လက်ရှိ "နစက"အစိုးရအတွက်တော့ လက်ရှိ ပြန်ကြားရေး
၀န်ကြီးဌာနကြီးအပြင် တပ်မတော်က ပြည်သူ့ဆက်ဆံရေးနဲ့
စိတ်ဓါတ်မြှင့်တင်ရေး(ကကပြည်)ဌာနကြီးပါ အားထည့်ကာ
မီဒီယာ အလုပ်များကို လုပ်ဆောင်နေကြတာ တွေ့ရပါ တယ်၊
အပြုသဘော ဝေဖန် အကြံပြုရလျှင် ယနေ့ ပြန်ကြားရေး ရဲ့
လက်အောက်က mrtv,နဲ့ ကကပြည် လက်အောက်က မြ၀တီ
သတင်းဌာနများ၏ ထုတ်လွှင့်နေကြသော သတင်းအစီအစဥ်
များက ပြည်သူများအတွက် ငြီးငွေ့စရာ ကောင်းနေပါ တယ်။
မနေ့က(၂၉-၇-၂၀၂၁)ရက်နေ့ ည(၈)နာရီ သတင်းကြေညာ ပုံ
အစီအစဥ်များကို ဘဲ နမူနာ ထားကာ အသေးစိတ် ထောက်ပြ အကြံပြုလိုပါတယ် ခင်ဗျာ၊
ကျွန်တော်အပါအ၀င် ပြည်သူအများက မျှော်လင့်နေရှာသော
သတင်းများက Fb,လူမှုစာမျက်နှာမှာ ပလူပျံ နေသည့် ငလျင်
သတင်း၊စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပန်ဆက်ကျေးရွာ က
အကြမ်းဖက် သတင်းမျိုးစသည်တို့ နဲ့ ကိုဗစ်ကူးစက်/သေဆုံး ၏ နောက်ဆုံးအခြေအနေ၊လောလောဆယ် ကိုဗစ် ကာကွယ်
ဆေးထိုးပေးမည့် အခြေအနေ သတင်းမျိုးဖြစ်ပါ တယ်၊ Fb,
အပေါ်မှာ တွေ့နေရပေမဲ့တရား၀င် ပြန်ကြားရေးက ထုတ်ပြန်
ပေးသည့် သတင်းများကိုသာ ကြားချင်နေကြ တာပါ။
သို့သော်လည်း မြန်မာ့အသံရော မြ၀တီသတင်းဌာနများ မှာ
လာနေသည့် သတင်းအစီအစဥ်များက တိုင်းနဲ့ပြည်နယ်များ
အလိုက်ဆောင်ရွက်နေကြသော ကိုဗစ်ကြိုတင်ကာကွယ်ရေး
နိုးဆော်နေမှု သတင်းများ၊ဥက္ကဌနှင့်တိုင်းမှုးများ၏ ကိုဗစ် အ
တွက် ထောက်ပံ့လှူဒါန်းနေမှု အစီအစဥ်များစွာအကြောင်းအ
ရာ တူသော သတင်းများကိုသာ For Show.ပမာ လွှင့်ပြီး မှ
သာ ပြည်သူအများ စိတ်၀င်စားသော သတင်းများက နောက်
ကျပြီးမှ သာ လွှင့်နေကြတာကို တွေနေရပါသည် ခင်ဗျာ၊
ယခုတလော ပြန်ကြားရေးက TVနဲ့သတင်းစာများမှာ ဖော်ပြ
နေကြသည့် ကာကွယ်ဆေးထိုးပေးမှု ဦးစားပေး အစီအစဥ်
သတင်းများကလည်း မလိုအပ်ပါဘဲ ပြည်သူအများ စိတ်ပျက်
ဖွယ်ဖြစ်အောင် တမင်ပင် လုပ်နေသလိုမျိုး ဖြစ်နေပါ တယ်၊
ရှင်းပြရရင်တော့ ထောင်ထဲကအကျဥ်းသားများကို ဦးစားပေး
ထိုးပေးချင်ရင်လဲ သတင်းထုတ်ပြန် မနေပါနဲ့၊ယခုလို အပြင်
မှာ လူကောင်းပြည်သူများတောင် မထိုးရသေးဘဲ နဲ့ ပြစ်ဒဏ်
ကျခံ သူတွေကိုတော့ ဦးစားပေးထိုးပေးတယ် ဆိုတော့အပြင်
မှာက ပူညံ ပူညံဖြစ်၊ထို့ပြင် ဆေးထိုးရန် ကျန်နေသော နိုင်ငံ ၀န်ထမ်းများကို ဆေးထိုးပေးနေသည့် သတင်းအား အကျယ်
တ၀န့် ဖော်ပြနေခဲ့ကြ၊ စဥ်းစားသင့်သည်မှာ ယခုအခါ cdm,
လုပ် ၀န်ထမ်းနဲ့မလုပ်သော၀န်ထမ်းများအကြား ပြည်သူများ
ပင် ပါ၀င်ကာ အုပ်စုကွဲနေချိန်တွင် မီးလောင်ရာ လေပင့်ပေး
သလို ဖြစ်သွားခဲ့၊အမှန်လုပ်သင့်တာကတော့ ၀န်ထမ်းများ ကို
ထိုးပေးလျှင် သက်ဆိုင်ရာ၀န်ကြီးဌာနအလိုက် ထိုးပေးလိုက်
ရင်ကို ရမည် ထင်ပါသည် ခင်ဗျား၊တကယ်တော့ cdm.လုပ်
နေကြသော၀န်ထမ်းများက မလုပ်သော၀န်ထမ်းများနှင့်အမြဲ
ပင် အချင်းချင်းဆက်သွယ်ကာ သတင်းပို့ နေကြတာ ပါ၊
တဖန် TVမှာရော/သတင်းစာများမှာပါ နေ့စဥ်လိုလိုပင်ပါ၀င် ကာ ဖော်ပြနေသည့် အကြောင်းအရာကတော့ အောက်ဖော်
ပြပါ ကြေညာချက် ပါ၊အကြံပြုရလျှင်တော့ အာဏာရှင် ဆို
တာကို မသုံးသင့်ပါဘူး၊crph,/nug,ဆိုတာတွေက အာဏာ
ရူးနေသူတွေပါ၊ထို့ကြောင့်ပင် အာဏာရှင် အစား'အာဏာရူး'
ဟု သာ ရေးသင့်၊ပြောသင့် သုံးသင့်ပါတယ် ခင်ဗျာ၊
နောက်ဆုံး အကြံပြုလိုတာကတော့ ရန်ကုန်/မန္တလေးနေရာ
မျိုး မြို့ကြီးတွေမှာ ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေး အား MobileTeam work.များဖြင့် အိမ်ဂေဟာများသို့အရောက်
စီမံဆောင်ရွက်ကာ ထိုးပေးစေချင်ပါတယ်၊ အများပြည်သူ
သယ်ယူပို့ဆောင်ရေးမော်တော်ယာဥ် များစွာ ရှိနေတာပါ၊
ကြေညာထားတဲ့ ဒေသန္တရဆေးခန်းနေရာများက မြို့နယ် အ
တော်များများ အခြေအနေ မကောင်းကြပါဘူး ခင်ဗျာ၊
(လေးစားစွာဖြင့်----/ကျော်ဇေယျ) ၃၀-၇-၂၀၂၁)။