Friday, July 30, 2021

၂၄ နာရီကြာ CDM ⏰


     NLD အနေနဲ့ ၅ နှစ်လုံး အာဏာလည်းရ ပိုက်ဆံလည်းရ အခြေအနကနေ အခုလို အာဏာလက်မဲ့ ဘဝရောက်သွားတာ ခများတို့ဘက်က ကြည့်ရင် မခံချင်စရာကောင်း မှန်းသိပါတယ်။ ခများတို့ အာဏာပြန်ရဖို့ အတွက် ဝန်ရံသူ ပြည်သူတွေရဲ့ အသက်ကို ချနင်းစရာမလိုဘူး ဆရာဝန်တွေ ကျန်းမားရေးဝန်ထမ်း တွေကို CDM လုပ်ခိုင်းပြီး ပြည်သူ့အသက်တွေကို စတေးစရာမလိုဘူး။ လူငယ်တွေကို အပင်ပန်းခံ လက်နက် ကိုင်ခိုင်းစရာမလိုဘူး သွေးမြေမကျပဲ အာဏာပြန်ယူလို့ ရတယ် တခုတော့ရှိတယ် ခများတို့ပြောသလို ပြည်သူတရပ်လုံး ခများတို့ဖက်မှာ ရှိတယ်ဆိုတာ သက်သေပြဖို့တော့ လိုတယ်။

     ခများတို့ ဒါလောက်လူသတ် ခြိမ်းခြောက်ပြီး CDM လုပ်ခိုင်းတာတောင် ဝန်ထန်းအားလုံးရဲ့ ၃၀% ပဲ CDM လုပ်တယ်၊ လုံးဝအဖမ်းအစီး အပစ်အခတ်မရှိတဲ့ အချိန်မှာတောင် တနိုင်ငံလုံး လမ်းပေါ်တက်လာတဲ့ လူဦးရေက ပြည်သူ ၁၅ ယောက်မှာ ၁ ယောက်မရှိဘူး၊ လှိုင်သာယာမှာ လူ ၂ သန်းနေတယ် တပ်က နှိမ်နင်းတော့ လူ ၃၀၀၀ မခုခံဘူး၊ မြန်မာပြည်မှာ လူငယ် ၁၅ သန်းလောက်ရှိတယ် အကြမ်းဖက်နေတဲ့ လူငယ်တွေ အလွန်ဆုံးရှိ သောင်းဂဏန်း မကျော်ဘူး အဲ့ဒိလောက်နဲ့ မရဘူး။ တပ်မတော်ကို ဘယ်သူမှ လက်မခံဘူး ဆိုတဲ့ အချက်ကိုသေခြာအောင်  ခများတို့တွေ ပြဖို့လိုတယ်။

     လူတိုင်း CDM လုပ်ဖို့မလိုဘူး တပ်နဲ့ ပတ်သက်တာပဲလုပ် ခများတို့ကို ထောက်ခံတဲ့ ပြည်သူတွေကို လုပ်ခိုင်းကြည့်။ တပ်မတော်အစိုးရ နဲ့ ဦးသိန်းစိန်အစိုးရ ခေတ်မှာ ပေါ်လာတဲ့ MPT၊ MEC၊ Ooredoo နဲ့ Telenor ဖုန်းဆင်းကဒ်တွေ မသုံးခိုင်း နဲ့ Mytel ကြပြန်တော့ တပ်နဲ့ဆိုင်တယ် မသုံးခိုင်းနဲ့။

     မြန်မာပြည်မှာ လုပ်ငန်းရှင်ဆိုတဲ့ လူတန်းစားက တပ်မတော်အစိုးရကမွေးထုတ် ပေးလိုက်တာပဲ ၂၀၁၆ မတိုင်ခင်ဖွင့်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေ မှာအလုပ်လုပ်တဲ့ ပြည်သူတွေကို CDM လုပ်ခိုင်း။ ဘဏ်လုပ်ငန်း အများစုကလည်း တပ်မတော် အစိုးရခေတ်နဲ့ ဦးသိန်းစိန်းခေတ်မှာ ပေါ်လာတာပဲ CDM လုပ်ခိုင် NLD ခေတ်မှာ ပေါ်တဲ့ ဘဏ်ရှိရင် မလုပ်ခိုင်းနဲ့။ Junction City၊ မြန်မာပလာဇာ၊  Time City နဲ့ Lotte Hotel တို့လို ပြည်သူကို ထမင်းကြွေးနေတဲ့ လုပ်ငန်းကြီးတွေက NLD ခေတ်မှာ ပေါ်လာပေမယ့် ဦးသိန်းစိန်ခေတ် မှာ စဆောက်ခဲ့တာ အဲ့ဒိ လုပ်ငန်းတွေကို မှီခို့ပြီး အလုပ်လုပ်​နေသူတွေကို CDM လုပ်ခိုင်းကြည့်။ 

     စက်မှုဇုန်ကြီးတွေ ဖြစ်တဲ့ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ မြောက်ဥက္ကလာစက်မှုဇုန်၊ တောင်ဒဂုံစက်မှုဇုန် တွေအပြင် နယ်မှာလည် စက်မှုဇုန်တွေ ရှိသေးတယ် အဲ့ဒိက အလုပ်သမားတွေကို CDM လုပ်ခိုင်း တပ်မတော်အစိုးရ တည်ပေးခဲ့တဲ့ စက်မှုဇုံ ၁၈ ဇုံ ရှိတယ်။ မြို့သစ်တွေမှာပါ မနေခိုင်း နဲ့ ပြည်သူတွေကို ပြောင်ခိုင်းလိုက်၊ ရွှေပြည်သာလို တပ်မတော်အစိုး တည်ပေးတဲ့ မြိုနယ်တွေတင် မကဘူး (မဆလ) ခေတ်က တည်ပေးတဲ့ မြောက်ဥက္ကလာတို့၊ တောင်ဥက္ကလာတို့လို မြို့နယ်တွေမှာပါ မနေခိုင်းနဲ့ CDM လုပ်ပြီး ပြောင်းခိုင်းလိုက်။ 

     ဓာတ်ဆီ ဆိုင်ကြီးတွေ မှာ စတိုင်ကျကျ ကားတွေ ဆိုင်ကယ်တွေ ဆီဖြည့်လို့ရတဲ့စနစ် ဦးသိန်းစိန် လုပ်ပေးခဲ့တာ ဆီမဖြည့်ကြနဲ့။ နောက်ပြီး တိုးဂိတ်တွေကို ဂိတ်ကြေးမပေးနဲ့ ကားလမ်းပေါလည်း မတက်နဲ့ အဝေးပြေးလမ်းတွ ထိန်းသိမ်းတဲ့ BOT စနစ်ကို ဦးသိန်းစိန် အကောင်အထည် ဖော်ပေးခဲ့တာ။ မြစ်ကူ တံတားကြီးတွေ ပေါ်လည်း မဖြတ်ကြနဲ့ မဆလ နဲ့ တပ်မတော်အစိုးရက ( အဝေးပြေးလမ်းမိုင် ၃၂၉၄၈ မိုင် / ပေ ၁၈၀ အထက် တံတားပေါင်း ၆၁၂ စဥ်း ) တည်ဆောက်ပေးခဲ့တယ်။

     မြောက်ဥက္ကလာ လေယာဥ်ကွင်းကြီးထဲ မသွားမိစေနဲ့ အဲ့တာလည်း တပ်မတော်အစိုးရ နဲ့ ဦးသိန်းစိန်အစိုးရ အဆင့်မြင့်ပေးခဲ့တာ။ တခြားလေးယဥ်ကွင်း ၆၉ ကွင်းကို တပ်မတော်အစိုးရ ဆောက်ပေး ခဲ့တယ်။

     ၁၉၆၂ ခုနှစ် မတိုင်ခင်က လယ်ယာမြေအများစု မြန်မာတွေ မပိုင်ကြဘူး ချစ်တီးတွေ စီကနေ လယ်တွေသိမ်းပြီး ပြည်သူကို ဦးနေဝင်း ဝေပေးခဲ့တာ၊ တပ်မတော်အစိုးရ ကြပြန်တော့ လယ်ဧက ( ၁.၈ သန်း ) ဖော်ထုတ် ပေးခဲ့တာ တပ်မတော်ကို လယ်တွေ ပြန်ပေးလိုက်။ တပ်မတော် အစိုးရခေတ် ( ဆည်တမံ ၂၁၃ ခု၊ မြစ်ရေတင် ၃၇၆ ခု ) ဆောက်လုပ် ပေးခဲ့တယ်။ မြန်မာပြည်က ထမင်းဆိုတာ တပ်က ဖော်ထုတ်ပေးတဲ့ လယ်နဲ့ ဆောက်ပေးတဲ့ ဆည်ကရတဲ့ ရေနဲ့ စိုက်ထားတဲ့ ဆန်ကနေချက်တာ CDM လုပ်တဲ့အနေနဲ့ ထမင်းအစား တခြားတခုခု အစားထိုးပြီး စားကြည့်ခိုင်း။

     ဦးနေဝင် အာဏာသိမ်ခါစ တိုင်းပြည်နယ်မြေ ၉၀% လောက်က အညိုရောင်နဲ့ အနက်ရောင် တိုင်းဒေသကြီး အများစုငြိမ်း ချမ်ရေးရအောင် သူပုန်တွေကို ဦးနေဝင်း မောင်းထုတ် ပေးခဲ့တယ်။ ဦးသန်းရွှေ ကြတော့ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ပေးခဲ့တယ်။ CDM လုပ်ပြီး တပ်ကြောင့် ငြိမ်းချမ်းရေးရခဲ့ တဲ့ ဒေသတွေမှာ မနေခိုင်းနဲ့ အဲ့တာဆိုရင် တိုင်ပြည်နယ်မြေ ၉၀% လောက်က နေစရာရှိမှာ မဟုတ်ဘူး။ 

     ကျနော်ပြောချင်တာ အဲ့တာပဲ ပြည်သူတွေသွေးမြေကျဖို့ မလိုဘူး NLD အုပ်စုအနေနဲ့ တပ်မတော်ကို မုန်းတီးကြောင်း တပ်မတော် တိုင်ပြည်အတွက် လုပ်ပေးခဲ့တာ တွေကို ပြည်သူက လက်မခံကြောင်း သက်သေပြလိုက်ပါ ၂၄ နာရီလောက် လုပ်ပြနှိုင်ရင်တော်ပြီ။ တပ်မတော်အနေနဲ့ သူ့ကို ပြည်သူက လက်မခံကြောင်း သေခြာရင် NLD ကိုအာဏာ ပြန်ပေးလိုက်။ NLD ကလည်း ပြည်သူတွေ ခများတို့ဘက် မပါပဲ တပ်မတော်နဲ့ မကင်းနှိုင်ကြောင်း သေခြာရင် အာဏာပြန်မလုနဲ့တော့ ၂၄ နာရီအတွင်း ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားလိုက်မယ် ဒါအားလုံး အစဥ်ပြေမယ့် နည်းလမ်းပါ။ 

     ✍ ဘဦး ( ၃၀.၇.၂၀၂၁ )



Related Posts:

  • တစ်ပြားမှ မရပဲ နိုင်ငံနဲ့တပ်မတော်ကိုကာကွယ်ကြတာ မြန်မာစစ်တပ်က ရဲမေ တွေပဲ ရှိတယ်။ ယောက်ကျား ရတဲ့ လစာရိက္ခာ ပဲ ရတယ်။ ယူနစ်ရတဲ့တပ်ဆိုတာ နယ်စပ် ကတပ်တွေနဲ့BGF တပ်တွေပဲ ရှိတယ်။ တပ်အတွက် လုပ်လိုက်ရတဲ့ လူမှုဝန်ထမ်း ရွတ်လိုက်ရတဲ့ ဓမ္မစကြာ တက်လိုက်ရတဲ့စည်း/ကော်ဒါ့ကြောင့် အချို့ စစ်သည်တွေ က ပြောကြတယ်။  မိန်းမ မယူချင… Read More
  • ဝမ်းနည်း ဝမ်းသာ          ၁၀၈ တောင် ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းကြားရတာ အင်မတန် ဝမ်းနည်းမိပါတယ် ။      ဆရာတော်ကြီးရဲ့ ဆေးနည်း နဲ့ လူအများစု သက်သာပျောက်ကင်းနေကြောင်း သတင်းကောင်းများ အဆက်မပျက် ကြားသိနေရလို့လည်း ဝမ်းသာမိပါတယ် ။… Read More
  • #ကိုဗစ်ကာလအားဆေးပါကောသလ မင်းကြီးဆီမှာပါဝေယျဆိုတဲ့ ထောင်ထောင်မောင်းမောင်းတိုက်ဆင်ကြီး တစ်ကောင်ရှိတယ်။တိုက်ပွဲတွေအများကြီးတိုက်ခဲ့ပြီးနောက်အိုလာတဲ့အခါ ဘုရင်ကြီးကသူ့အချစ်တော်ဆင်ကြီးကို ဘေးမဲ့ပေးလိုက်တယ်။တစ်နေ့ ဆင်ကြီးကအိုင်တစ်ခုထဲဆင်းရင်းညွန်ထဲနစ… Read More
  • နတ်ဆိုး သို့မဟုတ် ကမ္ဘာ့ အယုတ်ညံ့ ဆုံး လူယုတ်မာအကြောင်း သူ၏အမည်ကား " ဂျော့ဆိုးရိုးစ် " ( George Soros ) တချို့ ကမူသူ့ကို ( ဂျော့ဆိုးရော့စ် ) ဟုလည်းခေါ်ကြပြန်၏ ~သူ့ကို * ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်တ် * ( Budapest ) မြို့၌ မြို့၏မျက်နှာဖုံး ဂျူးလူမျိုး အမိ+ အဖ နှစ်ဦးက ( 1930 . ပြည… Read More
  • ခြေလှမ်းစိပ်လာတဲ့အမေရိကန်ဒီရက်ပိုင်း အမေရိကန်ရဲ့ခြေလှမ်း နည်းနည်းစိပ်လာတယ်၊မြန်မာ့အရေးမှာ - - အာဆီယံကိုယ်စားလှယ်ထားဖို့ - NUG ကဇင်မာအောင်ကို ဒုဝန် ရှားမင်းကတွေ့တာ - မြန်မာဆိုင်ရာ US သံဟောင်းကိုလုံခြုံရေးပေးတာ...... စသဖြင့်၊ခြုံကြည့်ရင်တော့ သိပ်ထိထိရေ… Read More