဒဟတ်သကိုင်း (Withania somnifera)၊ ဆင်တုံးမနွယ် (Tinospora cordifolia)၊ နှင့် ပင်စိမ်း (Ocimum sanctum) တို့ပါဝင်ပါသည်။ [6]

အမေရိကန်နိုင်ငံ၏ https://clinicaltrials.gov/ တွင်လည်း ဆင်တုံးမနွယ်ကိုအသုံးပြု၍ ကိုဗစ်-၁၉ လူနာများတွင် ပြုလုပ်ထားသော သုတေသန (၄) ခုကို မှတ်ပုံတင်ထားသည်ကို ရှာဖွေတွေ့ရှိ ပါသည်။ ရေနှင့်ထုတ်ယူထားသော ဆင်တုံးမနွယ် အဆီအနှစ်ကို ၃၀၀/၅၀၀/၁၀၀၀ မီလီဂရမ် စသည့် ပမာဏများဖြင့် တစ်နေ့ ၂ ကြိမ် တိုက်ကျွေးကြသည်ကို တွေ့ရပါသည်။ အဆိုပါ သုတေသနများကို ယူကေနှင့် အိန္ဒိယနိုင်ငံများတွင် လုပ်ဆောင်ထားခြင်းဖြစ်ပြီး သုတေသန စာတမ်းများမှတစ်ဆင့် ရလဒ်များကို မကြာမီ သိရတော့မည်ဖြစ်ပါသည်။ [10-13]

References
[1] https://www.tandfonline.com/doi/full/10.1080/07391102.2020.1810778
[2] https://link.springer.com/article/10.1007%2Fs13337-021-00666-7
[3] https://www.sciencedirect.com/science/article/pii/S111006212100009X?via%3Dihub
[4] https://www.tandfonline.com/doi/full/10.1080/07391102.2020.1803968
[5] https://www.tandfonline.com/doi/full/10.1080/07391102.2020.1787226
[6] https://www.dovepress.com/coronil-a-tri-herbal-formulation-attenuates-spike-protein-mediated-sar-peer-reviewed-fulltext-article-JIR
[7] https://pharmascope.org/index.php/ijrps
[8] http://www.ajchem-b.com/article_118153.html
[9] https://www.journalajob.com/index.php/AJOB/article/view/30086
[10] https://clinicaltrials.gov/ct2/show/NCT04621903
[11] https://clinicaltrials.gov/ct2/show/NCT04480398
[12] https://clinicaltrials.gov/ct2/show/NCT04542876
[13] https://clinicaltrials.gov/ct2/show/NCT04920773

Dr. Khin Maung Lwin

https://m.facebook.com/story.php?story_fbid=350057563142732&id=100044154743394




Related Posts:

  • “ FB တမ္ဘာလုံး အတိုင်းအတာ ၇နာရီကြာ outage ဖြစ်သွားပါတယ်။"မနေ့ည ၁၀ နာရီ ကျော်ခန့်ကစပြီး တညလုံး တမ္ဘာလုံး ၇ ရီခန့် FB , WhatsApp, Instagram ကျသွားပါတယ်။ အခုမနက် 4နာရီခွဲ ၅ နာရီခန့်ကမှပြန်ရပါတယ်။FB ကို မြန်မာနိုင်ငံအပါအဝင် တမ္ဘာလုံး နေ့စဉ် လူ သန်း၂၀၀၀ ခန့် actively သုံးနေကြပါတယ်။FB ဟာ… Read More
  • အကြမ်းဖက်သူပုန်ခေါင်းဆောင်တစ်နေရာတော့ရမှာပါအဖမ်းခံရမှာကြောက်လို့လွတ်မြောက်နယ်မြေသွားတာတော်လှန်ချင်စိတ်ကြောင့်တော့မဖြစ်နိုင်ဘူး ဒီတိုင်းဘဲသွားနေခိုင်းကြည့်ရိုက်ထုတ်ရင်တောင်သွားမှာမဟုတ်ဘူးစစ်ကိုင်းတိုင်းကလေးမြို့ စက်မှု့လက်မှု့သိပ္ပံကထိကဒေါ်ရတီအုန်း(CDM… Read More
  • #​ဘော်ပြင်းရွာသတင်း​ယောနယ်က ​ဘော်ပြင်းရွာမှာ ဖြစ်ခဲ့တဲ့ သတင်းက ခုမှ ​ယောနယ် Friend တစ်​ယောက်က ​ပြောပြလို့ သိရတဲ့ အတွက် ခုမှ တင်ဖြစ်ပါတယ်။ ဖြစ်တာက​တော့ ၁ ပတ်​လောက် ကြာပါပီတတ် ၊ စက်တင်ဘာ ၂၈ / ၂၉ ​လောက်က ​ဘော်ပြင်းရွာကို PDF  ၂၀၀ ခန့် ​လောက် ရွာကိ… Read More
  • #မှတ်သားဖွယ်ရာအဖြာဖြာ* မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃​​ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင် ရွက်ပေးရမ… Read More
  • တချို့နီပိတ်တွေနဲ့ ထောက်ခံသူတွေ ပြောကြတာရှိတယ် NLD အစိုးရက ဝန်ထမ်းတွေကို လစာ နှစ်လစာ ထုတ်ချေးလို့ ထောက်ခံကြတာ တဲ့ဆန် ဆီ ကြက်သွန်နှစ်သောင်း လေးသောင်း တော့လာမပြောနဲ့တစ်စေ့ တစ်စက် တစ်ဥတစ်ပြားမှ ရခဲ့တာမရှိဘူးဝန်ထမ်းနှစ်လစာကတော့ဟုတ်ပါတယ် ချေးပါတယ်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလမှာတိတိကျကျပြောရရင်၇ -၁၀ -၂၀၂၀  နေ့မှာပါနီပိတ်တွေနဲ့ထောက်ခံ… Read More