နေပြည်တော်၊ ဇူလိုင် ၂၆
မြန်မာနိုင်ငံအတွင်း NLDပါတီဦးဆောင်သူများက နိုင်ငံရေးဆူပူမှုဖန်တီးခဲ့ကြပြီး အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက NLDပါတီဘက်မှ ရပ်တည်ကာကွယ်ခဲ့ကြသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။
NLDပါတီဦးဆောင်သူများသည် ဆူပူအကြမ်းဖက်လုပ်ရပ်များ၊ လိုက်လံလုပ်ကြံသတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိရာ မြန်မာပြည်သူများက NLDဦးဆောင်သူများဖွဲစည်းထားသည့် NUG, PDF အကြမ်းဖက်အဖွဲများ၏ လုပ်ရပ်များအပေါ် ရွံမုန်းလာကြသည်။
NLDပါတီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အခြေခံ၍ အနောက်နိုင်ငံတချိုသဘောထားပြောင်းလဲလာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်သွယ်ဆောင်ရွက်လာသည့်အပေါ် NUG အကြမ်းဖက်အဖွဲဝင်များ၏ မကျေနပ်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရသည်။
#MyanmarNationalPost
#mnpnews