Wednesday, July 28, 2021

ညီငယ် မျိုးဆက်သစ်များသို့ (အောင်ဘုန်းရေးသည်)


“ဖက်ဆစ်စစ်တပ် ငါတို့မျိုးဆက်မှာ လုံးဝ အဆုံးသတ်စေရမယ် ဟေ့” တဲ့ ရေးထားတာကတော့ 
အားတက်ချင်စရာကြီး …အားကြီးနဲ့ 😁
အဲလိုပြောပြီးမင်းတို့မျိုးဆက်လဲ 
အသက်တွေကြီး မင်းကိုနိုင်တို့နေရာကိုရောက် 
မင်းတို့ပြောတဲ့ ဖက်ဆစ်စစ်တပ်ကြီးကတော့
အလုံးအရပ်ကမလျော့ပေဘူး
ပိုတောင်တက်လာသေး ။ 

မယုံဘူးဆို ရင် မင်းကိုနိုင်တို့ခေတ် 
စစ်တပ်နဲ့ မင်းတို့ခေတ် လက်ရှိစစ်တပ်
ယှဉ်ကြည့်ကြပေါ့ကွာ….

ဟေ့ကောင်တွေ …
တကယ်ဆိုရင် မင်းတို့ NUG ဂိမ်းနေပြီကွ။
မင်းတို့ကိုခိုင်းနွားကောင်းတွေမှန်းသိလို့ 
D-Day နွားစာကိုပြပြီး ထွန်ခိုင်းထားတာကွ။

ဘာရှိလဲ မင်းတို့မှာ ဘာမှမရှိဘူး 
နိုဘယ်ဆုရှင်လဲ အခုဆိုရင်
ဘယ်နိုင်ငံကမှ $ဖက်မလုပ်တော့ဘူး။ 
UN ဆိုသံအမတ်အသစ်ခန့်ဖို့အသံကြားလို့ 
မင်းတို့ we stand with UKMT 
အသဲအသန် လုပ်နေရတာမလား ။ 

မရဘူး ဟေ့ရောင်တွေရ …. မရဘူး။
ဒီလို လက်မှတ် ၁သိန်း စု၊ Hashtag တွေရေးနေရုံနဲ့
ဘာမှ ဖြစ်မလာဘူးကွ။
လိုင်းပေါ်က စောင်တောသားတွေ ဆိုပြီး
မင်းတို့ကို မျက်စိနောက်နေလောက်ပြီ။

နိုင်ငံတကာက မင်းတို့ကို ကူဖို့နေနေသာသာ 
သူ့ဒုက္ခနဲ့သူ ကိုဗစ်နဲ့ အရူးမီးဝိုင်းနေတာဟ။ 
ခုချိန် ထိုင်ရာကထတဲ့ကောင်က အကောင်ပဲ
လက်ရှိ super power အဆင့်က
ပြုတ်ကျမယ့်ကောင် 😂
အဲဒါကို သူတို့က သဘောပေါက်တယ်ကွ 
အဲ့ အဖြူကောင်တွေကို လူအတွေ ထင်နေတာလား 
မင််းတို့ကို ဘယ်သူမှ$ဖက်မလုပ်ဘူး။ 

အဲဒါကြောင့် … တနေ့တနေ့ ဇော်ဝေစိုးတင်တဲ့ 
အင်တာဗျူးတွေကြည့်ပြီး မိုတီတွေယူမနေတော့နဲ့။ သေနတ်လဲ ကိုင်မနေတော့နဲ့ ..
သေနတ်ယှဉ်ပစ်လဲ သေမှာပဲ။ 
သူရဲကောင်းခေတ်မဟုတ်တော့ဘူးဟ
မင်းတို့မှာကျောထောက်နောက်ခံ နိုင်ငံမရှိပဲ 
တစ်စက်လေးတောင်မှ အောင်မြင်ဖို့ 
chance မရှိဘူး။

ဆာဆာတို့လဲ ဂျင်းထည့်နေတာ မင်းတို့ 
ဆာဆာသူများနိုင်ငံကြီးတွေက အကြီးပိုင်း 
Policy maker တွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေ
မြင်တာနဲ့  အထင်တွေစွတ်ကြီးမနေနဲ့။ 
သူ့မှာလဲ ဘာPower မှရှိတာမဟုတ်ဘူး။ 
ပေါတောတောနဲ့ အခုလဲ CDM အဆိုပြိုင်ပွဲတဲ့ ။

ထပ်ပြောမယ်ကွာ …. 
မင်းတို့အရေးတော်ပုံ အောင်မြင်ဖို့ 
ရာခိုင်နှုန်းပိစိလေးတောင်မရှိဘူး။

Reality ကိုမြင်ကွ။ 
မိုတီတွေ သိပ်မထားနဲ့ Final Exam 
ဖြေနေတာမဟုတ်ဘူး။
ဒါက Ph.D စာမေးပွဲကွ မင်းဆယ်တန်းစာသိရုံနဲ့ 
မိုတီရလည်း ဖြေမရဘူး။
 မင်းတို့ဘာတွေလေ့လာထားလို့လဲ 
ဖုတ်ပူမီးတိုက် ဖြေတာက 
Tuto ဖြေတာပဲကောင်းတယ်။

အဲ့ဒီတော့ …
ငါ့ကိုလာဆဲလဲ မတတ်နိုင်ဘူး။ 
ငါပြောတာကို မင်းတို့ စပ်ကြလည်းမတတ်နိုင်ဘူး။
မင်းတို့ reality ကိုမြင်ဖို့ စေတနာနဲ့ပြောတာ 
မင်းတို့ အသက်တွေ ငယ်သေးတယ်။ 
တူမီးနဲ့ စက်သေနတ်ကိုတိုက်တာ 
မိုက်ရူးရဲဆန်တာပဲကွ။ 
တူမီးဘေးချ ဒီကောင်တွေကို နောင်တစ်ချိန်ဘယ်လိုထိပ်ကွက်မယ်ဆိုပြီး 
ရည်ရွယ်ချက်ထားတာကမှ နီးစပ်အုံးမယ်။

ဆဲလဲမတတ်နိုင်ဘူး။ 
လာဆဲမှာလည်းသိတယ်။
ဘာပဲပြောပြောကွာ  
ငါသေချာပေါက် ပြောနိုင်တာက
“ဒီပုံစံ ဒီအခြေအနေနဲ့ မင်းတို့ အရေးတော်ပုံအောင်မြင်စရာ အကြောင်း လုံးဝမရှိဘူး” ဆိုတာပဲ။

ဖိုက်တင်း
AB*