အင်စိန်ထောင်ဆိုတာ လူတိုင်းသိတဲ့နေရာပါ ။ ထောင်ထဲရောက်နေတိုင်း ထောင်ကျမဟုတ်သေးပါဘူး ။ အချုပ်သားဘဝ နဲ့ အမှုရင်ဆိုင်နေရတဲ့ သူတွေ ရှိပါသေးတယ် ၊ သူတို့ကို အချုပ်သားဆောင်မှာ သီးသန့်ထားရပါတယ် ။
အခန်းတွင်း အုပ်ချုပ်တာကတော့ ထောင်ကျ တန်းစီးတွေကပဲ အုပ်ချုပ်ပါတယ် ။ တနေ့က အချုပ်သားတွေကို နိုင်ငံတော်က ပြန်လွှတ်ပေးတယ် ။
ပုဒ်မ ကန့်သတ်ချက်နဲ့ ဆိုတော့ ၅၀၅ တွေ မပါဖူး ။ အဲဒီ ပုဒ်မ အများစုက ထောင်ဒဏ် တနှစ် ၊ နှစ် နှစ် လောက်ပဲ ရှိတာ များတယ် ။ မူးယစ်ရောင်းဝယ်က 12 နှစ်လောက်တော့ ကျနိုင်တယ် ။
အမှုအများစုက covid ကြောင့် ရုံးထုတ်မစစ်နိုင်ပဲ ကြန့်ကြာနေရတာကြောင့် မူလပြစ်ဒဏ်ထက် ပိုပြီး ချုပ်ထားခြင်းခံရသူတွေတောင် ပါနိုင်ပါတယ် ။ ဒါကြောင့် နစက အနေနဲ့ အမှု ဆက်မစစ်ပဲ လွတ်ငြိမ်းခွင့် ပေးလိုက်တယ် ။
နီပိန်း အချုပ်သားတွေက သူတို့မလွတ်တော့ ထအော်ကြတယ် ။ အခြား အကျဥ်းသားတွေ နဲ့ ထောင်ကျတွေက လက်မခံကြဖူး ။
ဘာကြောင့်လဲဆိုရင် ထောင်ဆူရင် တင်းကျပ်တဲ့ စည်းကမ်းတွေ ၊ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ နောက်ဆက်တွဲ ပါလာတတ်တာ သိလို့ ဖြစ်တယ် ။
အာဏာပိုင်တွေ ထိမ်းစရာတောင် သိပ်မလိုလောက်ပါဘူး ၊ ဝါရင့်ထောင်သားတွေက ဒီဂယောင်တွေကို ဗျင်းမှာ ပါ ။
ထောင်ထဲမှာ တစ်ပုံ ရတဲ့ ဒုက္ခ ၊ ရှာဖွေရေးဝင်တဲ့ ဒုက္ခကို သူတို့ မနှစ်သက်ပါဖူး ။ ဒီတော့ ဆူဆူပူပူ လုပ်တဲ့ အချုပ်သားတွေကို ဝါရင့် ထောင်ဂျိုးတွေကပဲ ဆုံးမပြီး ငြိမ်းသွားအောင် ထိမ်းကြမှာပါ ။
ထောင်ထဲမှာ ဆူချင်တိုင်း ဆူလို့ မရဖူး ဆိုတာ သိသွားပါလိမ့်မယ် ။ စိုးရိမ်စရာမရှိပါဘူး ။ ခွေးလှေး ခုန်လို့ ဖုန်ထရိုး ထုံးစံမရှိပါဘူး ။
မျိုးဝင်း